ကပ္ေရာဂါေၾကာင့္ ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို စိတ္ပူေနတဲ့ ေ႐ႊအိမ္စည္

ျမန္မာကိုယ္စားျပဳ အလွမယ္ တေယာက္ျဖစ္တဲ့ ေ႐ႊအိမ္စည္ကေတာ့ လက္ရွိမွာဆိုရင္ အလွမယ္ တေယာက္ သာမက သူ႔ရဲ႕ေခ်ာေမာလွပတဲ့ ႐ုပ္ရည္ေၾကာင့္လည္း သ႐ုပ္ေဆာင္ မင္းသမီး တေယာက္ အေနနဲ႔ ရပ္တည္ေနၿပီ ျဖစ္ပါတယ္။ ေ႐ႊအိမ္စည္ကေတာ့ အရမ္းလွပ ေက်ာ့ရွင္းတဲ့ မ်က္ႏွာကို ပိုင္ဆိုင္ထားၿပီး ကမာၻ႔အလယ္မွာ ျမန္မာကို ဂုဏ္တက္ေအာင္ လုပ္ေဆာင္ေပးေနတဲ့ အလွမယ္လည္း ျဖစ္ပါတယ္။ေ႐ႊအိမ္စည္က မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ လက္ရွိျဖစ္ပြားေနတဲ့ ကပ္ေရာဂါႀကီးအတြက္ စိတ္ပူေနတာေတြကို ရင္ဖြင့္သြားခဲ့ပါတယ္။

လက္ရွိအေျခအေနေၾကာင့္ အားလုံးကိုဂ႐ုစိုက္ေစခ်င္ေၾကာင္း အိမ္စည္က “အားလုံးကို ဂ႐ုစိုက္ၾကပါလို႔ပဲ ေျပာခ်င္ပါတယ္။ အခုအေျခအေနက မကူးစက္ေအာင္ကလည္း အတိုင္းအတာတစ္ခုထိပဲလုပ္လို႔ရမွာေလ။ အကုန္လုံးအမ်ားႀကီးလိုက္လုပ္လို႔မွမရတာ။ အဲဒီေရာဂါႀကီးက ဘယ္မွာရွိေနမွန္းမသိပဲနဲ႔ အရာအားလုံးကို ရပ္တန႔္ပစ္လိုက္ရတာႀကီးကေတာ့ မျဖစ္သင့္ဘူးလို႔ အိမ္စည္ထင္တယ္”လို႔ ေျပာျပထားပါတယ္။

ပရိသတ္ေတြကို စိတ္ပူေနတဲ့ အိမ္စည္



အိမ္စည္က ဒီေရာဂါပိုးေၾကာင့္ အလုပ္ေတြေက်ာင္းေတြနားလိုက္ရတာကိုလည္း စိတ္မေကာင္းျဖစ္တယ္လို႔ “အိမ္စည္က ဒီဗိုင္းရပ္စ္ ကိစၥထက္စာရင္ ဘာကိုပိုၿပီး စိတ္မေကာင္းျဖစ္လဲဆိုေတာ့ အလုပ္ေတြနားတာ။ ေက်ာင္းသားေတြဆိုရင္လည္း ဒီတိုင္း ခဏတာပိတ္တယ္ဆိုရင္ေတာ့ ေပ်ာ္ရင္ေပ်ာ္ေနမွာေပမယ့္ future reference မွာ ပညာမတတ္ပဲ ျဖစ္သြားလို႔ရွိရင္ေရာ ေပ်ာ္ေနဦးမွာလား။ လုပ္စားလို႔မရပဲ ျဖစ္သြားရင္ေရာ ေပ်ာ္ေနဦးမွာလား။ အဲဒါေတြရွိတယ္။ ေနာက္တစ္ခုကေတာ့ ခဏတာမွာသာ အားလုံးက seriously မေတြးၾကလို႔ေလ။ Ecomony တစ္ခုရပ္တန႔္သြားလို႔ရွိရင္ျပန္ေထာင္ဖို႔ဆိုတာ မလြယ္ဘူး။ အထူးသျဖင့္ ျမန္မာႏိုင္ငံဆိုရင္ပိုခက္ခဲတယ္။ တိုးတက္ၿပီးသားႏိုင္ငံမဟုတ္ဘူးေလ။ အခုမွ တိုးတက္ေနဆဲ developing ႏိုင္ငံျဖစ္တဲ့အတြက္ေၾကာင့္ အီတလီတို႔ UK တို႔လုပ္သလိုမ်ိဳး အကုန္လုံးကို ပိတ္ခ်လိုက္လို႔ရွိရင္ အကုန္ငတ္ကုန္မွာ။ ဒုစ႐ိုက္မႈေတြပိုၿပီးေတာ့ ေပါမ်ားလာမွာ”လို႔ ရင္ေလးတဲ့ ကိစၥေတြကို ဖြင့္ဟထားပါတယ္။

ပရိသတ္ေတြကို စိတ္ပူေနတဲ့ အိမ္စည္




အိမ္စည္က ႏိုင္ငံျခားက မိသားစုဝင္ေတြအတြက္လည္း စိတ္ပူရေၾကာင္း “အိမ္စည္တို႔ဟိုမွာဆိုရင္လည္း အေမနဲ႔ ဟိုဘက္ family အတြက္ ပိုစိတ္ပူတယ္။ သူတို႔ကမွ lockdown ဆိုတာ တကယ္လိုအပ္လို႔ လမ္းေပၚမွာ ရွိေနတဲ့သူေတြကပါ ဗိုင္းရပ္စ္ရွိေနတဲ့အေနအထားမို႔လို႔ ရပ္တန႔္လိုက္ရတာ အရာအားလုံး။ အေမဆိုရင္လည္း အလုပ္မလုပ္ေတာ့ဘူး။ အလုပ္နားထားတယ္။ အိမ္မွာပဲေနတယ္။ အစားအေသာက္ေတြဆိုရင္လည္း take away ေတြမွာမစားေတာ့ဘူး။ အိမ္မွာပဲ ခ်က္တယ္။ တစ္ပတ္တစ္ခါ grocery shopping ထြက္တယ္။ mask နဲ႔ သြားတယ္”လို႔ ေျပာျပထားပါတယ္။

Unicode

မြန်မာကိုယ်စားပြု အလှမယ် တယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ လက်ရှိမှာဆိုရင် အလှမယ် တယောက် သာမက သူ့ရဲ့ချောမောလှပတဲ့ ရုပ်ရည်ကြောင့်လည်း သရုပ်ဆောင် မင်းသမီး တယောက် အနေနဲ့ ရပ်တည်နေပြီ ဖြစ်ပါတယ်။ ရွှေအိမ်စည်ကတော့ အရမ်းလှပ ကျော့ရှင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အလယ်မှာ မြန်မာကို ဂုဏ်တက်အောင် လုပ်ဆောင်ပေးနေတဲ့ အလှမယ်လည်း ဖြစ်ပါတယ်။ရွှေအိမ်စည်က မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါကြီးအတွက် စိတ်ပူနေတာတွေကို ရင်ဖွင့်သွားခဲ့ပါတယ်။



လက်ရှိအခြေအနေကြောင့် အားလုံးကိုဂရုစိုက်စေချင်ကြောင်း အိမ်စည်က “အားလုံးကို ဂရုစိုက်ကြပါလို့ပဲ ပြောချင်ပါတယ်။ အခုအခြေအနေက မကူးစက်အောင်ကလည်း အတိုင်းအတာတစ်ခုထိပဲလုပ်လို့ရမှာလေ။ အကုန်လုံးအများကြီးလိုက်လုပ်လို့မှမရတာ။ အဲဒီရောဂါကြီးက ဘယ်မှာရှိနေမှန်းမသိပဲနဲ့ အရာအားလုံးကို ရပ်တန့်ပစ်လိုက်ရတာကြီးကတော့ မဖြစ်သင့်ဘူးလို့ အိမ်စည်ထင်တယ်”လို့ ပြောပြထားပါတယ်။

အိမ်စည်က ဒီရောဂါပိုးကြောင့် အလုပ်တွေကျောင်းတွေနားလိုက်ရတာကိုလည်း စိတ်မကောင်းဖြစ်တယ်လို့ “အိမ်စည်က ဒီဗိုင်းရပ်စ် ကိစ္စထက်စာရင် ဘာကိုပိုပြီး စိတ်မကောင်းဖြစ်လဲဆိုတော့ အလုပ်တွေနားတာ။ ကျောင်းသားတွေဆိုရင်လည်း ဒီတိုင်း ခဏတာပိတ်တယ်ဆိုရင်တော့ ပျော်ရင်ပျော်နေမှာပေမယ့် future reference မှာ ပညာမတတ်ပဲ ဖြစ်သွားလို့ရှိရင်ရော ပျော်နေဦးမှာလား။ လုပ်စားလို့မရပဲ ဖြစ်သွားရင်ရော ပျော်နေဦးမှာလား။ အဲဒါတွေရှိတယ်။ နောက်တစ်ခုကတော့ ခဏတာမှာသာ အားလုံးက seriously မတွေးကြလို့လေ။ Ecomony တစ်ခုရပ်တန့်သွားလို့ရှိရင်ပြန်ထောင်ဖို့ဆိုတာ မလွယ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံဆိုရင်ပိုခက်ခဲတယ်။ တိုးတက်ပြီးသားနိုင်ငံမဟုတ်ဘူးလေ။ အခုမှ တိုးတက်နေဆဲ developing နိုင်ငံဖြစ်တဲ့အတွက်ကြောင့် အီတလီတို့ UK တို့လုပ်သလိုမျိုး အကုန်လုံးကို ပိတ်ချလိုက်လို့ရှိရင် အကုန်ငတ်ကုန်မှာ။ ဒုစရိုက်မှုတွေပိုပြီးတော့ ပေါများလာမှာ”လို့ ရင်လေးတဲ့ ကိစ္စတွေကို ဖွင့်ဟထားပါတယ်။

အိမ်စည်က နိုင်ငံခြားက မိသားစုဝင်တွေအတွက်လည်း စိတ်ပူရကြောင်း “အိမ်စည်တို့ဟိုမှာဆိုရင်လည်း အမေနဲ့ ဟိုဘက် family အတွက် ပိုစိတ်ပူတယ်။ သူတို့ကမှ lockdown ဆိုတာ တကယ်လိုအပ်လို့ လမ်းပေါ်မှာ ရှိနေတဲ့သူတွေကပါ ဗိုင်းရပ်စ်ရှိနေတဲ့အနေအထားမို့လို့ ရပ်တန့်လိုက်ရတာ အရာအားလုံး။ အမေဆိုရင်လည်း အလုပ်မလုပ်တော့ဘူး။ အလုပ်နားထားတယ်။ အိမ်မှာပဲနေတယ်။ အစားအသောက်တွေဆိုရင်လည်း take away တွေမှာမစားတော့ဘူး။ အိမ်မှာပဲ ချက်တယ်။ တစ်ပတ်တစ်ခါ grocery shopping ထွက်တယ်။ mask နဲ့ သွားတယ်”လို့ ပြောပြထားပါတယ်။

Leave a Reply