ကမာၻတစ္လႊားက အစုိးရေတြရဲ႕ ထူးထူးဆန္းဆန္း ပိတ္ပင္မႈမ်ား

0
88

(၁) ၾသစေၾတးလ်ႏုိင္ငံ

ၾသစေၾတးလ်ႏုိင္ငံ မွာေတာ့ အရြယ္နဲ႔မလုိက္ေအာင္ ႏုပ်ဳိေနတဲ့ အရြယ္ေရာက္ၿပီးသား အမ်ဳိးသမီးေတြကုိ အျပာ႐ုပ္ရွင္ ႐ုိက္ခြင့္ ပိတ္ပင္ထားပါတယ္။ ၂၀၀၀ ျပည့္ႏွစ္တုန္းက အဲဒီဥပေဒကုိ အတည္ျပဳခဲ့တာပါ။ ဒါဟာ ကေလးသူငယ္ေတြအေပၚ လိင္စိတ္ယုိင္ေအာင္ အားေပးအားေျမွာက္လုပ္ရာက်လိမ့္မယ္လုိ႔ အစုိးရက ယုံၾကည္ခဲ့ပါတယ္။ ဒါ့အျပင္ အမ်ဳိးသမီးေတြ ဆုံးခန္းတုိင္ေအာင္ ကိစၥၿပီးေျမာက္တာကုိ ႐ုိက္ကူးထားတဲ့ ဓာတ္ပုံေတြ၊ ဗီဒီယုိေတြကုိလည္း တရားမဝင္ဘူးလုိ႔ သတ္မွတ္ထားပါတယ္။

(၂) ဂ်ပန္ႏုိင္ငံမွာ ညဥ့္လယ္ယံေက်ာ္လြန္သြားရင္ ကလပ္ေတြမွာ ကခြင့္ပိတ္ပင္ခဲ့တာ ၆၇ ႏွစ္ ၾကာျမင့္ခဲ့ပါတယ္။ ဒုတိယကမာၻစစ္ၿပီးေတာ့ ၁၉၄၇ ခုႏွစ္မွာ ျပည့္တန္ဆာတုိက္ဖ်က္မႈဥပေဒအေနနဲ႔ အဲဒီလုိ စည္းမ်ဥ္း သတ္မွတ္ခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက အကကလပ္ေတြကုိ အရြယ္ေရာက္ၿပီးသူေတြရဲ႕ ေဖ်ာ္ေျဖေရးက႑လုိ႔ သေဘာထားခဲ့ၾကပါတယ္။ အဲဒီအခ်ိန္တုန္းက ညဥ့္လယ္ယံေက်ာ္ၿပီး ကခ်င္တယ္ဆုိရင္ အထူးခြင့္ျပဳခ်က္ လုိပါတယ္။ ၂၀၁၅ ခုႏွစ္ ဇြန္လမွာေတာ့ ဂ်ပန္အစုိးရက အဲဒီပိတ္ပင္မႈကုိ ဖယ္ရွားခဲ့ပါတယ္။

(၃) ေျမာက္ကုိရီးယားႏုိင္ငံမွာေတာ့ အျပာေရာင္ဂ်င္းေဘာင္းဘီေတြနဲ႔ နားေပါက္ေဖာက္တာ၊ ပါးစပ္ေဖာက္တာ၊ ႏွာေခါင္းေဖာက္တာေတြကုိ တားျမစ္ထားပါတယ္။ ေျမာက္ကုိရီးယားႏုိင္ငံမွာ အေနာက္ယဥ္ေက်းမႈ လႊမ္းမုိးမွာ စုိးရိမ္တဲ့အတြက္ ၂၀၁၆ ခုႏွစ္မွာ အခုလုိ ပိတ္ပင္ခဲ့တာပါ။ ကင္ဂ်ဳံအန္လက္ထက္မွာ တင္းက်ပ္တဲ့ပိတ္ပင္မႈ ေတာ္ေတာ္မ်ားမ်ား လုပ္ခဲ့ၿပီး အဝတ္အစား ဝတ္ဆင္ဖုိ႔ ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းအတုိင္း မဝတ္ဆင္တဲ့သူေတြကုိ စာရင္းမွတ္ထားဖုိ႔ လူငယ္တခ်ဳိ႕ကုိ တစ္လမ္းဝင္၊ တစ္လမ္းထြက္ ေစာင့္ၾကည့္ခုိငး္တာမ်ဳိး ရွိခဲ့ပါတယ္။

(၄) စင္ကာပူမွာေတာ့ ဆရာဝန္ ဒါမွမဟုတ္ ေဆးပညာရွင္ရဲ႕ေဆးစာမပါဘဲ ပီေက ဝယ္လုိ႔မရပါဘူး။ စင္ကာပူအစုိးရရဲ႕ ကုန္သြယ္မႈ စည္းမ်ဥ္းသတ္မွတ္ခ်က္အရ က်န္းမာေရးအတြက္ အက်ဳိးသက္ေရာက္မႈရွိတယ္ဆုိတဲ့ ပီေကေတြကုိပဲ ဝါးခြင့္ေပးထားပါတယ္။ အမ်ားျပည္သူဆုိင္ရာ ေနရာေတြကုိ ျပဳျပင္ထိန္းသိမ္းရာမွာ ပီေကေၾကာင့္ အခက္ေတြ႕တာမ်ဳိးရွိတဲ့အတြက္ အခုလုိ ပိတ္ပင္ထားတာပါ။ ဘတ္စ္ကား ထုိင္ခုံေတြမွာ ပီေကေတြ ကပ္ထားတာမ်ဳိးရွိၿပီး ပီေကေၾကာင့္ သန္႔ရွင္းေရးစရိတ္ ႀကီးေစသလုိ သန္႔ရွင္းေရးစက္ကိရိယာေတြကုိလည္း ပ်က္စီးေစတယ္လုိ႔ ဆုိပါတယ္။၂၀၀၄ ခုႏွစ္က စတင္ခဲ့တဲ့ အဲဒီပိတ္ပင္မႈကုိ စင္ကာပူႏုိင္ငံသားေတြက ဆန္႔က်င္ခဲ့ၾကပါတယ္။ ေနာက္ပုိင္းမွာေတာ့ သြားအတြက္ အက်ဳိးရွိေစတဲ့ ျပည္ပသြင္းကုန္ ပီေကေတြကုိလည္း စားခြင့္ေပးခဲ့ပါတယ္။

(၅) တ႐ုတ္ႏုိင္ငံမွာေတာ့ Avatar ႐ုပ္ရွင္ကားရဲ႕ 2-D ဗားရွင္းကုိ ျပသခြင့္ ပိတ္ပင္ထားပါတယ္။ ဘာလုိ႔လဲဆုိေတာ့ ႐ုပ္ရွင္ထဲကလုိ ေတာ္လွန္မွာ စုိးရိမ္လုိ႔ပါတဲ့။ တ႐ုတ္ႏုိင္ငံဟာ Avatar ႐ုပ္ရွင္ကားရဲ႕ 2-D ဗားရွင္းကုိ ႐ုပ္ရွင္႐ုံ ၁၆၂၈ ႐ုံ မွာ ျပသခြင့္ပိတ္ပင္ခဲ့ၿပီး အဲဒီအစား ကြန္ဖ်ဴးရွပ္ဇာတ္ကား ျပသခဲ့ပါတယ္။ ဒါေပမဲ့ Avatar ႐ုပ္ရွင္ကားရဲ႕ 2-D ဗားရွင္းကုိေတာ့ မပိတ္ပင္ခဲ့ပါဘူး။ ဘာလုိ႔လဲဆုိေတာ့ အဲဒီအခ်ိန္တုန္းက တ႐ုတ္ႏုိင္ငံမွာ 3-D ႐ုပ္ရွင္႐ုံေတြ မေပါေသးလုိ႔ပါ။ တ႐ုတ္ႏုိင္ငံဟာ အရင္တုန္းကလည္း အေနာက္ႏုိင္ငံက ဇာတ္ကားေတြကုိ ပိတ္ပင္ခဲ့ဖူးပါတယ္။ ယဥ္ေက်းမႈအရ ထိလြယ္ရွလြယ္တယ္ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ The Dark Knight ဇာတ္ကားကုိ ပိတ္ပင္ခဲ့ဖူးပါတယ္။

(၆) တာမင္နစၥတန္ႏုိင္ငံမွာေတာ့ အသံသြင္းထားတဲ့ေခြဖြင့္ၿပီး အသံအတုိင္း ပါးစပ္လုိက္လႈပ္တာမ်ဳိးကုိ ပိတ္ပင္ထားပါတယ္။ ၂၀၀၅ ခုႏွစ္မွာ သမၼတေဟာင္း နီယာေဇာ့က အဲဒီလုိ ပိတ္ပင္ခဲ့တာပါ။ ႐ုပ္ျမင္သံၾကား၊ အမ်ားျပည္သူ ေဖ်ာ္ေျဖပြဲနဲ႔ မဂၤလာေဆာင္ေတြမွာ အသံသြင္းထားတဲ့ေခြဖြင့္ၿပီး ပါးစပ္လုိက္လႈပ္တာကုိ နီယာေဇာ့ကပိတ္ပင္ခဲ့ပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ သူတုိ႔ႏုိင္ငံရဲ႕ယဥ္ေက်းမႈအေပၚ အပ်က္သေဘာေဆာင္တာေတြ လႊမ္းမုိးသြားမွာ စုိးရိမ္လုိ႔ပါတဲ့။ အခုအခ်ိန္မွာေတာ့ နီယာေဇာ့လည္း ကြယ္လြန္သြားခဲ့ပါၿပီ။

(၇) အီရန္ႏုိင္ငံမွာေတာ့ အမ်ဳိးသားေတြ အေနာက္ႏုိင္ငံကလုိ ဆံပင္ပုံစံမ်ဳိး ညွပ္တာကုိ ပိတ္ပင္ထားပါတယ္။ ပုိနီေတးဆံပင္ေက၊ ၾကယ္ပုံစံေဖာ္တာ၊ ဆံပင္ရွည္ခ်ထားတာမ်ဳိးကုိလည္း ပိတ္ပင္ထားပါတယ္။ ၂၀၁၀ ျပည့္ႏွစ္မွာ အဲဒီပိတ္ပင္ခ်က္ ထြက္ေပၚလာတာပါ။ ၿပီးေတာ့ အီရန္ႏုိင္ငံသားေတြ အတြက္ ေရြးခ်ယ္စရာ ဆံပင္ေကပုံစံစာရင္းတစ္ခုလည္း ထုတ္ျပန္ခဲ့ပါတယ္။

Unicode

(၁) သြစတြေးလျနိုင်ငံမှာတော့ အရွယ်နဲ့မလိုက်အောင် နုပျိုနေတဲ့ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေကို အပြာရုပ်ရှင် ရိုက်ခွင့် ပိတ်ပင်ထားပါတယ်။ ၂၀၀၀ ပြည့်နှစ်တုန်းက အဲဒီဥပဒေကို အတည်ပြုခဲ့တာပါ။ ဒါဟာ ကလေးသူငယ်တွေအပေါ် လိင်စိတ်ယိုင်အောင် အားပေးအားမြှောက်လုပ်ရာကျလိမ့်မယ်လို့ အစိုးရက ယုံကြည်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ဆုံးခန်းတိုင်အောင် ကိစ္စပြီးမြောက်တာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။

(၂) ဂျပန်နိုင်ငံမှာ ညဉ့်လယ်ယံကျော်လွန်သွားရင် ကလပ်တွေမှာ ကခွင့်ပိတ်ပင်ခဲ့တာ ၆၇ နှစ် ကြာမြင့်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတော့ ၁၉၄၇ ခုနှစ်မှာ ပြည့်တန်ဆာတိုက်ဖျက်မှုဥပဒေအနေနဲ့ အဲဒီလို စည်းမျဉ်း သတ်မှတ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက အကကလပ်တွေကို အရွယ်ရောက်ပြီးသူတွေရဲ့ ဖျော်ဖြေရေးကဏ္ဍလို့ သဘောထား
ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက ညဉ့်လယ်ယံကျော်ပြီး ကချင်တယ်ဆိုရင် အထူးခွင့်ပြုချက် လိုပါတယ်။ ၂၀၁၅ ခုနှစ် ဇွန်လမှာတော့ ဂျပန်အစိုးရက အဲဒီပိတ်ပင်မှုကို ဖယ်ရှားခဲ့ပါတယ်။

(၃) မြောက်ကိုရီးယားနိုင်ငံမှာတော့ အပြာရောင်ဂျင်းဘောင်းဘီတွေနဲ့ နားပေါက်ဖောက်တာ၊ ပါးစပ်ဖောက်တာ၊ နှာခေါင်းဖောက်တာတွေကို တားမြစ်ထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ အနောက်ယဉ်ကျေးမှု လွှမ်းမိုးမှာ စိုးရိမ်တဲ့အတွက် ၂၀၁၆ ခုနှစ်မှာ အခုလို ပိတ်ပင်ခဲ့တာပါ။ ကင်ဂျုံအန်လက်ထက်မှာ တင်းကျပ်တဲ့ပိတ်ပင်မှု တော်တော်များများ လုပ်ခဲ့ပြီး အဝတ်အစား ဝတ်ဆင်ဖို့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းအတိုင်း မဝတ်ဆင်တဲ့သူတွေကို စာရင်းမှတ်ထားဖို့ လူငယ်တချို့ကို တစ်လမ်းဝင်၊ တစ်လမ်းထွက် စောင့်ကြည့်ခိုင်းတာမျိုး ရှိခဲ့ပါတယ်။

(၄) စင်ကာပူမှာတော့ ဆရာဝန် ဒါမှမဟုတ် ဆေးပညာရှင်ရဲ့ဆေးစာမပါဘဲ ပီကေ ဝယ်လို့မရပါဘူး။ စင်ကာပူအစိုးရရဲ့ ကုန်သွယ်မှု စည်းမျဉ်းသတ်မှတ်ချက်အရ ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရှိတယ်ဆိုတဲ့ ပီကေတွေကိုပဲ ဝါးခွင့်ပေးထားပါတယ်။ အများပြည်သူဆိုင်ရာ နေရာတွေကို ပြုပြင်ထိန်းသိမ်းရာမှာ ပီကေကြောင့် အခက်တွေ့တာမျိုးရှိတဲ့အတွက် အခုလို ပိတ်ပင်ထားတာပါ။ ဘတ်စ်ကား ထိုင်ခုံတွေမှာ ပီကေတွေ ကပ်ထားတာမျိုးရှိပြီး ပီကေကြောင့် သန့်ရှင်းရေးစရိတ် ကြီးစေသလို သန့်ရှင်းရေးစက်ကိရိယာတွေကိုလည်း ပျက်စီးစေတယ်လို့ ဆိုပါတယ်။၂၀၀၄ ခုနှစ်က စတင်ခဲ့တဲ့ အဲဒီပိတ်ပင်မှုကို စင်ကာပူနိုင်ငံသားတွေက ဆန့်ကျင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သွားအတွက် အကျိုးရှိစေတဲ့ ပြည်ပသွင်းကုန် ပီကေတွေကိုလည်း စားခွင့်ပေးခဲ့ပါတယ်။

(၅) တရုတ်နိုင်ငံမှာတော့ Avatar ရုပ်ရှင်ကားရဲ့ 2-D ဗားရှင်းကို ပြသခွင့် ပိတ်ပင်ထားပါတယ်။ ဘာလို့လဲဆိုတော့ ရုပ်ရှင်ထဲကလို တော်လှန်မှာ စိုးရိမ်လို့ပါတဲ့။ တရုတ်နိုင်ငံဟာ Avatar ရုပ်ရှင်ကားရဲ့ 2-D ဗားရှင်းကို ရုပ်ရှင်ရုံ ၁၆၂၈ ရုံ မှာ ပြသခွင့်ပိတ်ပင်ခဲ့ပြီး အဲဒီအစား ကွန်ဖျူးရှပ်ဇာတ်ကား ပြသခဲ့ပါတယ်။ ဒါပေမဲ့ Avatar ရုပ်ရှင်ကားရဲ့ 2-D ဗားရှင်းကိုတော့ မပိတ်ပင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက တရုတ်နိုင်ငံမှာ 3-D ရုပ်ရှင်ရုံတွေ မပေါသေးလို့ပါ။ တရုတ်နိုင်ငံဟာ အရင်တုန်းကလည်း အနောက်နိုင်ငံက ဇာတ်ကားတွေကို ပိတ်ပင်ခဲ့ဖူးပါတယ်။ ယဉ်ကျေးမှုအရ ထိလွယ်ရှလွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ The Dark Knight ဇာတ်ကားကို ပိတ်ပင်ခဲ့ဖူးပါတယ်။

(၆) တာမင်နစ္စတန်နိုင်ငံမှာတော့ အသံသွင်းထားတဲ့ခွေဖွင့်ပြီး အသံအတိုင်း ပါးစပ်လိုက်လှုပ်တာမျိုးကို ပိတ်ပင်ထားပါတယ်။ ၂၀၀၅ ခုနှစ်မှာ သမ္မတဟောင်း နီယာဇော့က အဲဒီလို ပိတ်ပင်ခဲ့တာပါ။ ရုပ်မြင်သံကြား၊ အများပြည်သူ ဖျော်ဖြေပွဲနဲ့ မင်္ဂလာဆောင်တွေမှာ အသံသွင်းထားတဲ့ခွေဖွင့်ပြီး ပါးစပ်လိုက်လှုပ်တာကို နီယာဇော့ကပိတ်ပင်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုအပေါ် အပျက်သဘောဆောင်တာတွေ လွှမ်းမိုးသွားမှာ စိုးရိမ်လို့ပါတဲ့။ အခုအချိန်မှာတော့ နီယာဇော့လည်း ကွယ်လွန်သွားခဲ့ပါပြီ။

(၇) အီရန်နိုင်ငံမှာတော့ အမျိုးသားတွေ အနောက်နိုင်ငံကလို ဆံပင်ပုံစံမျိုး ညှပ်တာကို ပိတ်ပင်ထားပါတယ်။ ပိုနီတေးဆံပင်ကေ၊ ကြယ်ပုံစံဖော်တာ၊ ဆံပင်ရှည်ချထားတာမျိုးကိုလည်း ပိတ်ပင်ထားပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ အဲဒီပိတ်ပင်ချက် ထွက်ပေါ်လာတာပါ။ ပြီးတော့ အီရန်နိုင်ငံသားတွေ အတွက် ရွေးချယ်စရာ ဆံပင်ကေပုံစံစာရင်းတစ်ခုလည်း ထုတ်ပြန်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here