ကမာၻတ၀ွမ္းမွာတားျမစ္ထားတဲ့ ထူးဆန္းတဲ့နည္းဥပေဒသမ်ား

နိုင္ငံေပါင္းစံုကိုလွည့္လည္ပတ္ေနသူျဖစ္သည့္တိုင္ေအာင္ နိုင္ငံစံုက စည္းမ်ဥ္းဥပေဒ၊တားျမစ္ထားတဲ့အရာေတြကိုေတာ့ မေလ့လာမိၾကပါဘူး။ဒါေပမယ့္ တခ်ို့နိုင္ငံေတြမွာဆို သင္ယံုဖို့ေတာင္ခက္မယ့္ စည္းမ်ဥ္းဥပေဒေတြ ခ်မွတ္ထားတာေၾကာင့္ အနည္းအက်ဥ္းေလ့လာထားတာေတာ့ အေကာင္းဆံုးပါ။ဆိုေတာ့ ဒီတစ္ခါမွာေတာ့ ကမာၻတ၀ွမ္းက ယံုရခက္ခက္ တားျမစ္ထားတဲ့အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။  ။

1.ခရစၥမတ္ေန့မွာ ဘီစကစ္စားျခင္း..(UK)

1644မွာ Oliver Cromwellဟာ ခရစၥမတ္က်င္းပျခင္းကို တားျမစ္ခဲ့သလို မုန့္ခ်ိဳ၊ဘီစကစ္မုန့္အပါအ၀င္ ခရစၥမတ္မွာေရာင္းခ်ေလ့ရွိတဲ့ သက္ဆိုင္ရာအရာေတြအားလံုးကိုလည္း ပိတ္ပင္ခဲ့ပါတယ္။ဒီဥပေဒထုတ္ရျခင္းနဲ့ပတ္သက္ျပီး နိုင္ငံသားေတြအေနနဲ့ အတြင္းက်က်မသိခဲ့ၾကေပမယ့္ ခရစၥမတ္ေန့မွာ ဘီစကစ္စားမိျခင္းဟာ ျပစ္မွဳက်ဴးလြန္ရာေရာက္တယ္ဆိုတာကိုပဲ လက္ခံထားၾကပါတယ္။

2.ေ၀လငါးေတြကို ထိခြင့္မရွိ…(UK)

UKရဲ့ထူးဆန္းတဲ့ေနာက္ဥပေဒတစ္ခုကေတာ့ UKတြင္းက ေ၀လငါး၊လင္းပိုင္နဲ့အျခားပင္လယ္နို့တိုက္သတၱ၀ါအားလံုးဟာ ဘုရင္မပိုင္လို့ သတ္မွတ္ထားတာေၾကာင့္ ထိခြင့္မရွိပါ။

3.ေရနစ္သူကို မကယ္ရ..(China)

စိတ္ပညာအေတြးအေခၚတစ္ခုအေပၚအေျခခံျပီး တားျမစ္ထားတဲ့ဥပေဒကေတာ့ ေရနစ္သူကို ကယ္လို့မရပါ။ဒီထူးဆန္းတဲ့ဥပေဒနဲ့ပတ္သက္ျပီး တရုတ္နိုင္ငံအၾကီးအကဲေတြအေနနဲ့ ဒီနည္းအားျဖင့္ လူဦးေရကိုထိန္းခ်ဳပ္ဖို့ၾကိဳးစားေနတယ္လို့လည္း သံုးသပ္ထားၾကပါတယ္။

4.ဘူတာရုံေတြမွာ နမ္းခြင့္မရွိ..(France)

ေတြ့ကရာေနရာေတြမွာ နမ္းခ်င္သူေတြအတြက္ ထုတ္ထားသလားေတာင္ထင္ရတဲ့ ဒီဥပေဒကိုေတာ့ ျပင္သစ္အျပင္ UKရဲ့အခ်ိဳ့ဘူတာရုံေတြမွာပါ ထုတ္ထားပါတယ္။ဒီဥပေဒအစျပဳလာခဲ့ပံုကေတာ့ မခဲြခြာခ်င္တဲ့ ခ်စ္သူစံုတဲြေတြေၾကာင့္ မၾကာခဏရထားထြက္ခ်ိန္ အျမဲလိုလိုေနာက္က်ေနတာေၾကာင့္ျဖစ္ျပီး 1910ကတည္းက ျပင္သစ္မွာ အသက္၀င္ခဲ့တဲ့ ဥပေဒတစ္ခုျဖစ္ပါတယ္။ဒါေပမယ့္ ခဏတာ နူးညံ့ၾကင္နာမွဳကိုျပသနိုင္မယ့္ အနမ္းဧရိယာေတြကို  ခ်စ္သူစံုတဲြေတြအတြက္ ရည္ရြယ္သတ္မွတ္ေပးခဲ့သလို ပလက္ေဖာင္းနဲ့အျခားေနရာေတြမွာ နမ္းေနရင္ေတာ့ ဖမ္းဆီးထိန္းသိမ္းျခင္းခံရပါတယ္။

5.ခိုေတြကို အစာမေက်ြးရ..(Italy)

အီတလီမွာေတာ့ ခိုေတြကို ေပါင္မုန့္တစ္စေက်ြးတာကအစ ျပစ္မွဳေျမာက္ပါတယ္။ဒီဥပေဒကိုေတာ့ လွပတဲ့ရုပ္တုုေတြနဲ့သမိုင္း၀င္အေဆာက္အအံုေတြကို ခိုေတြရဲ့ညစ္ပတ္ေအာင္လုပ္ျခင္းမွ ၾကိဳတင္ကာကြယ္ဖို့ျဖစ္ပါတယ္။

6.ဇနီးသည္ရဲ့ေမြးေန့ကို ေမ့ခြင့္မရွိ..(Samoa)

ဒီဥပေဒကေတာ့ ဇနီးသည္တိုင္းလိုလို သေဘာက်ေလာက္တဲ့ဥပေဒထင္ပါရဲ့။Samoaဆိုတာ ပစိဖိတ္က်ြန္းထဲက ျပည္နယ္တစ္ခုျဖစ္ျပီး ထူးဆန္းတဲ့ဥပေဒေတြနဲ့ပတ္သက္ျပီး ေက်ာ္ၾကားပါတယ္။အခုေဖာ္ျပေပးမယ့္ဥပေဒကေတာ့ ခင္ပြန္းသည္အေနနဲ့ မိမိဇနီးသည္ရဲ့ေမြးေန့ကိိုေမ့ခြင့္မရွိပဲ တကယ္လို့မ်ားေမ့ခဲ့ရင္ေတာ့ တရားရုံးကို ဒဏ္ေၾကးေဆာင္ရမွာျဖစ္ျပီး ထိုဒဏ္ေၾကးေငြအားလံုးဟာ ဇနီးသည္ရဲ့လက္ထဲကိုပဲ တိုက္ရုိက္ေရာက္သြားမွာျဖစ္ပါတယ္။

7.တက္တူးမျပရ…(Japan)

ဂ်ပန္လူမ်ိဳးအမ်ားစုဟာ တက္တူးမရွိပဲ တက္တူးဟာ ရာကူဇာဂိုဏ္းအစရွိတဲ့ ဒုစရုိက္အဖဲြ့အစည္းေတြနဲ့ပဲ ပတ္သက္တယ္လို့ ယခုတိုင္ခံယူေနၾကဆဲျဖစ္ပါတယ္။တက္တူးနဲ့ပတ္သက္ျပီး တားျမစ္ထားတဲ့ဥပေဒရယ္လို့ေတာ့ မ၇ွိေပမယ့္ ဟိုတယ္အမ်ားစု၊အားကစားရုံ၊အမ်ားျပည္သူလာေရာက္အပန္းေျဖတတ္တဲ့ေနရာေတြ၊ေရကူးကန္ေတြမွာေတာ့ သိသာျမင္သာတဲ့ေနရာမွာထိုးထားတဲ့တက္တူးပိုင္ရွင္ေတြကို လက္ခံေလ့မ၇ွိပါဘူး။

Unicode

နိုင်ငံပေါင်းစုံကိုလှည့်လည်ပတ်နေသူဖြစ်သည့်တိုင်အောင် နိုင်ငံစုံက စည်းမျဉ်းဥပဒေ၊တားမြစ်ထားတဲ့အရာတွေကိုတော့ မလေ့လာမိကြပါဘူး။ဒါပေမယ့် တချို့နိုင်ငံတွေမှာဆို သင်ယုံဖို့တောင်ခက်မယ့် စည်းမျဉ်းဥပဒေတွေ ချမှတ်ထားတာကြောင့် အနည်းအကျဉ်းလေ့လာထားတာတော့ အကောင်းဆုံးပါ။ဆိုတော့ ဒီတစ်ခါမှာတော့ ကမ္ဘာတဝှမ်းက ယုံရခက်ခက် တားမြစ်ထားတဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။  ။

1.ခရစ္စမတ်နေ့မှာ ဘီစကစ်စားခြင်း..(UK)

1644မှာ Oliver Cromwellဟာ ခရစ္စမတ်ကျင်းပခြင်းကို တားမြစ်ခဲ့သလို မုန့်ချို၊ဘီစကစ်မုန့်အပါအဝင် ခရစ္စမတ်မှာရောင်းချလေ့ရှိတဲ့ သက်ဆိုင်ရာအရာတွေအားလုံးကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ဒီဥပဒေထုတ်ရခြင်းနဲ့ပတ်သက်ပြီး နိုင်ငံသားတွေအနေနဲ့ အတွင်းကျကျမသိခဲ့ကြပေမယ့် ခရစ္စမတ်နေ့မှာ ဘီစကစ်စားမိခြင်းဟာ ပြစ်မှုကျူးလွန်ရာရောက်တယ်ဆိုတာကိုပဲ လက်ခံထားကြပါတယ်။

2.ဝေလငါးတွေကို ထိခွင့်မရှိ…(UK)

UKရဲ့ထူးဆန်းတဲ့နောက်ဥပဒေတစ်ခုကတော့ UKတွင်းက ဝေလငါး၊လင်းပိုင်နဲ့အခြားပင်လယ်နို့တိုက်သတ္တဝါအားလုံးဟာ ဘုရင်မပိုင်လို့ သတ်မှတ်ထားတာကြောင့် ထိခွင့်မရှိပါ။

3.ရေနစ်သူကို မကယ်ရ..(China)

စိတ်ပညာအတွေးအခေါ်တစ်ခုအပေါ်အခြေခံပြီး တားမြစ်ထားတဲ့ဥပဒေကတော့ ရေနစ်သူကို ကယ်လို့မရပါ။ဒီထူးဆန်းတဲ့ဥပဒေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအကြီးအကဲတွေအနေနဲ့ ဒီနည်းအားဖြင့် လူဦးရေကိုထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့လည်း သုံးသပ်ထားကြပါတယ်။

4.ဘူတာရုံတွေမှာ နမ်းခွင့်မရှိ..(France)

တွေ့ကရာနေရာတွေမှာ နမ်းချင်သူတွေအတွက် ထုတ်ထားသလားတောင်ထင်ရတဲ့ ဒီဥပဒေကိုတော့ ပြင်သစ်အပြင် UKရဲ့အချို့ဘူတာရုံတွေမှာပါ ထုတ်ထားပါတယ်။ဒီဥပဒေအစပြုလာခဲ့ပုံကတော့ မခွဲခွာချင်တဲ့ ချစ်သူစုံတွဲတွေကြောင့် မကြာခဏရထားထွက်ချိန် အမြဲလိုလိုနောက်ကျနေတာကြောင့်ဖြစ်ပြီး 1910ကတည်းက ပြင်သစ်မှာ အသက်ဝင်ခဲ့တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ခဏတာ နူးညံ့ကြင်နာမှုကိုပြသနိုင်မယ့် အနမ်းဧရိယာတွေကို  ချစ်သူစုံတွဲတွေအတွက် ရည်ရွယ်သတ်မှတ်ပေးခဲ့သလို ပလက်ဖောင်းနဲ့အခြားနေရာတွေမှာ နမ်းနေရင်တော့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပါတယ်။

5.ခိုတွေကို အစာမကျွေးရ..(Italy)

အီတလီမှာတော့ ခိုတွေကို ပေါင်မုန့်တစ်စကျွေးတာကအစ ပြစ်မှုမြောက်ပါတယ်။ဒီဥပဒေကိုတော့ လှပတဲ့ရုပ်တုုတွေနဲ့သမိုင်းဝင်အဆောက်အအုံတွေကို ခိုတွေရဲ့ညစ်ပတ်အောင်လုပ်ခြင်းမှ ကြိုတင်ကာကွယ်ဖို့ဖြစ်ပါတယ်။

6.ဇနီးသည်ရဲ့မွေးနေ့ကို မေ့ခွင့်မရှိ..(Samoa)

ဒီဥပဒေကတော့ ဇနီးသည်တိုင်းလိုလို သဘောကျလောက်တဲ့ဥပဒေထင်ပါရဲ့။Samoaဆိုတာ ပစိဖိတ်ကျွန်းထဲက ပြည်နယ်တစ်ခုဖြစ်ပြီး ထူးဆန်းတဲ့ဥပဒေတွေနဲ့ပတ်သက်ပြီး ကျော်ကြားပါတယ်။အခုဖော်ပြပေးမယ့်ဥပဒေကတော့ ခင်ပွန်းသည်အနေနဲ့ မိမိဇနီးသည်ရဲ့မွေးနေ့ကိိုမေ့ခွင့်မရှိပဲ တကယ်လို့များမေ့ခဲ့ရင်တော့ တရားရုံးကို ဒဏ်ကြေးဆောင်ရမှာဖြစ်ပြီး ထိုဒဏ်ကြေးငွေအားလုံးဟာ ဇနီးသည်ရဲ့လက်ထဲကိုပဲ တိုက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်။

7.တက်တူးမပြရ…(Japan)

ဂျပန်လူမျိုးအများစုဟာ တက်တူးမရှိပဲ တက်တူးဟာ ရာကူဇာဂိုဏ်းအစရှိတဲ့ ဒုစရိုက်အဖွဲ့အစည်းတွေနဲ့ပဲ ပတ်သက်တယ်လို့ ယခုတိုင်ခံယူနေကြဆဲဖြစ်ပါတယ်။တက်တူးနဲ့ပတ်သက်ပြီး တားမြစ်ထားတဲ့ဥပဒေရယ်လို့တော့ မရှိပေမယ့် ဟိုတယ်အများစု၊အားကစားရုံ၊အများပြည်သူလာရောက်အပန်းဖြေတတ်တဲ့နေရာတွေ၊ရေကူးကန်တွေမှာတော့ သိသာမြင်သာတဲ့နေရာမှာထိုးထားတဲ့တက်တူးပိုင်ရှင်တွေကို လက်ခံလေ့မရှိပါဘူး။