ကမာၻေက်ာ္႐ုပ္ရွင္ကို ေဝဖန္ေနမယ့္အစား ကပ္ေရာဂါအတြက္ စိတ္ပူၾကပါဆိုတဲ့ ေက်ာ္ေက်ာ္ဗိုလ္

ေက်ာ္ေက်္ာဗိုလ္ဟာဆိုရင္ အကယ္ဒမီဆုရ မင္းသားတစ္လက္ျဖစ္ၿပီး ပရိသတ္အခိုင္အမာရရွိထားသူတစ္ဦးလည္းျဖစ္ပါတယ္။ေက်ာ္ေက်ာ္ဗိုလ္က ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ ျမန္မာကားေတြမွာပါဝင္တဲ့ က်င့္ဝတ္မညီတဲ့ အရာေတြကို ေထာက္ျပၿပီး “ကြၽန္ေတာ္ရွက္တယ္”ဆိုတဲ့ video အတိုေလးထုတ္ခဲ့ၿပီး အခုတေလာမွာေတာ့ “ကမာၻေက်ာ္႐ုပ္ရွင္”ဆိုတဲ့ ျမန္မာ႐ုပ္ရွင္မွာ captain America ပုံစံနဲ႔ ပါဝင္ထားတာေၾကာင့္ ေဝဖန္မႈေတြဆက္တိုက္ခံေနရတာလည္းျဖစ္ပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္က မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ကမာၻေက်ာ္႐ုပ္ရွင္ကို ေဝဖန္ေနၾကတာနဲ႔ ပတ္သက္ၿပီး ေျပာၾကားသြားခဲ့ပါတယ္။

ေက်ာ္ေက်ာ္ဗိုလ္က လက္ရွိျဖစ္ပြားေနတဲ့ ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး “ဒါက ကမာၻနဲ႔ဆိုင္တဲ့ ကပ္ဆိုးႀကီးျဖစ္သြားတာကို။ ကြၽန္ေတာ္တို႔က ကမာၻသူကမာၻသားေတြနဲ႔ ယွဥ္တြဲၿပီးေတာ့ တြန္းလွန္ရမွာေပါ့။ ကိုယ့္တစ္ႏိုင္ငံထဲ ကြက္ျဖစ္တဲ့ ကိစၥမဟုတ္ဘူး။ ကြၽန္ေတာ္တို႔က alert ျဖစ္ေနရမွာေပ့ါ။ သတိစြဲထားရမွာေပ့ါ။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕အေနအထားနဲ႔ အရမ္းအႏၲရာယ္ရွိပါတယ္”လို႔ ေျပာထားပါတယ္။

ကမာၻေက်ာ္႐ုပ္ရွင္ကို ေဝဖန္ေနမယ့္အစား ကပ္ေရာဂါအတြက္ စိတ္ပူၾကပါဆိုတဲ့ ေက်ာ္ေက်ာ္ဗိုလ္



ကမာၻေက်ာ္႐ုပ္ရွင္ကို ေဝဖန္ေနၾကတာေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း “အခုက ကမာၻေက်ာ္႐ုပ္ရွင္ထက္ပိုၿပီး အေရးႀကီးတာေတြရွိပါတယ္။ ကမာၻေက်ာ္႐ုပ္ရွင္ကို highlight လုပ္ၿပီး ဆဲစရာရွိတဲ့လူကလည္း ျပန္ဆဲလာေအာင္ ျပန္မေႏႊးခ်င္ေတာ့ဘူး။ ကမာၻေက်ာ္႐ုပ္ရွင္ထက္ပိုဆိုးတဲ့ကိစၥေတြ၊ ပိုသတိထားရမယ့္ကိစၥေတြ၊ ပရိသတ္နဲ႔ ျပည္သူလူထုကို information ေပးရမယ့္ကိစၥေတြ ရွိေနတယ္။ ကိုယ္ေတြ ႐ုပ္ရွင္ေတြ ေဖ်ာ္ေျဖေရးကိစၥေတြက အပရိကေတြျဖစ္သြားပါၿပီ”လို႔ ေျပာထားခဲ့ပါတယ္။

ကမာၻေက်ာ္႐ုပ္ရွင္ကို ေဝဖန္ေနမယ့္အစား ကပ္ေရာဂါအတြက္ စိတ္ပူၾကပါဆိုတဲ့ ေက်ာ္ေက်ာ္ဗိုလ္




ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ ေက်ာ္ေက်ာ္ဗိုလ္ေျပာသြားတာကို သေဘာတူၾကလား။ ပရိသတ္ႀကီးလည္း လက္ရွိျဖစ္ေနတဲ့ ကပ္ဆိုးႀကီးကို အသိသတိနဲ႔အျပန္အလွန္ေဖးမကူညီရင္း အတူယွဥ္တြဲေက်ာ္လႊားႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Unicode

ကျော်ကျေ်ာဗိုလ်ဟာဆိုရင် အကယ်ဒမီဆုရ မင်းသားတစ်လက်ဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ကျော်ကျော်ဗိုလ်က ပြီးခဲ့တဲ့နှစ်အတွင်းမှာ မြန်မာကားတွေမှာပါဝင်တဲ့ ကျင့်ဝတ်မညီတဲ့ အရာတွေကို ထောက်ပြပြီး “ကျွန်တော်ရှက်တယ်”ဆိုတဲ့ video အတိုလေးထုတ်ခဲ့ပြီး အခုတလောမှာတော့ “ကမ္ဘာကျော်ရုပ်ရှင်”ဆိုတဲ့ မြန်မာရုပ်ရှင်မှာ captain America ပုံစံနဲ့ ပါဝင်ထားတာကြောင့် ဝေဖန်မှုတွေဆက်တိုက်ခံနေရတာလည်းဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ကမ္ဘာကျော်ရုပ်ရှင်ကို ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။



ကျော်ကျော်ဗိုလ်က လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ ပတ်သက်ပြီး “ဒါက ကမ္ဘာနဲ့ဆိုင်တဲ့ ကပ်ဆိုးကြီးဖြစ်သွားတာကို။ ကျွန်တော်တို့က ကမ္ဘာသူကမ္ဘာသားတွေနဲ့ ယှဉ်တွဲပြီးတော့ တွန်းလှန်ရမှာပေါ့။ ကိုယ့်တစ်နိုင်ငံထဲ ကွက်ဖြစ်တဲ့ ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့က alert ဖြစ်နေရမှာပေ့ါ။ သတိစွဲထားရမှာပေ့ါ။ ကျွန်တော်တို့နိုင်ငံရဲ့အနေအထားနဲ့ အရမ်းအန္တရာယ်ရှိပါတယ်”လို့ ပြောထားပါတယ်။

ကမ္ဘာကျော်ရုပ်ရှင်ကို ဝေဖန်နေကြတာတွေနဲ့ ပတ်သက်ပြီးတော့လည်း “အခုက ကမ္ဘာကျော်ရုပ်ရှင်ထက်ပိုပြီး အရေးကြီးတာတွေရှိပါတယ်။ ကမ္ဘာကျော်ရုပ်ရှင်ကို highlight လုပ်ပြီး ဆဲစရာရှိတဲ့လူကလည်း ပြန်ဆဲလာအောင် ပြန်မနွှေးချင်တော့ဘူး။ ကမ္ဘာကျော်ရုပ်ရှင်ထက်ပိုဆိုးတဲ့ကိစ္စတွေ၊ ပိုသတိထားရမယ့်ကိစ္စတွေ၊ ပရိသတ်နဲ့ ပြည်သူလူထုကို information ပေးရမယ့်ကိစ္စတွေ ရှိနေတယ်။ ကိုယ်တွေ ရုပ်ရှင်တွေ ဖျော်ဖြေရေးကိစ္စတွေက အပရိကတွေဖြစ်သွားပါပြီ”လို့ ပြောထားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကျော်ကျော်ဗိုလ်ပြောသွားတာကို သဘောတူကြလား။ ပရိသတ်ကြီးလည်း လက်ရှိဖြစ်နေတဲ့ ကပ်ဆိုးကြီးကို အသိသတိနဲ့အပြန်အလှန်ဖေးမကူညီရင်း အတူယှဉ်တွဲကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply