ကမ္ဘာပေါ်က အလှပဆုံးသော မြစ်ကူးတံတားကြီး 9 စင်း
0
61
Unicode
အိန္ဒိယအရှေ့တောင်ပိုင်းမှာ တွေ့ရတဲ့ တံတားဖြစ်ပြီး ဒါဟာ သစ်မြစ်တွေနဲ့ သဘာဝတိုင်း ဖြစ်ပေါ်နေရာဖြစ်ပါတယ်။သစ်မြစ်တွေ ရောထွေးယှက်တင်နေတဲ့ နေရာဖြစ်ပြီးတော့ တဖက်မှာတော့ ရွာတစ်ရွာ ရှိတာဖြစ်ပါတယ်။သူဟာ ကမ္ဘာ့အလှဆုံးတံတားတစ်စင်းအဖြစ် စာရင်းဝင်ခဲ့ပါတယ်။
Oresund ဆိုတဲ့ တံတားကြီးကတော့ ဆွီဒင်နဲ့ ဒိန်းမတ်ကြားကို ဆက်သွယ်ပေးထားတဲ့ တံတားဖြစ်ပါတယ်။အပေါ်မှာ ကားသွားပြီး အောက်မှာ လူလျှောက်လှမ်းနဲ့ စက်ဘီးသမားတွေအတွက် ထားပေးထားတဲ့ လှိုဏ်ဖြစ်ပါတယ်။ဒါဟာ 5 မိုင်ရှည်တဲ့ တံတားကြီးဖြစ်ပြီး အရမ်းကို လှပပါတယ်။
The Murinsel ဆိုတဲ့ တံတားကတော့ သြစတေးလျက ဖြစ်ပြီးတော့ Mur မြစ်ကို ဖြတ်ဆောက်ထားတာဖြစ်ပါတယ်။အလယ်မှာ နားနေရာ နေရာရှိပြီး ကော်ဖီဆိုင်ပါ ရှိပါတယ်။မြစ်အလှအပကို မြစ်လယ်က ကြည့်နိုင်တဲ့ တံတားဖြစ်ပြီး အရမ်းကို လှပပါတယ်။အောက်ထက်မှာ ကလေးကစားကွင်းပါရှိပါတယ်။
Jiaozhou Bay ဆိုတဲ့ တံတားကတော့ တရုတ်ပြည်မှာ ရှိတာဖြစ်ပြီးတော့ ကမ္ဘာ့အရှည်ဆုံး တံတားကြီးဖြစ် ဂရင်းနစ်စံချိန်ဝင်ထားတာဖြစ်ပါတယ်။ဒီတံတားကြီးဟာ 26 မိုင်ရှည်လျားပြီးတော့ Qingdao အရှေ့ဘက်ကနေ Hongdao တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ တံတားကြီးဖြစ်ပါတယ်။
Royal Gorge ဆိုတဲ့ တံတားကြီးကတော့ Colorado က တံတားကြီးဖြစ်ပြီး တောင်နှစ်ဖက်ပေါ် တင်ထားတဲ့ တံတားကြီးဖြစ်ပါတယ်။ဒီတံတားကြီးဟာ နှစ် 70 လောက်ရှိပြီဖြစ်ပြီး 384 မီတာ ရှည်လျားကာ 46 မီတာ မြင့်ပါတယ်။အမေရိကားရဲ့ လှပဆုံး စာရင်းဝင်ထားတာဖြစ်ပြီး ဒီတံတားကို ဆော်ဝင်တံတားလို့ ခေါ်ပါတယ်။
Nanpu တံတားဟာ တရုတ်ပြည် ရှန်ဟိုင်းမှာ ရှိတာဖြစ်ပြီးတော့ ရှန်ဟိုင်းရဲ့ ကုန်သွယ်ရေးမှာ အရေးပါဆုံး တံတားဖြစ်ပါတယ်။နိုင်ငံခြားတွေကို ဆွဲဆောင်နိုင်တဲ့ တရုတ်အင်ဂျင်နီယာတွေရဲ့ လက်ရာဖြစ်ပြီးတော့ တရုတ်ပြည်ကို အလည်အပတ်လာသူတွေကို မျက်စိကျစေပါတယ်။
Eshima Ohashi ဆိုတဲ့ တံတားကတော့ ဂျပန်က တံတားဖြစ်ပြီးတော့ Nakaumi ကန်ကို ဖြတ်ဆောက်ထားတာဖြစ်ပါတယ်။ဒါကို ရိုလာကိုစတာ တံတားလို့လည်း ခေါ်ပါတယ်။ဒီတံတားကနေ ဂီယာဖြုတ်ပြီးတောင် ဆင်လို့ ရပါတယ်။
Loopgraafbrug ဆိုတဲ့ တံတားကြီးကတော့ နယ်သာလန်မှာ ရှိတာဖြစ်ပြီးတော့ ဆည်ကို ဖြတ်ပြီး သွားရတဲ့ တံတားဖြစ်ပါတယ်။ဒါကို တူးပြီးဆောက်ထားတာဖြစ်ပြီး တကယ့်ကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ဒီထဲကို လူဝင် လမ်းလျှောက်ရင် ခေါင်းတွေပေါ်နေမှာဖြစ်ပါတယ်။
Lucky Knot ဆိုတဲ့ တံတားကတော့ တရုတ်ပြည်က Changsha မှာ ရှိတဲ့ တံတားဖြစ်ပြီး ဒီတံတားအတွက် ဒေါ်လာ 7 သန်း အကုန်ကျခံကာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။မြစ်ကို ဖြတ်တဲ့ တံတားဆိုပေယမ့် လှပတဲ့ လှိုင်းတွန့်ပုံစံဖြစ်ပြီး LED မီးတွေနဲ့ အလငး်ရောင်တွေ ထိန်ကာ နိုင်ငံခြားသားတွေကို စွဲဆောင်နိုင်တဲ့ တံတားဖြစ်ပါတယ်။ဒီတံတားကို ဖြတ်သန်းသွားလာခြင်းက ကံကောင်းစေတယ်လို့ ယူဆကြပါတယ်။