ကမ္ဘာပေါ်က အံ့သြစရာတွေ ပြည့်နှက်နေတဲ့ အဖြစ်အပျက်များ

0
258

ကျွန်တော်တို့ ကမ္ဘာကြီးပေါ်မှာတော့ မမြင်နိုင်မတွေ့နိုင်တဲ့ အရာတွေ အများကြီး ရှိပါတယ်။ တခါတရံမှာတော့ ဒီလိုထူးခြားတဲ့အရာတွေကို မြင်တွေ့လိုက်ရရင် အလွန်ပဲ အံ့သြရပါတယ်။ နေ့စဉ်နဲ့အမျှလည်း လူသားတွေ လိုက်မမှီနိုင်တဲ့ လူသားတွေ မမြင်ဖူးသေးတဲ့ အသစ်အသ်သောအရာတွေ ပေါ်ပေါက်လာစမြဲပါပဲ။ တခါတလေမြင်တွေ့လိုက်ရတဲ့အရာတွေကတော့ သင်တို့အနေနဲ့ ကမ္ဘာပေါ်မှာ ရှိနိုင်တယ်လို့ ထင်မထားတဲ့ အရာတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ပြောချင်လွန်းလို့ ပေ့ခ်ျက ဒီတခေါက်မှာ ဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာ သင်တို့အတွက် အံ့သြစရာကောင်းပြီး ထူးခြားမှုတွေပြည့်နှက်နေတဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.ဒါကြီးကတော့ ကြည့်လိုက်တာနဲ့ အသည်းယားချင်စရာကြီးပါ။ ဒါပေမယ့်လည်း ဒါကတော့ တခြားမဟုတ်ပါဘူး။ ကျောက်တုံးတွေကို ဖြတ်တဲ့နေရာမှာ ကြာကြာရပ်နေတဲ့အချိန်မှာ ဖြစ်သွားတဲ့ ခြေထောက်တခုရဲ့ ပုံစံပါ။ အဖြူရောင်ဖြစ်နေတာကတော့ ကျောက်မှုန့်တွေ ကပ်နေတာ ဖြစ်ပါတယ်။

၂.ဒီလိုမျိုး ပုံဖြစ်သွားတာကတော့ US Air Force ဂျက်လေယာဉ်ရဲ့ ဖန်တီးမှုက တဆင့်ဖြစ်လာတဲ့ နတ်သမီးတောင်ပံ ပုံစံအငွေ့ပဲ ဖြစ်ပါတယ်။ ထူးထူးခြားခြားတိုက်တိုက်ဆိုင်ဆိုင် ဒီလိုမျိုးပုံလေး ဖြစ်သွားတာ ဖြစ်ပါတယ်။

၃.ဒီပုံလေးကလည်း တကယ်ကို အသည်းယားချင်စရာ မြင်ကွင်းတခုပါပဲ။ ပုံထဲမှာ မြင်ရတာကတော့ သာမန်လူတွေ ဘယ်တော့မှ မလေ့လာဖူးတဲ့ ကြယ်ငါး လေးတွေရဲ့ ပါးစပ်ဖြစ်ပါတယ်။

၎.ဒီတွင်းကြီးကတော့ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ တွင်းကြီးတခုမဟုတ်ပါဘူး။ မြို့ကြီးတခုလောက်ရှိတဲ့ ဒီ စိန် တူးတဲ့ တွင်းကြီးကတော့ လူသားတွေ လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ရုရှားနိုင်ငံမှာရှိပါတယ်။

၅.ဒါကတော့ မီးရောင်စုံလေးတွေကို ရိုက်ထားတာ မဟုတ်ပါဘူး။ ဘန်ကောက်မှာရှိတဲ့ ညဈေးတန်းတခုဖြစ်ပါတယ်။ ဒီညဈေးမှာရှိတဲ့ ဈေးဆိုင်တွေက မီးရောင်စုံတွေကတော့ တကယ့်ကို ပန်းချီကား တစ်ချပ်လိုပါပဲ။

၆.ဒီတံတားကလည်း အတော်ကို ထူးဆန်းပါတယ်။ သေချာကြည့်လိုက်ရင်တော့ ဒီတံတားက ၃ ဆင့်ဖြစ်နေတာကို တွေ့ရမှာပါ။ အောက်ဆုံးကတော့ ၁၂ ရာစုက တံတားလေးဖြစ်ပြီး အလယ်ကဟာကတော့ ၁၈ ရာစုက ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ အပေါ်ဆုံးကတော့ ၂၀ ရာစုမှာ ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။

၇.သင်တို့အနေနဲ့ ဒီလိုမျိုးကြောင်ကြီးကို မြင်ရင်တော့ ထွက်ပြေးကြမယ်ထင်တယ်။ သာမန်ကြောင်တွေနဲ့ မတူပဲ ကြွက်သားအကြီးကြီးတွေနဲ့ ကြောင်ကြီးကတော့ တကယ်ကို မြင်ရခဲပါတယ်။

၈.လူတော်တော်များများကတော့ မြွေတွေကို ကြောက်ကြပေမယ့်လည်း ဒီလိုမျိုး အရောင်တွေ တလက်လက် တောက်ပနေတဲ့ မြွေကိုတော့ အလှမွေးချင်ကြမယ်ထင်တယ်။