ကမ္ဘာပေါ်က အပြီးတိုင် ပျောက်ကွယ်သွားပြီဖြစ်တဲ့ သတ္တဝါတွေ
0
134
Unicode
Tecopa လို့ ခေါ်တဲ့ ငါးတွေဟာ ဝမ်းပူမျိုးဖြစ်ပြီး သူတို့ဟာ အရမ်းကြီးရှည်လျားတဲ့ ကောင်တွေမဟုတ်ပါဘူး။ဒါပေမယ့် သူတို့ဟာ ပုပုလုံးလုံးကြီးတွေနဲ့ ငွေရောင်ထနေတဲ့ ငါးတွေဖြစ်ပါတယ်။သူတို့နေထိုင်တာကတော့ ရေခဲမြစ်က ပျော်ပြီးစီးလာတဲ့ ရေအေးစီးကြောင်းတွေမှာ နေထိုင်ပါတယ်။သူတို့ဟာ အကောင်တွေနဲ့ ရေညှိရေမှော်တွေကို စားသောက်တာဖြစ်ပြီး သူတို့ကို ငါးကြီးတွေက ပြန် အမဲလိုက်ပါတယ်။ဒီလိုနဲ့ 1960 မှာ အကောင်အရေအတွက် အတော်လေးနည်းပါးလာပြီး ပျောက်ဆုံးလုဖြစ်လာပါတယ်။သူတို့ကို ထိန်းသိမ်းဖို့ နည်းလမ်းရှာပေးမယ့် ဒီဇီဇာကြောင်တဲ့ ငါးတွေဟာ သက်ဆုံးမရှည်ပဲ 1970 မှာ လုံးဝမျိုးတုံးသွားပါတယ်။.
ဒါတွေကို ပင်ကွင်းတွေလို့ ထင်ကောင်းထင်ပါလိမ့်မယ်။တကယ်တော့ ပင်ကွင်းနဲ့ တူတဲ့ ငှက်ကြီးတွေဖြစ်ပါတယ်။သူတို့ဟာ ငှက်နှုတ်သီးတွေဖြစ်ပြီး ဥ ဥတဲ့ သတ္တဝါတွေဖြစ်ပါတယ်။မြောက် အတ္တလန္တိတ်မှာ နေထိုင်ကြပြီး သူတို့ကို တချိန်က လူတွေအမဲလိုက်ခဲ့ကြပါတယ်။
သူတို့ကလည်း အသားစားငှက်တွေဖြစ်ပြီး သားကောင်တွေရဲ့ သေဆုံးနေတဲ့ ခန္ဓာကိုယ်ကို ရှာပါတယ်။လူတွေ သေနေလည်း စားပါတယ်။ဒါပေမယ့် သူတို့ဟာ နေရာရွေးပြီး အသက်ရှင်နေထိုင်တဲ့ အတွက် ရာသီဥတုပြောင်းလဲလာမှုမှာ နောက်တစ်နေရာကို ရှာဖွေဖို့ မလွယ်ကူပါဘူး။မပျံသန်းနိုင်တော့ အခက်အခဲရှိပါတယ်။19 ရာစုမှာတော့ သူတို့ဟာ တစတစ မျိုးတုံးလုနီးပါးဖြစ်လာပါတယ်။1840 ခုနှစ်မှာတော့ သူတို့ အတော်လေး ပြုတ်ပြုတ်ပြုန်းနေခဲ့ပြီး ရံဖန်ရံခါ 10 ကောင် 15 ကောင်အုပ်စုကို သင်္ဘောသားတွေ တွေ့ရပါတယ်။နောက်တော့ 1900 ပြည့်နှစ်မှာတော့ လုံးဝကို မကျန်တော့ပဲ ပျောက်ကွယ်သွားတဲ့ မျိုးနွယ်စုဖြစ်ပါတယ်။
Tasmanian ကျားဆိုတဲ့ ကောင်တွေဟာ ပုံစံတမျိုးထူးဆန်းပါတယ်။ရုပ်ဆိုးဆိုးဖြစ်ပြီး ခန္ဓာကို်ယကတော့ မြေခွေးတွေလို သေးသေးသွယ်သွယ်ဖြစ်ပါတယ်။သူတို့ဟာ ခန္ဓာကိုယ် ရှေ့ပိုင်းမှာ အဆင်းကြောင်းတွေပါဝင်ပြီး တကယ့်ကို မိုက်ကန်းကန်းသတ္တဝါတွေဖြစ်ပါတယ်။ဗိုက်တွေကတော့ ဖြူကြပါတယ်။ရုတ်တရက် မျက်နှာကို ကြည့်ရင် ခွေးနဲ့ ဆင်ပြီးတော့ တကယ်တိုက်ခိုက်ရင်တော့ တကယ့်ကို ဆိုးရွားရက်စက်တဲ့ ကောင်တွေဖြစ်ပါတယ်။
သူတို့ကို 1920 ခုနှစ်မှာ တွေ့ခဲ့တာဖြစ်ပြီး ဖမ်းဆီးပြီးတော့ တိရိစ္ဆာန်ရုံပို့ခဲ့ပါတယ်။1936 ခုနှစ်မှာတော့ ဖမ်းမိတဲ့ ခုနှစ်ကောင်လုံး တနှစ်တကောင်နှုန်းနဲ့ သေလာရင်း မျိုးတုံးသွားပါတယ်။တောတွေထဲမှာလည်း သူတို့မရှိတော့ပါဘူးဒ။သူတို့ကို အေးခဲပြီးတော့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။
Cordoba ဆိုတဲ့ မျိုးနွယ်က Pit Bull တွေကို ဖောက်တာဖြစ်ပါတယ်။အရင်ကတော့ Cordoba တွေဟာ ကြောက်မက်ဖွယ် ခွေးတွေဖြစ်ပြီး ကြွက်သားအမြှောင်းမြှောင်းထကာ နောက်ခြေလေးတွေသေးပြီး ရင်အုပ်ကားတဲ့ ခွေးတွေဖြစ်ပါတယ်။သူတို့ဟာ တကယိ့ကို အကြောက်အလန့်နည်းပြီး သူတို့ထက် ဆယ်ဆကြီးတဲ့ သတ္တဝါတွေဖြစ်နေရင်တောင် တိုက်ခိုက်ဖို့ ဝန်မလေးပါဘူး။သူတို့ဟာ သခင်ပေါ်မှာ သစ္စာစောင့်သိပေမယ့် တခါတရံစိတ်ရူးပေါက်ရင် ကိုက်သတ်လိုက်ပါတယ်။သတိူု့ကို လူသန်ကြီးတယောက်သာ ဒေါသထွက်ရင် ထိန်းသိမ်းပါလိမ့်မယ်။ဒီလိုနဲ့ သူတို့ဟာ 19 ရာစုမှာ အတော်လေး မျိုးတုံးလာပါတယ်။သူတို့က သားပေါက်ရင် ကောင်ရေနည်းတာ တော်ရုံ သူတို့ကို မမွေးတာနဲ့ တဖြေးဖြေး မျိုးတုံးလာပါတယ်။နောက်တော့ လုံးဝကို မျိုးတုံးသွားပါတယ်။
ဒီငှက်လေးတွေလည်း မျိုးတုံးကုန်ပါပြီ။သိသာတာကတော့ ပြောင်းလဲလာတဲ့ ခေတ်အရ နှံပြည်စုတ်ကလေးတွေတောင် မြို့ပေါ်မနေထိုင်တော့ပါဘူး။သူတို့နဲ့ အခြေအနေမကိုက်ညီတဲ့အတွက် အတော်လေးကို ကြိုးစားရုန်းကန်ပြီးနေရတာဖြစ်ပါတယ်။ဒီငှက်တွေက တကယ်တော့ ဝတ်ရည်စုပ်ငှက်တွေဖြစ်ပြီး တကယ့်ကို သေးငယ်တဲ့ ကောင်လေးတွေဖြစ်ပါတယ်။သူတို့ဟာ နယူးဇီလန်မှာနေထိုင်ကြပြီး တေးဆိုရင် အကောင်နဲ့ မလိုက်အောင် အသံအောင် လွန်းနေတာဖြစ်ပါတယ်။ကျွန်းတွေပေါ်စမှာ နေထိ်ုင်ပြီးတော့ အသက်ရှင်ကြပေမယ့် သူတို့ဟာ သဘာဝပယောဂကြောင့် တနည်းနည်းနဲ့ သေဆုံးကုန်ကြပါတယ်။19 ရာစုနှောင်းပိုင်းမှာတော့ လုံးဝကို ပျောက်ကွယ်သွားပါတယ်။