ကမ္ဘာမြေရဲ့ ဝမ်းနည်းစရာကောင်းတဲ့ 10 Year Challenge

0
122

10 Year Challenge ဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေပြီး လူတွေက သူတို့ရဲ့ လွန်ခဲ့တဲ့ဆယ်နှစ်က သူတို့ပုံတွေကို ဆယ်နှစ်ကြာပြီး ဓါတ်ပုံတွေနဲ့ ယှဉ်တွဲတင်နေကြပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေကတော့ ဒီချဲလင့်ကို သူတို့အတွက် အသုံးမပြုဘဲ ပြောင်းလဲဆိုးရွားလာတဲ့ ကမ္ဘာမြေရဲ့ အခြေအနေကို ပြသခဲ့ကြရာမှာ လူတွေအနေနဲ့ ထိတ်လန့်တကြား သတိထားမိလာပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေ အတွက် ကမ္ဘာမြေအား ထိန်းသိမ်းစောင့်ရှောက်ဖို့ အချိန်ကျနေပြီဖြစ်ကြောင်း သတိပေးနေတဲ့ ဒီဓါတ်ပုံတွေကို ဖော်ပြပေးပါရစေ။

၁. ဆယ်နှစ်အတွင်းမှာ ကမ္ဘာမြေ ပူနွေးမှုကို ဆက်တိုက်ခံစားခဲ့ရတာကြောင့် ဝင်ရိုးစွန်းအနီးက ရေခဲတောင်တွေဟာ အပေါ်က ရေခဲလွှာတွေ အရည်ပျော်ကုန်ပြီး လွင်တီးခေါင်တောင်ပြင်တွေ ဖြစ်ကုန်ပါပြီ။

၂. နှစ်စဉ်နှစ်တိုင်းတောမီးလောင်မှုတွေ၊ လူတွေရဲ့ရမ်းကားမှုတွေကြောင့် ဆုံးရှုံးနေရတဲ့ သစ်တောပမာဏဟာ တစ်နှစ်ကို ဟက်တာ ၇.၃ သန်း ရှိပါတယ်။ သစ်ပင်တွေဟာ ကာဘွန်ဓါတ်ငွေ့တွေကို စုပ်ယူပေးပြီး ရာသီဥတုကို ထိန်းသိမ်းပေးနိုင်တာကြောင့် သစ်တောပမာဏ နည်းလာလေလေ ပူနွေးမှုက ပိုလာလေလေပါပဲ။

၃. လူသားတွေဟာ ထိန်းသိမ်းစောင့်ရှောက်ဖို့ထက် ကိုယ့်အကျိုးအတွက် သဘာဝတရားဆီက ယူဖို့သာ စိတ်ဝင်စားတာက များတာကြောင့် တန်ဖိုးရှိတဲ့ လှပတဲ့ သဘာဝသန္တာကျောက်တန်းတွေဟာလည်း စိုးရိမ်ဖွယ် အခြေအနေကို ဆယ်နှစ်အတွင်းမှာ ရောက်ရှိလာခဲ့ပါပြီ။

၎. ရေခဲမြစ်တွေရဲ့ အခြေအနေကလည်း ရေခဲတောင်တွေနဲ့ မကွာလှပါဘူး။ ပူနွေးမှုဟာ နေရာတိုင်းကို ထိရောက်လာပြီး သူတို့ကို သဘာဝအတိုင်း မှီခိုနေထိုင်တဲ့ သတ္တဝါတွေလည်း ဒုက္ခရောက်နေပါပြီ။

၅. တိုးမြင့်လာတဲ့ လူဦးရေကြောင့် ရေသုံးစွဲမှုကလည်း ကြောက်ခမန်းလိလိ တိုးတက်လာပြီး တစ်ချိန်က လှပခဲ့တဲ့ ရေလက်ကြားတွေ၊ မြစ်တွေဟာလည်း တဖြေးဖြေး ကျုံ့လာခဲ့ပါပြီ။

၆. အာဖရိကမှ ချက်ဒ်ရေကန်ဟာ တချိန်ကတော့ ဘေးပတ်ဝန်းကျင်မှ နိုင်ငံတွေအတွက် လှပတဲ့ ကုန်းတွင်း ပင်လယ်ကြီးဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်တုန်းက စကွဲမိုင် ၁၅,၀၀၀ ရှိခဲ့ပေမယ့် ၂၀၀၁ ခုနှစ်မှာတော့ ၅၀၀ အောက်သာ ကျယ်ပြန့်ပါတော့တယ်။