ကမာၻ႔တန္ဖုိးအႀကီးဆုံး တုိက္ခန္းေတြ

မုိနာကုိ (ကန္ေဒၚလာ ၃၃၅ သန္း)

ကမာၻ႔ေစ်းအႀကီးဆုံး တုိက္ခန္းပါ။ Tour Odeon တာဝါထိပ္ဖ်ားမွာရွိၿပီးအထပ္ငါးထပ္ရွိပါတယ္။ စတုရန္းေပ ၃၁၅၀၀ က်ယ္ဝန္းၿပီး ရီဗီရာကမ္းေျခကုိ အေပၚစီးက ျမင္ေတြ႕ရမွာပါ။ အဲဒီအခန္းမွာအိပ္ခန္းငါးခန္းပါၿပီး အကစင္ျမင့္လည္း ရွိပါတယ္။ ေရကူးကန္ႏွစ္ကန္ကုိေရလႊာေလွ်ာစီးတစ္ခုနဲ႔ ခ်ိတ္ဆက္ထားပါတယ္။ သီးျခားကမာၻတစ္ခုလုိ ခံစားရႏုိင္တဲ့ ေနရာတစ္ခုေပါ့။

နယူးေယာ့ခ္ (ကန္ေဒၚလာ သန္း ၂၅၀)

နယူးေယာ့ခ္စီးတီးကေတာ့ ေနထုိင္မႈစရိတ္ အရမ္းႀကီးတယ္လုိ႔ နာမည္ေက်ာ္ၿပီးသားၿမိဳ႕ပါ။ ဒီတုိက္ခန္းကေတာ့ Central Park ပန္းျခံေတာင္ဘက္မွာရွိၿပီး အထပ္ေလးထပ္ ပါဝင္ပါတယ္။ အထပ္ေလးထပ္မွာ လသာေဆာင္ငါးခု ပါဝင္မွာျဖစ္ၿပီး အိပ္ခန္း ၁၆ ခန္း၊ ေရခ်ဳိးခန္း ၁၇ ခန္းအထိ ပါရွိမွာပါ။ Central Park ပန္းျခံရဲ႕ရႈခင္းကုိအေပၚစီးကေန ျမင္ရမွာျဖစ္ပါတယ္။

လန္ဒန္ (ကန္ေဒၚလာ ၁၉၅ သန္း)

လန္ဒန္ကလည္း ေနထုိင္မႈစရိတ္ ႀကီးမားတဲ့ေနရာတစ္ခုပါ။ ဒီအေဆာင္ကေတာ့ ဘုရင္မႀကီး ေနထုိင္တဲ့ နန္းေတာ္နဲ႔ေဘးခ်င္းကပ္ပါပဲ။ သိပ္မနီးေပမယ့္ ဘက္ကင္ဟမ္နန္းေတာ္ကုိ အေပၚစီးကေန ျမင္ေတြ႕ရမွာပါ။ အိပ္ခန္း ၁၂ ခန္း၊ ေရခ်ဳိးခန္း ၁၂ ခန္းပါလုိ႔ ေတာ္႐ုံတန္႐ုံမိသားစုဆုိရင္ ေကာင္းေကာငး္ေနႏုိင္မယ့္ေနရာပါ။ တကယ္လုိ႔ တစ္လုံးတည္း တစ္ခဲတည္းေပးႏုိင္မယ္ဆုိရင္ ေပါင္သန္း ၁၅၀ နဲ႔ ေရာင္းမွာျဖစ္ၿပီး အရစ္က်စနစ္နဲ႔ဆုိရင္ ေပါင္ ၄၈.၇ သန္းကုိ ေလးရစ္ခြဲသြင္းလုိ႔ရပါတယ္။

ဒူဘုိင္း (ကန္ေဒၚလာ ၇၄.၅သန္း)

တန္ဖုိးအႀကီးဆုံး တုိက္ခန္းေတြထဲမွာ ဒူဘုိင္းက တုိက္ခန္းမပါဘူးဆုိရင္ရာဇဝင္ ႐ုိင္းသြားမွာေပါ့။ ကမာၻ႔ဆြဲအားကုိ ဆန္႔က်င္ၿပီး မုိးထိေအာင္ ျမင့္မားေနတဲ့ တုိက္တာအေဆာက္အအုံေတြက ဒူဘုိင္းမွာ ရွိပါတယ္။အခုတုိက္ခန္းကေတာ့ Tower ONE ရဲ႕အေပၚထပ္ အေဆာင္ပါ။ စတုရန္းေပ ၄၀၀၀၀ က်ယ္ဝန္းၿပီး အိပ္ခန္း ၈ ခန္းပါဝင္ပါတယ္။ အခန္းေတြမ်ားလုိ႔ သန္႔ရွင္းေရးလုပ္ဖုိ႔လည္း စိတ္မပူရပါဘူး။သန္႔ရွင္းေရးေခၚမယ္ဆုိရင္ သူတုိ႔ေနဖုိ႔ ေနရာသပ္သပ္ ရွိၿပီးသားပါ။ကုိယ္ပုိင္႐ုပ္ရွင္႐ုံလည္း ရွိပါတယ္။

ေဟာင္ေကာင္ (ကန္ေဒၚလာ ၆၆ သန္း)

ဒါဟာ အာရွမွာ တန္ဖုိးအျမင့္ဆုံး တုိက္ခန္းပါ။ အိပ္ခန္းေလးခန္းပါၿပီး ယာဥ္ရပ္နားဖုိ႔ ေနရာႏွစ္ခုရွိပါတယ္။ ဒီတုိက္ခန္းရဲ႕ အဓိကအားသားခ်က္ကေတာ့ ေရေႏြးေရခ်ဳိးကန္ပါၿပီး စတုရန္းေပ ၁၅၀၀ရွိတဲ့ လသာေဆာင္ပါပဲ။

ေလာ့စ္အိန္ဂ်လိစ္( ကန္ေဒၚလာ သန္း ၅၀)

ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕က Four Seasons Private Residences မွာ ရွိပါတယ္။ ကုိယ္ပုိင္ေရကူးကန္ပါၿပီး စတုရန္းေပ ၉၀၀၀ ရွိတဲ့ ပန္းၿခံပါဝင္မွာပါ။ ေတာင္ပုိင္းကာ႐ုိလိုင္းနားျပည္နယ္ရဲ႕အံ့အားသင့္စရာအားလုံးကုိ ေတြ႕ႀကံဳခံစားရမယ့္ေနရာပါ။ လွပတဲ့ကမ္းေျခေတြက စီးႀကိဳေနၿပီး Beverly Hills ေတာင္ကုန္းေတြရဲ႕အလွအပကုိလည္း ခံစားရမွာပါ။

ပါရီ (ကန္ေဒၚလာ ၄၉.၅ သန္း)

မနက္ အိပ္ယာႏုိးလာတာနဲ႔ ပါရီၿမိဳ႕က အီဖယ္ေမွ်ာ္စင္ႀကီးကုိ ေန႔တုိင္း ၾကည့္႐ႈႏုိင္မယ့္ အခြင့္အေရးပါ။ ႏွစ္ထပ္အေဆာင္က ပါရီၿမိဳ႕ကုိအေပၚစီးကေန ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ အတြင္းပုိင္း ျပင္ဆင္မႈကေတာ့
ၿမိဳ႕စားတစ္ေယာက္ရဲ႕ နန္းေတာ္လုိပါပဲ။

ဆန္ဖရန္စစၥကုိ (ကန္ေဒၚလာ ၄၂ သန္း)

ကြန္ဒုိအသစ္စက္စက္ကုိ ၄၂ သန္းနဲ႔ရမယ့္ အေနအထားက တျခားတုိက္ခန္းေတြနဲ႔ ယွဥ္ရင္ ေတာ္ေတာ္သက္သာေနပါတယ္။ ဒီတုိက္ခန္းမွာ ေနရတာ တိမ္ေတြၾကားမွာ ေနေနရသလုိျဖစ္မွာပါ။ ဘာလုိ႔လဲဆုိေတာ့ အျမင့္ေပ ၇၀၀ မွာ ရွိတာေၾကာင့္ပါပဲ။ အျပင္ဘက္မွာ လွပသလုိ အတြင္းပုိင္းကလည္း ထိရက္စရာမရွိေအာင္ သစ္လြင္ေတာက္ပေနတာပါ။ အေရွ႕တံခါးကုိနယူးဂီနီသစ္သား၊ အီတလီကလာတဲ့ စက်င္ေက်ာက္ေတြနဲ႔လုပ္ထားၿပီး တံခါးလက္ကုိင္ေတြကုိ ေရႊကြပ္ထားပါတယ္။ေရခ်ဳိးခန္းမွာေတာင္ တံခါးလက္ကုိင္ကုိ ေရႊကြပ္ေပးထားတာကေတာ့
ထူးျခားခ်က္ပါပဲ။

ဟုိႏုိလူလူ-ဟာဝုိင္အီ(ကန္ေဒၚလာ ၃၆ သန္း)

Waiea Tower က အေဆာင္မွာ ေနရမွာပါ။ ႀကီးမားတဲ့ ေရကူးကန္ႀကီးရွိၿပီး ပင္လယ္ႀကီးကုိ ေငးေမာၾကည့္႐ႈေနႏုိင္တဲ့ အရသာက ထူးကဲမွာ ေသခ်ာပါတယ္။ စတုရန္းေပ ၁၀၀၀၀ အက်ယ္ရွိၿပီးအိပ္ခန္း ၅ ခန္း ပါပါတယ္။ ဒီအေဆာက္အအုံမွာ ေနရတဲ့အားသာခ်က္တစ္ခုကေတာ့ နာမည္ေက်ာ္ စားဖုိမွဴးေတြရဲ႕ႏုိဘူဆူရွီ စားရမယ့္အခ်က္ပါပဲ။

Unicode

မိုနာကို (ကန်ဒေါ်လာ ၃၃၅ သန်း)

ကမ္ဘာ့စျေးအကြီးဆုံး တိုက်ခန်းပါ။ Tour Odeon တာဝါထိပ်ဖျားမှာရှိပြီးအထပ်ငါးထပ်ရှိပါတယ်။ စတုရန်းပေ ၃၁၅၀၀ ကျယ်ဝန်းပြီး ရီဗီရာကမ်းခြေကို အပေါ်စီးက မြင်တွေ့ရမှာပါ။ အဲဒီအခန်းမှာအိပ်ခန်းငါးခန်းပါပြီး အကစင်မြင့်လည်း ရှိပါတယ်။ ရေကူးကန်နှစ်ကန်ကိုရေလွှာလျှောစီးတစ်ခုနဲ့ ချိတ်ဆက်ထားပါတယ်။ သီးခြားကမ္ဘာတစ်ခုလို ခံစားရနိုင်တဲ့ နေရာတစ်ခုပေါ့။

နယူးယော့ခ် (ကန်ဒေါ်လာ သန်း ၂၅၀)

နယူးယော့ခ်စီးတီးကတော့ နေထိုင်မှုစရိတ် အရမ်းကြီးတယ်လို့ နာမည်ကျော်ပြီးသားမြို့ပါ။ ဒီတိုက်ခန်းကတော့ Central Park ပန်းခြံတောင်ဘက်မှာရှိပြီး အထပ်လေးထပ် ပါဝင်ပါတယ်။ အထပ်လေးထပ်မှာ လသာဆောင်ငါးခု ပါဝင်မှာဖြစ်ပြီး အိပ်ခန်း ၁၆ ခန်း၊ ရေချိုးခန်း ၁၇ ခန်းအထိ ပါရှိမှာပါ။ Central Park ပန်းခြံရဲ့ရှုခင်းကိုအပေါ်စီးကနေ မြင်ရမှာဖြစ်ပါတယ်။

လန်ဒန် (ကန်ဒေါ်လာ ၁၉၅ သန်း)

လန်ဒန်ကလည်း နေထိုင်မှုစရိတ် ကြီးမားတဲ့နေရာတစ်ခုပါ။ ဒီအဆောင်ကတော့ ဘုရင်မကြီး နေထိုင်တဲ့ နန်းတော်နဲ့ဘေးချင်းကပ်ပါပဲ။ သိပ်မနီးပေမယ့် ဘက်ကင်ဟမ်နန်းတော်ကို အပေါ်စီးကနေ မြင်တွေ့ရမှာပါ။ အိပ်ခန်း ၁၂ ခန်း၊ ရေချိုးခန်း ၁၂ ခန်းပါလို့ တော်ရုံတန်ရုံမိသားစုဆိုရင် ကောင်းကောငး်နေနိုင်မယ့်နေရာပါ။ တကယ်လို့ တစ်လုံးတည်း တစ်ခဲတည်းပေးနိုင်မယ်ဆိုရင် ပေါင်သန်း ၁၅၀ နဲ့ ရောင်းမှာဖြစ်ပြီး အရစ်ကျစနစ်နဲ့ဆိုရင် ပေါင် ၄၈.၇ သန်းကို လေးရစ်ခွဲသွင်းလို့ရပါတယ်။

ဒူဘိုင်း (ကန်ဒေါ်လာ ၇၄.၅သန်း)

တန်ဖိုးအကြီးဆုံး တိုက်ခန်းတွေထဲမှာ ဒူဘိုင်းက တိုက်ခန်းမပါဘူးဆိုရင်ရာဇဝင် ရိုင်းသွားမှာပေါ့။ ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ပြီး မိုးထိအောင် မြင့်မားနေတဲ့ တိုက်တာအဆောက်အအုံတွေက ဒူဘိုင်းမှာ ရှိပါတယ်။အခုတိုက်ခန်းကတော့ Tower ONE ရဲ့အပေါ်ထပ် အဆောင်ပါ။ စတုရန်းပေ ၄၀၀၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၈ ခန်းပါဝင်ပါတယ်။ အခန်းတွေများလို့ သန့်ရှင်းရေးလုပ်ဖို့လည်း စိတ်မပူရပါဘူး။သန့်ရှင်းရေးခေါ်မယ်ဆိုရင် သူတို့နေဖို့ နေရာသပ်သပ် ရှိပြီးသားပါ။ကိုယ်ပိုင်ရုပ်ရှင်ရုံလည်း ရှိပါတယ်။

ဟောင်ကောင် (ကန်ဒေါ်လာ ၆၆ သန်း)

ဒါဟာ အာရှမှာ တန်ဖိုးအမြင့်ဆုံး တိုက်ခန်းပါ။ အိပ်ခန်းလေးခန်းပါပြီး ယာဉ်ရပ်နားဖို့ နေရာနှစ်ခုရှိပါတယ်။ ဒီတိုက်ခန်းရဲ့ အဓိကအားသားချက်ကတော့ ရေနွေးရေချိုးကန်ပါပြီး စတုရန်းပေ ၁၅ဝဝရှိတဲ့ လသာဆောင်ပါပဲ။

လော့စ်အိန်ဂျလိစ်( ကန်ဒေါ်လာ သန်း ၅၀)

လော့စ်အိန်ဂျလိစ်မြို့က Four Seasons Private Residences မှာ ရှိပါတယ်။ ကိုယ်ပိုင်ရေကူးကန်ပါပြီး စတုရန်းပေ ၉၀၀၀ ရှိတဲ့ ပန်းခြံပါဝင်မှာပါ။ တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်ရဲ့အံ့အားသင့်စရာအားလုံးကို တွေ့ကြုံခံစားရမယ့်နေရာပါ။ လှပတဲ့ကမ်းခြေတွေက စီးကြိုနေပြီး Beverly Hills တောင်ကုန်းတွေရဲ့အလှအပကိုလည်း ခံစားရမှာပါ။

ပါရီ (ကန်ဒေါ်လာ ၄၉.၅ သန်း)

မနက် အိပ်ယာနိုးလာတာနဲ့ ပါရီမြို့က အီဖယ်မျှော်စင်ကြီးကို နေ့တိုင်း ကြည့်ရှုနိုင်မယ့် အခွင့်အရေးပါ။ နှစ်ထပ်အဆောင်က ပါရီမြို့ကိုအပေါ်စီးကနေ မြင်တွေ့ရမှာဖြစ်ပါတယ်။ အတွင်းပိုင်း ပြင်ဆင်မှုကတော့
မြို့စားတစ်ယောက်ရဲ့ နန်းတော်လိုပါပဲ။

ဆန်ဖရန်စစ္စကို (ကန်ဒေါ်လာ ၄၂ သန်း)

ကွန်ဒိုအသစ်စက်စက်ကို ၄၂ သန်းနဲ့ရမယ့် အနေအထားက တခြားတိုက်ခန်းတွေနဲ့ ယှဉ်ရင် တော်တော်သက်သာနေပါတယ်။ ဒီတိုက်ခန်းမှာ နေရတာ တိမ်တွေကြားမှာ နေနေရသလိုဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ အမြင့်ပေ ၇၀၀ မှာ ရှိတာကြောင့်ပါပဲ။ အပြင်ဘက်မှာ လှပသလို အတွင်းပိုင်းကလည်း ထိရက်စရာမရှိအောင် သစ်လွင်တောက်ပနေတာပါ။ အရှေ့တံခါးကိုနယူးဂီနီသစ်သား၊ အီတလီကလာတဲ့ စကျင်ကျောက်တွေနဲ့လုပ်ထားပြီး တံခါးလက်ကိုင်တွေကို ရွှေကွပ်ထားပါတယ်။ရေချိုးခန်းမှာတောင် တံခါးလက်ကိုင်ကို ရွှေကွပ်ပေးထားတာကတော့
ထူးခြားချက်ပါပဲ။

ဟိုနိုလူလူ-ဟာဝိုင်အီ(ကန်ဒေါ်လာ ၃၆ သန်း)

Waiea Tower က အဆောင်မှာ နေရမှာပါ။ ကြီးမားတဲ့ ရေကူးကန်ကြီးရှိပြီး ပင်လယ်ကြီးကို ငေးမောကြည့်ရှုနေနိုင်တဲ့ အရသာက ထူးကဲမှာ သေချာပါတယ်။ စတုရန်းပေ ၁၀၀၀၀ အကျယ်ရှိပြီးအိပ်ခန်း ၅ ခန်း ပါပါတယ်။ ဒီအဆောက်အအုံမှာ နေရတဲ့အားသာချက်တစ်ခုကတော့ နာမည်ကျော် စားဖိုမှူးတွေရဲ့နိုဘူဆူရှီ စားရမယ့်အချက်ပါပဲ။