ကမ္ဘာ့အပျင်းရိဆုံးဆုပေးရင် ရနိုင်ကြသူများ

0
92

ကမ္ဘာပေါ်မှာတော့ လူတော်တော်များများဟာ အချိန်တိုင်းနီးပါး ပျင်းနေတတ်ကြပါတယ်။ နေ့စဉ်ဘဝအတွက် ရုန်းကန်လှုပ်ရှားနေရတာကြောင့်သာ အလုပ်တွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တီဗီကြည့်ကြတယ် Remote ပျောက်သွားရင်တော့ မရှာချင်ကြပါဘူး။ ကျွန်တော်အိပ်မယ့်အချိန် မီးပိတ်ဖို့ မေ့ခဲ့ရင် ထပြီးတော့ မပိတ်ချင်ကြပါဘူး။ မျက်နှာကို စောင်နဲ့အုပ်လိုက်မယ်။ ဒီလိုမျိုးတွေကတော့ နေ့တိုင်းဖြစ်ပျက်နေတဲ့ အရာတွေပါပဲ။ ဒါပေမယ့်လည်း တချို့သော လူတွေကတော့ သတ်မှတ်ထားတဲ့ အဆင့်ထက်ကို ကျော်လွန်ပြီးတော့ ပျင်းတတ်ကြပါတယ်။ ဒါကိုတော့ အလွန်အကျွံပျင်းတယ်လို့ပဲ ပြောရမလားပဲ။ ဒါကြောင့် ပြောချင်လွန်းလို့ပေ့ခ်ျက ဒီတခေါက်ဖော်ပြပေးချင်တာကတော့ ကမ္ဘာ့အပျင်းဆုံးလူသားများကို ဖော်ပြပေးလိုက်ပါတယ်။

၁.ဖျော်ရည်ခွက်တောင် ကိုင်ပြီးတော့ မသောက်နိုင်လောက်အောင်ကို ပျင်းနေသောအခါ။ ပိုက်ကြီးကို အပင်ပန်းခံပြီး ဆက်ထားတာ ဖြစ်ပြီး သူ့ဟာနဲ့သူ ကျကျနနတော့ ဖြစ်နေပါတယ်။

၂.လူတော်တော်များများလည်း ဖုန်းတွေနဲ့ ရုပ်ရှင်တွေ ကြည့်တဲ့အချိန်မှာတော့ လက်တွေဘာတွေ ညောင်းတာတွေ ရှိပါတယ်။ ဒီလူဖုန်းကို ကြည့်တဲ့နည်းကတော့ အနည်းငယ်သက်သာစေမှာပါ။

၃.ကိုယ်လက်လှုပ်ရှားမှုရှိချင်လို့ လူတော်တော်များများကတော့ ရေလွှာလျှော်စီးကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလူကတော့ ခုံတောင်တင်ပြီး ထိုင်နေတယ်ဆိုတော့ တော်တော်လေး ပျင်းရိတတ်တဲ့သူ ဖြစ်နိုင်ပါတယ်။

၎.အထာကျကျ ဖျော်ရည်သောက်ကြမယ်။ အိပ်ကလည်း အိပ်ချင် ဖျော်ရည်ကလည်း သောက်ချင်နေတယ်ဆိုရင်တော့ ဒီလူပျင်းလုပ်နေတဲ့ပုံကတော့ အသုံးဝင်မယ် ထင်တယ်။

၅.ဒီလမ်းကို မျဉ်းကြောင်းလှိုင်းဆွဲတဲ့သူကတော့ တော်တော်လေးကို ပျင်းရိတတ်သူ တယောက်ဖြစ်မယ် ထင်တယ်။ လမ်းဘေးမှာ သစ်ပင်တပင်လှဲနေတာတောင် မဖယ်လိုက်ပဲ လမ်းကြောင်းကို ကွေးကွေးကောက်ကောက်လေး လုပ်သွားတာ ဖြစ်ပါတယ်။

၆.ဒီလူလုပ်နေပုံနဲ့တော့ အလုပ်တွေ ပြီးဦးမယ်။ အကုန်အကျက နှစ်ဆ အလုပ်ကတော့ တဝက်လောက်တော့ ပြီးမြောက်မှာပါ။ မဆိုးနေဘူး။

၇.အမှိုက်သွားပစ်ပေမယ့်လည်း လမ်းထိပ်ကိုလမ်းမလျှောက်ချင်သောအခါ ဒီနည်းလေးသုံးရမယ်ထင်တယ်။ လူတွေကတော့ ပျင်းပျင်းနဲ့ လုပ်ရမယ်ဆို ဥာဏ်နီဥာဏ်နက်တွေ ခေါင်းထဲက ထွက်တတ်ကြပါတယ်။

၈.တီဗီတွေကို အိပ်ပြီးတော့ တည့်တည့်ကြည့်တဲ့အချိန်မှာ ခေါင်းညောင်းတတ်ကြပါတယ်။ ဒီကောင်လေးကတော့ တည့်တည့်ကြည့်ရမှာ ညောင်းလာလို့ ထင်တယ်။ တီဗီရော ခေါင်းပါစောင်းထားလိုက်တယ်။ ရှင်းနေရောပဲ။