ကမ္ဘာ့အကျော်ကြားဆုံး ဂျီးဆပ်စ်ရုပ်တု ( ၁၀ ) ခု

0
47

ခရစ်ယာန်ဘာသာဟာ ကမ္ဘာ့ကိုးကွယ်မှုအများဆုံး ဘာသာဖြစ်ပြီး ဘာသာဝင်ပေါင်း ဘီလီယံနဲ့ချီပြီးရှိပါတယ်။ ဒီလို ဘာသာဝင်အမြောက်အများရှိတာနဲ့အညီ ခရစ်ယာန်အမှတ်အသားဖြစ်တဲ့ အဆောက်အဦးတွေကလည်း ကမ္ဘာ့အနှံမှာ ထင်ရှားစွာတည်ရှိပါတယ်။ ဘုရားကျောင်း၊ ဝတ်ပြုဆုတောင်းခန်းနဲ့ ကြီးမားတဲ့ ဂျီးဆပ်စ်ခရစ်ရုပ်တုတွေ မြောက်မြားစွာတည်ရှိပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ကမ္ဘာ့အကျော်ကြားဆုံး ဂျီးဆပ်စ်ရုပ်တု ၁၀ခုအကြောင်းပါ..

၁၀. Cristo Rei

ဒီ ဂျီးဆပ်စ်ရုပ်တုကတော့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ တည်ရှိတာဖြစ်ပါတယ်။ ပုံစံအားဖြင့်တော့ ဘရာဇီးနိုင်ငံရဲ့ Rio de Janeiro’s Christ the Redeemer Jesus ရုပ်တုနဲ့ ဆင်တူပါတယ်။ ပေါ်တူဂီနိုင်ငံရဲ့ ဂျီးဆပ်စ်ရုပ်တုကတော့ ၁၉၅၉ ခုနှစ်နဲ့ ၁၉၆၉ ခုနှစ်ကြားမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး လစ္စဘွန်းမြို့ခံတွေက ဘရာဇီးနိုင်ငံရဲ့ ရီယိုဒီဂျနေရိုးအမှတ်အသားဖြစ်တဲ့ ဂျီးဆပ်စ်ရုပ်တုဟာလည်း ဒီရုပ်တုကို အတုယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

၉. Christ the Redeemer of the Andes

ပင်လယ်ရေမျက်နှာပြင်အထက် ၁၂၅၇၃ ပေမှာ တည်ရှိတဲ့ ဒီဂျီးဆပ်စ်ရုပ်တုကတော့ Andes မြို့မှာ တည်ရှိပြီး Christ the Redeemer လို့အမည်တွင်ပါတယ်။ ရုပ်တုဟာ အာဂျင်တီးနားနိုင်ငံရဲ့ မန်ဒိုဇာမြို့ ချီလီနိုင်ငံရဲ့ ဆန်တီယာဂိုမြို့ပေါ်မှာတည်ရှိပြီး ဒီမြို့နှစ်မြို့ဟာ အာဂျင်တီးနားနဲ့ ချီလီတို့ရဲ့ နယ်ခြားစည်းတွေလည်းဖြစ်ပါတယ်။ ဒီဂျီးဆပ်စ်ရုပ်တုကိုတော့ ၁၉၀၄ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။

၈. Christ of Vũng Tàu

ကြီးမားလှတဲ့ ဂျီးဆပ်စ်ခရစ်ရုပ်တုကြီးကိုတော့ ဗီယက်နမ်နိုင်ငံ Vung Tau အရပ်မှာရှိတဲ့ နှိုတောင်ထိပ်မှာ ထီးထီးကြီးတွေ့ရှိရမှာဖြစ်ပါတယ်။ ဗီယက်နမ်သား ကက်သလစ်ဘာသာဝင်အချို့က ဒီရုပ်တုကို တည်ဆောက်ခဲ့ပါတယ်။ ဒီရုပ်တုတည်ဆောက်မှုကို ၁၉၇၄ ခုနှစ်ကတည်းက စတင်ခဲ့ပေမယ့် အပြီးသတ်နိုင်ခဲ့တာကတော့ ၁၉၉၃ ခုနှစ်မှပါ။ ၁၀၅ ပေအထိ ရှည်လျားတဲ့ ဂျီးဆပ်စ်ရုပ်တုကြီးလည်းဖြစ်ပါတယ်။

၇. Lux Mundi

အိုဟိုင်းရိုးပြည်နယ် မွန်ရိုးမြို့မှာ တည်ရှိတဲ့ Lux Mundi အမည်ရ ရုပ်တုကတော့ ၂၀၁၀ မတိုင်ခင်ကအထိ တည်ရှိခဲ့ပေမယ့် တည်ရှိခဲ့တယ်လို့ မဆိုနိုင်ပြန်ပါဘူး။ တကယ်တော့ ဒီရုပ်တုနေရာမှာ အရင်ကရှိခဲ့တာက ၆၂ ပေအမြင့်ရှိတဲ့ ဘုရင်တို့ရဲ့ဘုရင် ဂျီးဆပ်စ်ရုပ်တုပဲဖြစ်ပါတယ်။ ဒီရုပ်တုကိုတော့ ၂၀၀၄ ခုနှစ်မှာတည်ဆောက်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ မိုးကြိုးဒဏ်သင့်ပြီး မီးလောင်ပျက်စီးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အမြင့်ပေကို ၁၀ ပေအထိ လျှော့ချခဲ့ပြီး ၅၂ ပေ အမြင့်သာရှိတဲ့ Lux Mundi အမည်ရှိ ဂျီးဆပ်စ်ရုပ်တုကို အစားထိုးတည်ဆောက်ခဲ့ပါတယ်။

၆. Christ of the Ozarks

Arkansas ဆိုတာကတော့ Eureka Springs အနီးက ဒီမဟာဂျီးဆပ်စ်ရုပ်တုကြီး တည်ရှိတဲ့နေရာပဲဖြစ်ပါတယ်။ ဒီရုပ်တုကြီးကိုတော့ Emmet Sullivan ဆိုသူက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီရုပ်တုမတည်ဆောက်ခင်ကလည်း ရရှ်ပ်မိုးတောင်ကို ရုပ်တုတစ်ခုအဖြစ်ထုလုပ်ခဲ့ပါသေးတယ်။ ၆၇ပေနဲ့အထက်ရှိတဲ့ ဒီရုပ်တုကြီးတည်ရှိရာမြို့ကတော့ Eureka Springs ဆိုတဲ့ အပန်းဖြေမြို့လေးပဲဖြစ်ပါတယ်။

၅. Cristo de la Concordia

ဆမ်ပက်ဒရို တောင်ထပ်က ဒီဂျီးဆပ်စ်ရုပ်တုကြီးတည်ရှိတဲ့ မြို့ကိုတော့ Cochabamba လို့ခေါ်ပါတယ်။ ဒီရုပ်တုကြီးကိုတော့ ဆမ်ပက်ဒရိုတောင်ပေါ်ကို ခြေလှမ်း၂ထောင်လောက်လှမ်းပြီးတော့ပဲဖြစ်ဖြစ် တောင်ထပ်ကို ကေဘယ်လ်ကားစီရင်းနဲ့ပဲ ဖြစ်ဖြစ်တွေ့မြင်နိုင်ပါတယ်။ ဒီရုပ်တုကြီးကတော့ ၁၃၂.၇ ပေအထိရှည်လျားတာလည်းဖြစ်ပါတယ်။ ရုပ်တုရဲ့ ဘယ်ဖက်လက်နဲ့ ညာဖက်လက်တွေကတော့ တောင်အရပ်နဲ့ မြောက်အရပ်ကို ညွှန်ပြနေတာလည်းဖြစ်ပါတယ်။

၎. Monumento al Divino Savador del Mundo

ကျော်ကြားလှတဲ့ ဒီဂျီးဆပ်စ်ရုပ်တုကြီးကတော့ San Salvador မြို့မှာတည်ရှိတာဖြစ်ပါတယ်။ ရုပ်တုရဲ့ ပုံစံဟာ အခြားရုပ်တုတွေနဲ့စာရင် ထူးခြားလှပြီးတော့ ကမ္ဘာလုံးပေါ်မှာမတ်တပ်ရပ်နေတဲ့ ပုံစံလည်းဖြစ်ပါတယ်။ ဒါ့အပ်ြင အရပ်လေးမျက်နှာလုံးကို ကြည့်ရှုနေတဲ့ပုံစံ တည်ဆောက်ထားဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆ ခုနှစ် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရမှုတွေကို ၂၀၁၀ မှာ ပြန်လည်မွမ်းမံခဲ့ပါတယ်။

၃. Cristo della Minerva

ဒီဂျီးဆပ်စ်ရုပ်တုကိုလည်း Christ the Redeemer လို့ခေါ်ဆိုကြပါတယ်။ ဒီရုပ်တုကိုတော့ ၁၅၂၁ ခုနှစ်မှာ မီချယ်လ်အိန်ဂျလိုက ထုလုပ်ခဲ့ပြီး သူ့ကြောင့်ပဲ ပိုပြီး နာမည်ကျော်ကြားလှပါတယ်။ ဒီရုပ်တုကတော့ ၈၁ လက်မသာ ရှည်လျားတာဖြစ်ပြီး သာမန်လူနဲ့ ဆင်တူလွန်းလှတဲ့ ဂျီးဆပ်စ်ရုပ်တုပုံစံကြောင့် ပိုမိုထင်ရှားလှပါတယ်။

၂. Christ the King

ဘုရင်ပုံစံရှိတဲ့ ဒီဂျီးဆပ်စ်ရုပ်တုကတော့ ပိုလန်နိုင်ငံအနောက်ပိုင်းက မြို့ငယ်လေး ဆွီဘော့ဇင်မှာ တည်ရှိပါတယ်။ ဒီရုပ်တုဟာ ၂၀၁၀ ခုနှစ်လောက်ကမှ ထုလုပ်ပြီးစီးခဲ့တာလည်းဖြစ်ပါတယ်။ အမြင့်ပေအားဖြင့် ၁၇၂ ပေ ရှိပြီး ဒီရုပ်တုနီးပါး ရှည်လျားတဲ့ရုပ်တုတွေရှိပေမယ့်လည်း Christ the King ကတော့ ကမ္ဘာ့အရှည်လျားဆုံး ဂျီးဆပ်စ်ရုပ်တုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၁. Christ the Redeemer

ဒီရုပ်တုကိုတော့ ရုပ်ရှင်တွေ၊ MTV တွေကနေ တဆင့် ရင်းနှီးပြီးသားဖြစ်မှာပါ။ ကမ္ဘာ့အကျော်ကြားဆုံး ရုပ်တုတစ်ခုလည်းဖြစ်ပြီးတော့ အောက်ခြေတိုင်ခုံအမြင့် ၂၆ပေ၊ ရုပ်တုအမြင့် ၉၈ ပေမြင့်မားတာလည်းဖြစ်ပါတယ်။ ဒီရုပ်တုကတော့ ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရဲ့ ကော်ကိုဗာဒိုတောင်ပေါ်မှာတည်ရှိပါတယ်။ ဒီရုပ်တုဟာ ဘရာဇီးနိုင်ငံရဲ့ အမျိုးသားအမှတ်အသားတစ်ခုအဖြစ်လည်း လူသိများလှပါတယ်။