ကမာၻ႔အႀကီးဆုံးနဲ႔ အေလးဆုံး ေငြဒဂၤါး

0
36

လူ႔သမုိငး္ အေစာပုိင္းမွာ ပစၥည္းအခ်င္းခ်င္း တန္ဖုိးသတ္မွတ္ၿပီး လဲလွယ္ရာကေန ပုိတုိးတက္လာခ်ိန္မွာ ေရာငး္ဝယ္ေဖာက္ကားဖုိ႔နဲ႔ ကုိင္ေဆာင္အသုံးျပဳဖုိ႔ လြယ္ကူတဲ့ ေငြေၾကးဖန္တီးခဲ့ၾကပါတယ္။ အေစာပုိင္းမွာ ေငြဒဂၤါးေတြ အသုံးျပဳခဲ့ၾကေပမယ့္ ေန႔စဥ္ဘဝမွာ အသုံးျပဳေနရလုိ႔ ပုိမုိလြယ္ကူေအာင္ ဖန္တီးလာခဲ့ၾကတာ အခုဆုိရင္ေငြသား သယ္ေဆာင္စရာမလုိဘဲ ကတ္တစ္ခုရွိ႐ုံနဲ႔ ေငြထုတ္သုံးလုိ႔ရတဲ့ အဆင့္အထိ ေရာက္ရွိလာခဲ့ပါၿပီ။

ဒါေပမဲ့ မုိက္ခ႐ုိနီးရွားႏုိင္ငံရဲ႕ ကၽြန္းငယ္ေလးတစ္ခုျဖစ္တဲ့ ယက္ပ္ကၽြန္းမွာေတာ့ ေငြဒဂၤါးေတြ အသုံးျပဳေနတုန္းပါပဲ။ ေငြဒဂၤါးဆုိေပမယ့္ ျမင္ေတြ႕ေနၾက ပုံစံအတုိင္း ၾကည္းေတြ၊ ေငြေတြနဲ႔ သြန္းေလာင္းထားတာ မဟုတ္ပါဘူး။ ႀကီးမားေလးလံတဲ့ ထုံးေက်ာက္ျပားႀကီးေတြကုိ ေငြဒဂၤါးလုိ႔ ေခၚၾကတာပါ။ အဲဒီအတြက္ မုိက္ခ႐ုိနီးရွားႏုိင္ငံ ယက္ပ္ကၽြန္းမွာ အသုံးျပဳတဲ့ ေငြဒဂၤါးက ကမာၻ႔အႀကီးမား၊ အေလးဆုံးအျဖစ္ မွတ္တမ္းဝင္ခဲ့့ပါတယ္။

သမုဒၵရာပုိင္းဇုန္မွာ တည္ရွိတဲ့ မုိက္ခ႐ုိနီးရွားႏုိင္ငံရဲ႕ တရားဝင္ေငြေၾကးက အေမရိကန္ေဒၚလာျဖစ္ပါတယ္။ ဒါေပမဲ့ ယက္ပ္ကၽြန္းမွေနထုိင္သူေတြကေတာ့ သာမန္မဟုတ္တဲ့ ေငြဒဂၤါးျပားႀကီးေတြကုိ သုံးေနတုန္းပါပဲ။ အဝုိင္းပုံစံ ထုံးေက်ာက္ျပားႀကီးေတြဟာ သာမန္ကားတစ္စီးထက္ကုိ ပုိေလးလံပါတယ္။

ယက္ပ္ကၽြန္းတစ္ခုလုံးေပၚမွာ ေငြဒဂၤါးလုိ႔ေခၚတဲ့ ထုံးေက်ာက္ အဝုိင္းျပားႀကီးေတြ ျပန္႔က်ဲေနပါတယ္။ ဟုိတယ္ေတြအျပင္ဘက္မွာ ေတြ႕ရတတ္သလုိ ေတာနက္ထဲမွာလည္း ေတြ႕ရတတ္ပါတယ္။ ဒါေပမဲ့ ထုံးေက်ာက္အဝုိင္းျပား အမ်ားစုကေတာ့ ရြာတုိင္းမွာရွိတဲ့ ဘဏ္ေတြမွာ အပ္ႏွံထားၾကပါတယ္။

ယက္ပ္ကၽြန္းမွာ ထုတ္လုပ္ထားတဲ့ ထုံးေက်ာက္အဝုိင္းျပား ၁၃၀၀၀ နီးပါး ရွိၿပီး အရြယ္အစား အမ်ဳိးမ်ဳိးရွိၾကပါတယ္။ တခ်ဳိ႕ေတြက အခ်င္း ၃၀ စင္တီမီတာရွိၿပီး တခ်ဳိ႕ေတြက ၃.၅ မီတာရွိပါတယ္။ အရြယ္အစားႀကီးေလေလ တန္ဖုိးႀကီးေလေလပါပဲ။

ဘယ္အခ်ိန္ကစၿပီး ထုံးေက်ာက္အဝုိင္းျပားေတြကုိ ေငြဒဂၤါးအျဖစ္ သုံးခဲ့သလဲဆုိတာ မသိရပါဘူး။ ပါးစပ္ဒ႑ာရီအရ နာမည္ေက်ာ္ ေရေၾကာင္းခရီး သြားလာသူတစ္ေယာက္ စတင္ခဲ့တာလုိ႔ ဆုိပါတယ္။လေရာင္ေအာက္မွာ ထုံးေက်ာက္ေတြ ေျပာင္လက္ေနတာ ျမင္ေတြ႕ရၿပီးတဲ့ေနာက္ အဲဒီသူက ထုံးေက်ာက္ေတြကုိ အဝုိင္းျပားပုံစံလုပ္ခုိင္းၿပီး ေငြေၾကးအျဖစ္ အသုံးျပဳခဲ့တာပါ။

အရမ္းႀကီးတဲ့ ထုံးေက်ာက္အဝုိင္းျပားေတြက တစ္ေနရာကေန တျခားေနရာကုိ ေရႊ႕ေျပာင္းလုိ႔မရပါဘူး။ ထုံးေက်ာက္အဝုိင္းျပားေတြကုိေနရာတစ္ခုမွာ ခ်ထားၿပီး ပုိင္ရွင္က တန္ဖုိးအတုိင္း ေငြေၾကးရယူႏုိင္တယ္လုိ႔ ဆုိၾကပါတယ္။ အခုအခ်ိန္မွာေတာ့ အဲဒီ ထုံးေက်ာက္အဝုိင္းျပားေတြကုိ ေန႔စဥ္ဘဝရဲ႕ ေငြေၾကးေပးေခ်မႈေတြမွာ အသုံးျပဳျခင္းမရွိဘဲ တန္ဖုိးႀကီးလြန္းတဲ့ ေပးေခ်မႈေတြအတြက္ပဲ အသုံးျပဳၾကပါေတာ့တယ္။ ထုံးေက်ာက္အဝုိင္းျပားေတြက ယက္ပ္ကၽြန္းရဲ႕ ေရႊလုိမ်ဳိး တန္ဖုးိရွိတဲ့အရာပါ။

Unicode

လူ့သမိုငး် အစောပိုင်းမှာ ပစ္စည်းအချင်းချင်း တန်ဖိုးသတ်မှတ်ပြီး လဲလှယ်ရာကနေ ပိုတိုးတက်လာချိန်မှာ ရောငး်ဝယ်ဖောက်ကားဖို့နဲ့ ကိုင်ဆောင်အသုံးပြုဖို့ လွယ်ကူတဲ့ ငွေကြေးဖန်တီးခဲ့ကြပါတယ်။ အစောပိုင်းမှာ ငွေဒင်္ဂါးတွေ အသုံးပြုခဲ့ကြပေမယ့် နေ့စဉ်ဘဝမှာ အသုံးပြုနေရလို့ ပိုမိုလွယ်ကူအောင် ဖန်တီးလာခဲ့ကြတာ အခုဆိုရင်ငွေသား သယ်ဆောင်စရာမလိုဘဲ ကတ်တစ်ခုရှိရုံနဲ့ ငွေထုတ်သုံးလို့ရတဲ့ အဆင့်အထိ ရောက်ရှိလာခဲ့ပါပြီ။

ဒါပေမဲ့ မိုက်ခရိုနီးရှားနိုင်ငံရဲ့ ကျွန်းငယ်လေးတစ်ခုဖြစ်တဲ့ ယက်ပ်ကျွန်းမှာတော့ ငွေဒင်္ဂါးတွေ အသုံးပြုနေတုန်းပါပဲ။ ငွေဒင်္ဂါးဆိုပေမယ့် မြင်တွေ့နေကြ ပုံစံအတိုင်း ကြည်းတွေ၊ ငွေတွေနဲ့ သွန်းလောင်းထားတာ မဟုတ်ပါဘူး။ ကြီးမားလေးလံတဲ့ ထုံးကျောက်ပြားကြီးတွေကို ငွေဒင်္ဂါးလို့ ခေါ်ကြတာပါ။ အဲဒီအတွက် မိုက်ခရိုနီးရှားနိုင်ငံ ယက်ပ်ကျွန်းမှာ အသုံးပြုတဲ့ ငွေဒင်္ဂါးက ကမ္ဘာ့အကြီးမား၊ အလေးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့့ပါတယ်။

သမုဒ္ဒရာပိုင်းဇုန်မှာ တည်ရှိတဲ့ မိုက်ခရိုနီးရှားနိုင်ငံရဲ့ တရားဝင်ငွေကြေးက အမေရိကန်ဒေါ်လာဖြစ်ပါတယ်။ ဒါပေမဲ့ ယက်ပ်ကျွန်းမှနေထိုင်သူတွေကတော့ သာမန်မဟုတ်တဲ့ ငွေဒင်္ဂါးပြားကြီးတွေကို သုံးနေတုန်းပါပဲ။ အဝိုင်းပုံစံ ထုံးကျောက်ပြားကြီးတွေဟာ သာမန်ကားတစ်စီးထက်ကို ပိုလေးလံပါတယ်။

ယက်ပ်ကျွန်းတစ်ခုလုံးပေါ်မှာ ငွေဒင်္ဂါးလို့ခေါ်တဲ့ ထုံးကျောက် အဝိုင်းပြားကြီးတွေ ပြန့်ကျဲနေပါတယ်။ ဟိုတယ်တွေအပြင်ဘက်မှာ တွေ့ရတတ်သလို တောနက်ထဲမှာလည်း တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ ထုံးကျောက်အဝိုင်းပြား အများစုကတော့ ရွာတိုင်းမှာရှိတဲ့ ဘဏ်တွေမှာ အပ်နှံထားကြပါတယ်။

ယက်ပ်ကျွန်းမှာ ထုတ်လုပ်ထားတဲ့ ထုံးကျောက်အဝိုင်းပြား ၁၃၀၀၀ နီးပါး ရှိပြီး အရွယ်အစား အမျိုးမျိုးရှိကြပါတယ်။ တချို့တွေက အချင်း ၃၀ စင်တီမီတာရှိပြီး တချို့တွေက ၃.၅ မီတာရှိပါတယ်။ အရွယ်အစားကြီးလေလေ တန်ဖိုးကြီးလေလေပါပဲ။

ဘယ်အချိန်ကစပြီး ထုံးကျောက်အဝိုင်းပြားတွေကို ငွေဒင်္ဂါးအဖြစ် သုံးခဲ့သလဲဆိုတာ မသိရပါဘူး။ ပါးစပ်ဒဏ္ဍာရီအရ နာမည်ကျော် ရေကြောင်းခရီး သွားလာသူတစ်ယောက် စတင်ခဲ့တာလို့ ဆိုပါတယ်။လရောင်အောက်မှာ ထုံးကျောက်တွေ ပြောင်လက်နေတာ မြင်တွေ့ရပြီးတဲ့နောက် အဲဒီသူက ထုံးကျောက်တွေကို အဝိုင်းပြားပုံစံလုပ်ခိုင်းပြီး ငွေကြေးအဖြစ် အသုံးပြုခဲ့တာပါ။

အရမ်းကြီးတဲ့ ထုံးကျောက်အဝိုင်းပြားတွေက တစ်နေရာကနေ တခြားနေရာကို ရွှေ့ပြောင်းလို့မရပါဘူး။ ထုံးကျောက်အဝိုင်းပြားတွေကိုနေရာတစ်ခုမှာ ချထားပြီး ပိုင်ရှင်က တန်ဖိုးအတိုင်း ငွေကြေးရယူနိုင်တယ်လို့ ဆိုကြပါတယ်။ အခုအချိန်မှာတော့ အဲဒီ ထုံးကျောက်အဝိုင်းပြားတွေကို နေ့စဉ်ဘဝရဲ့ ငွေကြေးပေးချေမှုတွေမှာ အသုံးပြုခြင်းမရှိဘဲ တန်ဖိုးကြီးလွန်းတဲ့ ပေးချေမှုတွေအတွက်ပဲ အသုံးပြုကြပါတော့တယ်။ ထုံးကျောက်အဝိုင်းပြားတွေက ယက်ပ်ကျွန်းရဲ့ ရွှေလိုမျိုး တန်ဖိုးရှိတဲ့အရာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here