ကမ္ဘာ့အလှမယ်ဆုရတဲ့ မြင်းနဲ့ အလှပဆုံးတိရိစ္ဆာန်များ

0
98












Unicode

ဒီငါးကတော့ သမုဒ္ဒရာ ရေနက်ပိုင်းမှာ တွေ့ရတဲ့ ငါးဖြစ်ပြီးတော့ သူတို့ဟာ ရုတ်တရက်ဆိုရင် သမုဒ္ဒရာကြမ်းပြင်က ပန်းပင်ကြီးတွေလို အရောင်စုံစွာ လှပနေပါတယ်။ဒီလို ဖြစ်နေလို့ ငါးပေါက်တွေ သတိမထားပဲ ချဉ်းကပ်မိရင် မရဏလမ်းရောက်သွားနိုင်ပါတယ်။

ဒီ နားရွက်ကြီးကြီးတွေနဲ့ ချစ်စရာအကောင်လေးတွေကတော့ မြေခွေးတွေဖြစ်ပါတယ်။သူတို့ မြေခွေးမျိုးနွယ်က အကောင်သေးပြီး နားရွက်ကြီးတာဖြစ်ပါတယ်။သူတို့ဟာ ဆာဟာရသဲကန္တရမှာ နေပြီး မြေတွင်းတူးက နေထိုင်ကြပါတယ်။သူတို့ရှိတဲ့နေရာဆို ရေရှိနိုင်ပါတယ်။ရေရှိရာကို ပြောင်းရွှေ့နေထိုင်ပါတယ်။

Hoplophrys ဆိုတဲ့ ကောင်တွေကတော့ ပန်းဂဏန်းထက် လှပတဲ့ ဂဏန်းမျိုးနွယ်တွေဖြစ်ပါတယ်။အရောင်စုံနဲ့ တောက်ပပြီး သူတို့ဟာ ပစိဖိတ်ဒေသမှာ နေထိုင်တဲ့ကောင်တွေဖြစ်ပါတယ်။သဲကို တူးပြီး သားကောင်ကို ချောင်းဖမ်းပါတယ်။ညဆို ဒစ္စကိုမီးတွေလို အရောင်လက်နေတာဖြစ်ပါတယ်။

ဒါကတော့ အာရှက ရေစစ္စလီနဲ့ အနည်းငယ်ဆင်ပေမယ့် သူတို့ကတော့ ဘဲမျိုးစိတ်သာ ဖြစ်ပါတယ်။မပျံသန်းနိုင်ပဲ ခြုံတိုးပြီး ရေရှိရာ ဘက်မှာ နေထိုင်ကြပါတယ်။အမွှေးအမျှင်ကတော့ သူတို့က ပိုလှတာဖြစ်ပါတယ်။

သိပ်လှပတဲ့ ဖားလေးဆိုပြီး အိမ်မှာ မွေးဖို့ မစဉ်းစားပါနဲ့။သူတို့ကိုက်ရင် ဆေးမရှိပါဘူး။အမေဇုံက ဖားပျံတွေဖြစ်ပြီး အရောင်တောက်တောက်နဲ့ အရမ်းကို လှပတဲ့ ဖားတွေဖြစ်ပါတယ်။အမေရိကားတောင်ပိုင်းနဲ့ အလယ်ပိုင်းက တောနက်တွေမှာလည်း နေထိုင်ကြပါတယ်။

မြွေစိမ်းတွေဖြစ်ပြီး အပင်စိမ်းတွေနဲ့ ရောထွေးနေတာဖြစ်ပါတယ်။သူတို့ဟာ အကောင်သေးမျိုး မဟုတ်ပါဘူး။အန်နာဂွန်တာတွေလို မျိုးစပ် အကောင်ကြီးမျိုးဖြစ်ပြီး 2 မီတာအထိ ကြီးထွားနိုင်ပါတယ်။သတ္တဝါတွေကို မျိုတာဖြစ်ပါတယ်။

ကျောက်စိမ်းရောင် လိပ်ပြာတွေက တကယ်တော့ အပင်တွေရဲ့ အရောင်နဲ့ ရုပ်ဖျက်လို့ ရအောင် လုပ်ပေးထားတဲ့ သဘာဝလက်ဆောင်ကို ပိုင်ထားပါတယ်။သူတို့ဟာ အရှေ့တောင်အာရှ မှာသာ တွေ့ရတဲ့ လိပ်ပြာမျိုးစိပ်ဖြစ်ပြီး သာမာန်လိပ်ပြာနဲ့ မတူတာက လေဟုန်စီးနိုင်တဲ့ အတောင်တွေရှိပါတယ်။

Zanzibar ဆိုတဲ့ အကောင်တွေကို မျောက်လို့ ထင်ပါလိမ့်မယ်။တကယ်တော့ သူတို့ဟာ မျောက်မျိုးနွယ်ဝင်တွေ မဟုတ်ပါဘူးတဲ့။မျောက်နဲ့ ဆင်တူတဲ့ ကောင်တွေဖြစ်ပြီး လှပတဲံ အဖြူ အနီစပ် အမွှေးတွေ ရှိတာဖြစ်ပါတယ်။သူတို့ဟာ အမေဇုံမှာ နေထိုင်ကြပါတယ်။

ကျားဖြူကတော့ ရှားပါတယ်။ဒါပေမယ့် တိရိစ္ဆာန်ရုံတွေမှာ တကောင်စ နှစ်ကောင်စတော့ တွေ့ရပါတယ်။ရိုးရိုးကျားတောင် ရှားသွားပြီဖြစ်ပြီး သူတို့ကို တောထဲအမှတ်မထင်တွေ့ရင်တော့ မြင်းကျားလို့ ထင်ပါလိမ့်မယ်။

ဒီဂျယ်လီငါးတွေကိုတော့ သရဖူဆောင်းတဲ့ ဂျယ်လီငါးလို့ ခေါ်ပါတယ်။သူတို့ဟာ သူတို့ကို သူတို့ အခွံမာလေးနဲ့ ကာကွယ်ထားတာဖြစ်ပြီး အဆိပ်မှုတ်ထုတ်တဲ့ လှပတဲ့ သတ္တဝါတွေဖြစ်ပါတယ်။သူတို့အဆိပ်က ယားနာလို အကွက်ကြီးဖြစ်ပြီး လူဆိုရင် ယောင်ယမ်းစေနိုင်ပါတယ်။

မြင်းနက်တွေကတော့ တခြားသော မြင်းတွေနဲ့ မတူပါဘူး။မြင်းဖြူတောင် ပေါပြီး မြင်းနက်ကတော့ ရှားပါတယ်။2015 မှာတော့ အခုပြေးနေတဲ့ မြင်းမက Miss Universe 2015 ဆုကို ရခဲ့တာဖြစ်ပါတယ်။သူဟာ တကိုယ်လုံးနက်မှောင်ပြီး လည်မွှေးရှည်တွေနဲ့ လှပလွန်းတဲ့ မြင်းတွေဖြစ်ပါတယ်။