Unicode
ပြောချင်လွန်းလို့ စာဖတ်သူတွေအတွက် စိတ်ဝင်စားစရာအကြောင်းအရာလေးတွေ တင်ဆက်ပေးပါရစေ။ အခု တစ်ခေါက်ကတော့ သတ္တဝါလေးတွေ အကြောင်းဖြစ်ပါတယ်။
ချာလီဆိုတဲ့ ကြက်တူရွေးကြီးကို 1899 ခုနှစ်က မွေးခဲ့တာဖြစ်ပါတယ်။သူဟာ လက်ရှိ 2018 ထိ ရှိနေသေးတာဖြစ်ပြီး သူ့အသက်ပဲ 119 နှစ်ရှိနေပါပြီ။သူ့ကို ပိုင်ရှင်ဖြစ်သူ Peter Oram က အိမ်မွေးတိရစ္ဆာန်ဆိုင်က 1965 ခုနျစ် ဝယ်ခဲ့တာဖြစ်ပါတယ်။သူ့ကို အရင်က ဝင်စတန်ချာချီက နာဇီတွေကို ကျိန်စာပို့လို့ ဆိုပြီး ဝယ်ခဲ့တာဖြစ်ပါတယ်။ဗြိတိန်ဆိုတာ့ သူ့ကို အားပေးခြင်းဖြစ်ပါတယ်။1937 ခုနှစ်က ဝယ်ပြီး 1965 ခုနှစ်မှာ အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင် ရောက်ခဲ့တာဖြစ်ပါတယ်။
ပင်လယ်က ရေစုပ်ကောင်တွေဖြစ်ပါတယ်။သူတို့ဟာ သက်ရှိအပင်တွေဖြစ်ပြီးစ အနီးပတ်ဝန်းကျင်က ငါးသေး ငါးသန်လေးတွေကို စာေးသာက်တာ ရေညှီရေမှော်တွေကို စားသောက်တာဖြစ်ပါတယ်။သူ့အရှည်ပဲ ပေ 7000 ကျော်ရှိနေတာဖြစ်ပါတယ်။သူဟာ နှစ်ထောင်ချီရှိနေခဲ့တဲ့ သက်ရှိအပင်အမျိုးအစားဖြစ်ပြီး သူတို့ကို အပင်တွေထဲတော့ အတော်လေး သက်တမ်းရင့်တဲ့ သက်ရှိအပင်မျိုးစိတ်ဖြစ်ပါတယ်။
2009 ခုနှစ်မှာ ရှာတွေခဲ့တဲ့ ပုစွန်ကြီးကတော့ နှစ် 140 ကျော်နေပြီး သူဟာ သက်တမ်းအရင့်ဆုံး အသက်ကြီးဆုံး ပုစွန်ကြီးဖြစ်ပါတယ်။ကနေဒါ နယူးဖောင်း ကျွန်းမှာ တွေ့ရတာဖြစ်ပြီး သူ့ကို ဖမ်းဆီးခဲ့ပါတယ်။နောက်တော့ နယူးယောက်က ပင်လယ်စာနဲ့ ဂဏန်းဆိုင်ကို ပို့ခဲ့တာဖြစ်ပြီး ဝယ်ခဲ့တဲ့ ဂရီဂိုရီကတော့ သူ့ကို ပင်လယ်ထဲ ပြန်လွှတ်ခဲ့ပါတယ်။သူ့လက်တွေနဲ့ သူ့အခွံတွေအရ သူ့သက်တမ်းကို ဖော်ပြနေတာဖြစ်ပါတယ်။မလွှတ်ခင်မှာတော့ သူ့ကို ဒေါ်လာ 1000 ပေးပြီး အဖေနေ့အထိမ်းအမှတ်ပွဲအတွက် ချက်ပေးဖို့ သူဌေးတစ်ဦးက ကမ်းလှမ်းခဲ့ပါသေးတယ်။
အစိမ်းရောင် ကျွန်းဘက်က  ငါးမန်းမကြီးက သက်တမ်းမနည်းတော့ပါဘူး။သူ့အသက်က 274 နှစ်ကနေ 517 နှစ်ကြားရှိမှာဖြစ်ပြီး သူ့ကို 1501 ခုနှစ် ဒါမှမဟုတ် 1744 ခုနှစ်က မွေးခဲ့တာဖြစ်ပါတယ်။သူ့အသက်ကို 274 နှစ်လို့ တွက်ရင်တောင် သတ္တဝါသက်တမ်းအရမ်းရှည်လွန်းနေပြီဖြစ်ပါတယ်။သူဟာ ရေညှိတွေတောင် တက်နေပြီး သူဖြတ်သွားရင် ကျွန်းဘက်ကို လှိုင်းတွေ တအုန်းအုန်း ရိုက်တတ်ပါတယ်။
ဆားဗီးယန်း တိရိစ္ဆာန်ရုံဆိုတာ အမေရိကန်မှာရှိပြီး အဲ့ထဲမှာ မိချောင်းကြီးရှိတာဖြစ်ပါတယ်။သူ့ကို ဂျာမာန်က စစ်အပြီးဖမ်းခဲ့တာဖြစ်ပြီး သူဟာ စစ်မတိုင်ခင်က 2 နှစ်သားသာ ရှိသေးတာဖြစ်ပါတယ်။
သူဟာ ကျန်းမာရေးကောင်းနေဆဲဖြစ်ပြီး အသက် 75 ကျော်နေပြီဖြစ်ပါတယ်။
ပြောချင်လွန်းလို့ စာဖတ်သူတွေလည်း ကမ္ဘာ့အသက်ရှည်ဆုံး သတ္တဝါထဲမှာ လိပ်ကြီးတွေပါဝင်နေတာသိမှာပါ။ Jonathan ဆိုတဲ့ လိပ်ကြီးဟာ အသက် 186 နှစ်ရှိပြီဖြစ်ပါတယ်။သူဟာ ဗြိတိန် ကနေ တောင် အန္တလန်တစ် သမုဒ္ဒရာအထိ ကျင်လည်ကျက်စားနေတာဖြစ်ပါတယ်။သူ့ကို နောက်ပိုင်းတော့ ဖမ်းပြီး ဆေးကုတာ ပြန်လွှတ်တာမျိုး လုပ်ပေးပါတယ်။လူတွေနဲ့ ယဉ်ပြီး နာမည်တောင်ရနေပြီဖြစ်ပါတယ်။
Dakshayani ဆိုတာ အာရှဆင်ကြီးဖြစ်ပြီး သူ့ကို သက်တမ်းအရှည်ဆုံးဆင်အဖြစ် ဂရင်းနစ်စံချိန်တင်ထားရတာဖြစ်ပါတယ်။သူ့အဖိုး လင်းဆိုတာလည်း ဆင်ယဉ်တစ်ကောင်ဖြစ်ပြီး ထိုင်ဝမ်က တိရိစ္ဆာန်မှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။
ဆင်တစ်ကောင်ရဲ့ ပျမ်းမျှ သက်တမ်းဟာ နှစ် 60 ပဲဖြစ်ပါတယ်။သူကတော့ အသက် 86 နှစ်ရှိနေပါပြီ။
လင်းနို့တွေရဲ့ သက်တမ်းက အရမ်းကိုတိုတောင်းပါတယ်။ကာလတိုတခုမှာ နှစ်အပိုင်းအခြားလောက်သာ နေရပေမယ့် သူဟာ အခုဆို အသက် 41 နှစ်တောင် ရှိပြီဖြစ်ပါတယ်။သူ့ကို ဆားဗီးယားက တွေ့ရတာဖြစ်ပြီး အခုတော့ အတည်တကျမွေးခဲ့တာဖြစ်ပါတယ်။
Albatross ဆိုတဲ့ ငှက်တွေရဲ့ ပျမ်းမျှအသက်က 16 နှစ်ဆိုတာ အလွန်ဆုံးဖြစ်ပြီး ဒီရေငှက်ကတော့ အသက် 50 ကျော်နေပါပြီ။သူ့ကို 1956 ခုနှစ်က မွေးခဲ့တာဖြစ်ပြီး သူဟာ ဘေးမဲ့တောထဲနေထိုင်ခဲ့တာဖြစ်ပါတယ်။သူ့အသက်က ကြီးတယ်ဆိုပေမယ့် သန်မာနေဆဲပဲဖြစ်ပါတယ်။
ဝေလငါးတွေရဲ့ သက်ဆမ်းကို ချိုးဖျက်ခဲ့တဲ့ လင်းပိုင်ဖြစ်ပါတယ်။သူ့ကို 1911 ခုနှစ်မှာ မွေးပြီးတော့ သူဟာ ဂျာမနီမှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။အခုဆို အသက် 107 နှစ်လောက်ရှိပြီဖြစ်ပါတယ်။တချို့ကတော့ 80 လောက်သာ ရှိလိမ့်မယ်လို့ ဆိုပါတယ်။သူဟာ အထီးဖြစ်ပြီး အသက် 50 မှာ အမတွေကို ကိုက်ဖြတ် သတ်တာမျိုးလုပ်တတ်ပါတယ်။ဒါပေမယ့် သူဟာ ဘာမှမဖြစ်ပဲ ကူးခပ်သွားနိုင်တာဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။
အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာ့အသက်ရှည်ဆုံး သတ္တဝါများ(သို့)ဝဋ်ကြွေးမကျေသေးလို့ ဆပ်နေရတဲ့ သတ္တဝါတွေ အကြောင်းပဲ ဖြစ်ပါတယ်။