ကမ္ဘာ့အကောင်းဆုံး အားကစားသမားများရဲ့ ထူးဆန်းတဲ့အစွဲအလန်းများ

0
113

၁။ Michael Jordan ကတော့ ဘက်စကတ်ဘောမှာ ထူးချွန်တဲ့ကစားသမားဖြစ်ပါတယ်။သူဟာ NBA သမိုင်းမှာ အမြဲတမ်းအတွက် အကောင်းဆုံးကစားအဖြစ် မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး ငယ်စဉ်က ဘတ်စကတ်ဘောကို ဝါသနာပါရင် အမြဲလူရွေးတဲ့ထဲမပါလို့ ဘေးမှာ ထိုင်ခဲ့ရပါတယ်။သူ့အစွမ်းအစကို တက္ကသိုလ်ရောက်မှ ပြသခွင့်ရခဲ့တာဖြစ်ပါတယ်။

၂။ Kevin Rhomberg က ဘေ့စ်ဘောကစားသမားဖြစ်ပြီး MLB ဘယ်တောင်ပံက ကစားသူဖြစ်ပါတယ်။သူဟာ ရူးသွပ်ဖွယ်ကောင်းလောက်အောင် ဘောလုံးကို အဖမ်းတော်ပြီးတော့ သူလက်နဲ့ ထိမိတဲ့ ဘောလုံးတိုင်းက သူ့ကို အနိုင်ပေးဖို့ ကွင်းထဲရောက်လာသလိုဖြစ်ရသည်အထိပါပဲ။

၃။ Caron Butler ဟာ NBA က ဘက်စကတ်ဘောကစားပဲဖြစ်ပါတယ်။သူဟာ နောက်ခံတိုက်စစ်ကောင်းမွန်ပြီးတော့ အရမ်းသန်မာလွန်းတာဖြစစ်ပါတယ်။သူပါတဲ့ပွဲဆို သူ့အသင်းကို တောင်လို ကာရံထားတယ်လို့ တင်စားပါတယ်။ကစားသမား တော်တော်များများ ပွဲကစားခါနီးမှာ ရေအဝမသောက်တော့ပါဘူး။ဗိုက်လေးပြီး မကစားနိုင်ဖြစ်ရတဲ့ အတွက်ဖြစ်ပါတယ်။သူကတော့ ထူးဆန်းပါတယ်။ပွဲမစခင်မှာ ရေကို 2 လီတာတောင် သောက်တာဖြစ်ပါတယ်။

၎။ ohn Henderson ကတော့ အမေရိကန် ဘောလုံးမှာ အဖျက်အရမ်းကောင်းသူဖြစ်ပါတယ်။သူဟာ တပွဲလုံးကို မကျသွားတဲ့ နှုန်းနဲ့ ရုန်းနိုင်ပြီးတော့ ပွဲရဲ့ လက်ခုပ်သံတွေက သူ့အတွက်ဖြစ်လာခဲ့ပါတယ်။သူ့ကို နည်းပြကတောင် အထူးတည်ပြသခဲ့ရခြင်းမျိုးမရှိအောင် ပါရမီထူးချွန်သူဖြစ်ပါတယ်။

၅။Rafael Nadal က ဘောလုံးသမားနာမည်နဲ့ ဆင်တူတာဖြစ်ပြီး သူကတော့ တင်းနစ်ကစားသမားဖြစ်ပါတယ်။သူဟာ သေးငယ်တဲ့ ဘောလုံးလေးကို အာရုံစူစိုက်နိုင်မှုအားကောင်းပြီး လက်အချိန်အဆကလည်း ကြောက်မက်ဖွယ် တိကျသူဖြစ်ပါတယ်။တဖက်လူရဲ့ နောက်စည်းကို ကပ်ပြီး ရိုက်ချတတ်သူဖြစ်ပြီး သူကိုယ်တိုင်လည်း စည်းပေါ်နေရာ ဘောလုံးက ပိုက်နားကပ်မယ်ဆို လျင်မြန်စွာ ပြေးနိုင်သူဖြစ်ပါတယ်။

၆။Brian Urlacher ဟာ အမေရိကန် ဘောလုံးကို 13 နှစ်တိုင်ကစားခဲ့ပြီး ချီကာဂိုကွင်းထဲက ဝက်ဝံကြီးအဖြစ်ထင်ရှားပါတယ်။သူကတော့ ပွဲမစတင်ခင်မှာ ချောကလက်နှစ်ခုလောက် စားခြင်းက သူ့ကို ကံကောင်းစေတယ်လို့ ဆိုပါတယ်။နှစ်ခုမရလို့ တခုထဲဆို မစားပါဘူး။သုံးခုဆိုလည်း တခုကို လွှင့်ပစ်ပါတယ်။

၇။Laurent Blanc ဟာ ပြင်သစ်ကစားသမားဖြစ်ပြီး သူဟာ 1998 ပြင်သစ်ကမ္ဘာ့ဖလားရတုန်းက ကန်ခဲ့သူဖြစ်ပါတယ်။သူဟာ ကောင်းမွန်တဲ့ကစားသမားဖြစ်ပြီးတော့ သူ့မှာ အစွဲအလန်းတခုရှိတာကတေ့ ပွဲမစခင်မှာ ဂိုးသမားရဲ့ ဦးခေါင်းကို အနမ်းပေးတာဖြစ်ပါတယ်။ဒါဟာ သူ့အသင်းကို ကာကွယ်စောင့်ရှောက်ဖို့ ခွန်အားပေးခြင်းလို့ ဆိုပါတယ်။

၈။ Cristiano Ronaldo ဟာ ဂျူပင်တပ် ရဲ့ မင်းသားဖြစ်ပြီးတော့ ကမ္ဘာ့ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သူဖြစ်ပါတယ်။သူလည်း အစွဲအလန်းတခုရှိတာက ကစားပွဲကို သူတို့ဟာ ဘတ်စ်ကားကြီးတွေ စီးပြီးသွားချိန်ဆို ဂိမ်းကို ထိုင်ကစားပါတယ်။ပြီးရင် အားလုံးဆင်းပြီးမှ ဆင်းပါတယ်။လေယာဉ်ပျံနဲ့ သွားတာဆို ဘယ်သူမှ မဆင်းခင် ရောက်ပြီဆိုတာနဲ့ သူအရင်ဆင်းပါတယ်။ဒါကလည်း ကစားပွဲမှာ အနိုင်ရဖို့ လုပ်ဆောင်တဲ့ သူ့နည်းလမ်းတခုလို့ ဆိုပါတယ်။

၉။ Patrick Roy ဟာ ရေခဲပြင်ဟော်ကီမှာ အတော်ကို ထူးချွန်သူဖြစ်ပါတယ်။သူဟာ ကွင်းထဲမှာတော့ လျင်မြန်တဲ့ ကစားသမားဖြစ်ပြီး သူ့ပွဲဆို လူစည်ကားနေတာဖြစ်ပါတယ်။သူဟာ ပွဲမစခင် ဂိုးတိုင်တွေကို ရှိခိုးဦးတိုက်တဲ့ ပုံစံအမြဲလုပ်တာဖြစ်ပါတယ်။

၁၀။ Serena Williams ကတော့ တင်းနစ်မှာ နာမည်ကျော် သမိုင်းဝင် အမျိုးသမီးအားကစားသမားဖြစ်ပါတယ်။သူဟာ တိုက်ကွက်တွေ အလွန်လျင်မြန်ပြီး ဘောလုံးရိုက်ချက်တွေ တိကျပါတယ်။သူ့မှာတော့ အရောင်တူဘောင်းဘီတွေပဲ ထားထားပြီး ကစားပွဲစဉ် တလျောက်လုံးကို တူညီတဲ့ အရောင်ပဲဝတ်တတ်ပါတယ်။

၁၁။Laura Trott ဟာ အိုလံပစ်ရွှေတံဆပ်ရထားတဲ့ ကောင်မလေးဖြစ်ပြီးတော့ သူမဟာ ပြိုင်ပွဲမစခင်မှာ ရေအေးဆွတ်ထားတဲ့ သဘက်စောင်နဲ့ မျက်နှာကို သုတ်ခြင်းက သူ့ကို ပွဲအတွင်း အာရုံစူးစိုက်မှုအားကောင်းစေတယ်လို့ဆိုပါတယ်။သူဟာလည်း သူ့အရည်အချင်းထက် သူ့ရဲ့ အစွဲအလန်းကို ပိုမြတ်နိုးတတ်သူဖြစ်ပါတယ်။

၁၂။ တိုက်ဂါးဝုဒ်ဟာ ကမ္ဘာကျော် ဂေါက်ရိုက်သမားတစ်ဦးဖြစ်ပြီးတော့ သူဟာ အစွဲအလန်းတခုရှိပါတယ်။ဒါကတော့ တနင်္ဂနွေဆို တီရှပ်အနီကို ဝတ်ပါတယ်။ဒီလို ဝတ်ခြင်းက သူ့ကို ရက်သတ္တပတ်လုံး ကံကောင်းစေတယ်လို့ ဆိုပါတယ်။သူလည်း အစွဲအလန်းကြီးသူဖြစ်ပါတယ်။