ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ အရသာအရှိဆုံး အစားအစာ 10 မျိုး

0
73

မှိုတွေကို လူကြိုက်များသလို တရုတ်အစားအစာတွေမနှာ မှိုကို အဓိကထည့်ချက်ပါတယ်။မှိုဟာ အတော်လေး ဈေးကြီးတဲ့ မှိုရှိပေမယ့် Matsutake ဆိုတာကတော့ 1 ကီလိုကို ဒေါ်လာ 600 ရှိပြီး ဂျပန်က အဓိက ထွက်တာဖြစ်ပါတယ်။မှိုခြောက်တွေပြုလုပ်ပြီး ရောင်းချတာဖြစ်ပါတယ်။ဒီမှိုတွေဟာ သစ်ဆွေးတွေမှာ ကပ်ပေါက်ပြီး အအေးပိုင်းဒေသဝန်းကျင်မှာ ရှိတာဖြစ်ပါတယ်။

Kopi Luwak ဆိုတဲ့ ကော်ဖီက ကမ္ဘာ့အကောင်းဆုံးကော်ဖီထဲက တခုဖြစ်ပါတယ်။ဒီကော်ဖီဟာ တခွက်ကို ဒေါ်လာ 250 ကနေ 1200 အထိရှိတတ်ပါတယ်။ဒီကော်ဖီစေ့တွေကို စားတဲ့တောကြောင်တွေရှိပြီးတော့ သူတို့က စွန့်လိုက်တဲ့ မစင်မှာ ပါတဲ့ ကော်ဖီစေ့တွေကို ပြန်လည်ဖျော်ရောင်းတာဖြစ်ပါတယ်။အင်ဒိ၊ဖိလစ်ပိုင်နဲ့ အိန္ဒိယတောင်ပိုင်းက အများဆုံးထွက်တာဖြစ်ပါတယ်။

အဖြူရောင်ပုလဲလို့ခေါ်တဲ့ ငါးဥဆားနယ်တွေက သူဌေးတွေ ပါးစပ်အလိုလိုက်တဲ့ အစားအစာဖြစ်ပါတယ်။ဒီငါးဥဆားနယ် 1 ကီလို ကို ဒေါ်လာ 9000 လောက်ရှိပါတယ်။ဒီငါးတွေဟာ ကပ်စပီယံ ပင်လယ်ကွေ့မှာ နေထိုင်ပြီးတော့ သူတို့ဟာ နှစ်တရာဝန်းကျင်လောက်ထိ သက်ရှည်တတ်ပါတယ်။သူတို့ရဲ့ ဥတွေဖြစ်ပြီးတော့ ဒီငါးမျိုးကလည်း ရှားပါးတာဖြစ်ပါတယ်။

ငှက်သိုက်တွေက ဈေးကြီးပါတယ်။အတုတွေများပြီး အစစ်က ရှားပါးလာကာ ဈေးလည်း ကောင်းပါတယ်။တရုတ်ကတော့ ငှက်သိုက်ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီးတော့ 1 ကီလိုကို ဒေါ်လာ 4000 နီးပါးရှိပါတယ်။ငှက်သိုက်စွပ်ပြုပ်တခွက်ကို ဒေါ်လာ 800 လောက်နဲ့ရောင်းချတာဖြစ်ပြီး ဒါဟာ ငှက်သိုက်ပါရုံလောက်သာ အရောင်ထည့်ထားတဲ့ ဟင်းချိုတွေဖြစ်ပါတယ်။တကယ်တော့ ငှက်သိုက်ဟာ ဇီဝဇိုးတွေဲ့ တံတွေးစေးပျစ်ပျစ်တွေကို ယူခြင်းဖြစ်ပါတယ်။

Saffron ဆိုတာ အနံ့မွှေးတဲ့ နွယ်မြက်မျိုးဖြစ်ပြီးတော့ သူဟာ တနှစ်ပတ်လုံးနေမှ 7 ရက်သာ ပေါက်ပြီး ရှင်သန်တာဖြစ်ပါတယ်။တကယ်တော့ မြက်ပန်းလေးတွေဖြစ်ပြီး 1 ကီလိုမှာ အပွင့်ပေါင်း 3 သိန်းလောက်ရှိတယ်ဆိုတော့ အတော်လေးကို သေးမျှင်တဲ့ ပန်းလေးတွေဖြစ်ပါတယ်။ဒါကို ဥရောပမှာ အမျိုးမျိုးလုပ်စားကြပြီး ဈေးနှုန်းက ပေါတဲ့ အချိန်မှာဒေါ်လာ 400 ကနေ ရှားတဲ့အချိန် ဒေါ်လာ 1000 ထိရှိတတ်ပါတယ်။

အဖြူရောင် ငါးကြီးအံဖတ်တွေက အင်မတန်ဈေးကြီးပါတယ်။သူတို့ကို တွေ့ရှိခြင်းက ရွှေကို တွေ့ရသလိုပါပဲ။ဥရောပမှာရော အမေရိကား အာရှမှာပါ အလုယက်ဝယ်ပြီး 1 ကီလိုကို ဒေါ်လာ 2100 ရှိပါတယ်။

ကြက်မဲလို့ ခေါ်တဲ့ ကြက်တွေက ဈေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်။ဒီကြက်တွေက အရိုးပါနက်မှ ဆေးဖက်ဝင်တယ်သတ်မှတ်ပြီး သူတို့ကို တရုတ်က မွေးမြူရေးပြန်လုပ်ပါတယ်။အင်ဒိုမှာလည်း ဒီကြက်ခြံတွေများစွာရှိတာဖြစ်ပြီး ဈေးနှုန်းကတော့ 1 ကောင်ကို ဒေါ်လာ 200 လောက်ရှိပါတယ်။

ဒါကတော့ ဂျပန်ရဲ့ အကောင်းဆုံး အမဲသားဖြစ်ပါတယ်။အတွင်းမိုးခိုသားဖြစ်ပြီး ဆော့နဲ့စပ်ရင်တောင် နူးအိအောင် နူးညံ့တဲ့ အသားဖြစ်ပါတယ်။ဒီနွားတွေကိုလည်း ပိုးမွေးသလိုမွေးပြီး သတ်တော့လည်း ညင်သာစွာ သတ်တာဖြစ်ပါတယ်။1 ကီလိုကို ဒေါ်လာ 450 ရှိတဲ့ အမဲသားဖြစ်ပါတယ်။ဒီနွားတွေကို နှိပ်နယ်ပေးတာ သီချင်းနားထောင်ခိုင်းတာ ဘီယာတိုက်တာလုပ်ပြီး မွေးခြင်းဖြစ်ပါတယ်။

စပိန်ရဲ့ အစားအစာဖြစ်တဲ့ Iberian Ham ဆိုတဲ့ ဟမ်ဘာဂါထဲထည့်တဲ့ အစားအစာကတော့ ကမ္ဘာ့ဈေးအကြီးဆုံး ဟမ်ဘာဂါဖြစ်သွားအောင် သူက လုပ်နိုင်ပါတယ်။ဒါဟာ အရသာရှိပြီး အခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေများတဲ့အတွက် 1 ကီလိုကို ဒေါ်လာ 400 လောက်ရှိပါတယ်။

ဒီချိစ်ကတော့ ဘုရားသခင်ဖန်ဆင်းပေးတဲ့ ချိစ်လို့ ဆိုပါတယ်။ဆွီဒင်နိုင်ငံက Moose လယ်ယာမြေက နွားကောင်းနွားသန့်တွေဆီက ရတဲ့ ချိစ်ဖြစ်ပြီးတော့ တခုကို ဒေါ်လာ 1200 နီးပါးရှိပါတယ်။ဒါကို ပေါင်မုန့်နဲ့ တွဲစားရင်တောင် 4ရက်လောက်ပဲ စားရမှာဖြစ်ပါတယ်။