ကမာၻ႕ေစ်းအၾကီးဆံုး နာရီမ်ား

0
51

ဒီနာရီကေတာ့ ေရွးေဟာင္းစတီးနာရီစစ္စစ္ျဖစ္ျပီး အတြင္းက အလွဆင္မႈကို 18ကာရက္ ေရြသားနဲ႕ ဒီဇိုင္းေဖာ္ထားတာျဖစ္ပါတယ္။ဒါကို ေရာင္းခဲ့တုန္းက ေဒၚလာ 2000 ေအာက္ေစ်းနဲ႕ ေကာင္ေလးတစ္ေယာက္လာေရာင္းခဲ့ေပမယ့္ အခုေပါက္ေစ်းက ေဒၚလာ 4.5 သန္းျဖစ္ပါတယ္။

Louis Monet Meteoris ဆိုတဲ့ နာရီကေတာ့ ေရႊသားအတိျပီးတဲ့ နာရီျဖစ္ျပီး စက္ေတြကို ျမင္ေနရပါတယ္။ဒါဟာ လျခမ္းေကြးဒီဇိုင္းေတြျဖစ္ျပီး ဒီနာရီလည္း ရွားပါးနာရီတံဆိပ္ျဖစ္ပါတယ္။ေစ်းႏႈန္းက ေဒၚလာ 4.6 သန္းျဖစ္ပါတယ္။

Hublot Big Bang ဆိုတဲ့ နာရီကေတာ့ စိန္ေတြနဲ႕ စီျခယ္ထားတာျဖစ္ျပီးေတာ့ ဒါကို ၾကယ္တာယာေတြနဲ႕ တင္စားထားတာျဖစ္ပါတယ္။အေရာင္က တလက္လက္ထြက္ေနတာျဖစ္ျပီး တကယ့္ကို လွပတဲ့ နာရီျဖစ္ပါတယ္။ေစ်းႏႈန္းကေတာ့ 5 သန္းျဖစ္ပါတယ္။

Patek Philippe Ref. 1518 in Stainless Steel ဆိုတဲ့ နာရီကလည္း ေရွးေဟာင္းနာရီျဖစ္ျပီး အေတာ္ေလးရွားပါးပါတယ္။ဒါဟာ အေရအတြက္ ကန္႕သတ္ျပီးထုတ္တာျဖစ္လို႕ အခုဆို ေစ်းက ေဒၚလာ 11 သန္းေလာက္ တန္ေၾကးရွိပါတယ္။

Jacob & Co. Billionaire ဆိုတဲ့ နာရီကိုေတာ့ ဘီလ်ံနာ နာရီလို႕ ေခၚပါတယ္။စိန္ပြင့္ေတြ မ်ားစြာ ပါဝင္ျပီး စိန္ခ်ည္းပဲ 260 ကာရက္ရွိပါတယ္။ေထာင့္စြန္းေတြကို နီလာနဲ႕ အုပ္ထားျပီး ေစ်းႏႈန္းက ေဒၚလာ 18 သန္းရွိပါတယ္။

Patek Philippe Henry Graves Supercomplication ဆိုတဲ့ နာရီကလည္း မိနစ္လက္တံ၊ျပကၡဒိန္၊ေန႔အပူခ်ိန္ကိုပါ တိုင္းတာႏိုင္ျပီး တခ်ို႕မလိုအပ္တဲ့ လုပ္ေဆာင္မႈ တခ်ိဳ႕ ပါဝင္ပါတယ္။ဒီနာရီလည္း အကန္႔အသတ္နဲ႕ ထုတ္ခဲ့ျပီး ေစ်းႏႈန္းက ေဒၚလာ 24 သန္းရွိပါတယ္။

Chopard 201-Carat ဆိုတာ စိန္ေတြနဲ႕ နီလာေတြ စီျခယ္ထားျပီး နာရီအသြင္အျပင္ပါ ေပ်ာက္ေနတဲ့ နာရီျဖစ္ပါတယ္။ဒီနာရီမွာ စိတ္ခ်ည္၏းပဲ 12 ကာရက္ အသန္႕နဲ႕ အျဖဴေရာင္စိန္ 11 ကာရက္အျပင္ အဝါေရာင္စိန္ 163 ကာရက္ပါရွိပါတယ္။

Breguet Marie-Antoinette Grande Complication ဆိုတဲ့ နာရီကို 1782 က ထုတ္ခဲ့တာျဖစ္ျပီး နာရီစုေဆာင္းသူ တစ္ဦးျဖစ္တဲ့ Marie Antoinette ဆိုတဲ့ အမ်ိဳးသားမွာ ရွိတာျဖစ္ပါတယ္။သူ႕နာရီကို ေရာင္းျပီး သန္းၾကြယ္သူေဌးေတာင္ လုပ္လို႕ ရပါတယ္။နာရီေစ်းက ေဒၚလာ သန္း 30 ေပါက္ေၾကးရွိပါတယ္။

ဒါကေတာ့ အမ်ိဳးသမီးဝတ္လက္ပတ္နာရီျဖစ္ျပီး အျဖဴေ၇ာင္ သန္႕သန္႕စိန္ 153 ကာရက္နဲ႕ ပုလဲေပါက္ပံုစံေဖာ္ထားတဲ့ စိန္ 38 ကာရက္ရွိပါတယ္။ဒီနာရီတစ္လံုးရဲ႕ ေစ်းႏႈန္းကေတာ့ ေဒၚလာ သန္း 50 ရွိပါတယ္။

ဒီနာရီဟာ နာရီနဲ႕ မတူပါဘူး။စိန္ေတြေက်ာက္ေတြ စီျခယ္ထားတဲ့ လက္ပတ္နဲ႕ တူပါတယ္။သူဟာ ဘီလ်ံနာေတြရဲ႕ မိန္းမေတြအတြက္ ထုတ္လုပ္တာျဖစ္ျပီး စိန္ 110 ကာရက္နဲ႕ နီလာနဲ႕ ပတၱျမားအျပင္ ေရႊျဖဴပါ ပါဝင္ပါတယ္။သူ႕ေစ်းႏႈန္းကေတာ့ 55 သန္း ရွိတာျဖစ္ပါတယ္။

Unicode

ဒီနာရီကတော့ ရှေးဟောင်းစတီးနာရီစစ်စစ်ဖြစ်ပြီး အတွင်းက အလှဆင်မှုကို 18ကာရက် ရွေသားနဲ့ ဒီဇိုင်းဖော်ထားတာဖြစ်ပါတယ်။ဒါကို ရောင်းခဲ့တုန်းက ဒေါ်လာ 2000 အောက်စျေးနဲ့ ကောင်လေးတစ်ယောက်လာရောင်းခဲ့ပေမယ့် အခုပေါက်စျေးက ဒေါ်လာ 4.5 သန်းဖြစ်ပါတယ်။

Louis Monet Meteoris ဆိုတဲ့ နာရီကတော့ ရွှေသားအတိပြီးတဲ့ နာရီဖြစ်ပြီး စက်တွေကို မြင်နေရပါတယ်။ဒါဟာ လခြမ်းကွေးဒီဇိုင်းတွေဖြစ်ပြီး ဒီနာရီလည်း ရှားပါးနာရီတံဆိပ်ဖြစ်ပါတယ်။စျေးနှုန်းက ဒေါ်လာ 4.6 သန်းဖြစ်ပါတယ်။

Hublot Big Bang ဆိုတဲ့ နာရီကတော့ စိန်တွေနဲ့ စီခြယ်ထားတာဖြစ်ပြီးတော့ ဒါကို ကြယ်တာယာတွေနဲ့ တင်စားထားတာဖြစ်ပါတယ်။အရောင်က တလက်လက်ထွက်နေတာဖြစ်ပြီး တကယ့်ကို လှပတဲ့ နာရီဖြစ်ပါတယ်။စျေးနှုန်းကတော့ 5 သန်းဖြစ်ပါတယ်။

Patek Philippe Ref. 1518 in Stainless Steel ဆိုတဲ့ နာရီကလည်း ရှေးဟောင်းနာရီဖြစ်ပြီး အတော်လေးရှားပါးပါတယ်။ဒါဟာ အရေအတွက် ကန့်သတ်ပြီးထုတ်တာဖြစ်လို့ အခုဆို စျေးက ဒေါ်လာ 11 သန်းလောက် တန်ကြေးရှိပါတယ်။

Jacob & Co. Billionaire ဆိုတဲ့ နာရီကိုတော့ ဘီလျံနာ နာရီလို့ ခေါ်ပါတယ်။စိန်ပွင့်တွေ များစွာ ပါဝင်ပြီး စိန်ချည်းပဲ 260 ကာရက်ရှိပါတယ်။ထောင့်စွန်းတွေကို နီလာနဲ့ အုပ်ထားပြီး စျေးနှုန်းက ဒေါ်လာ 18 သန်းရှိပါတယ်။

Patek Philippe Henry Graves Supercomplication ဆိုတဲ့ နာရီကလည်း မိနစ်လက်တံ၊ပြက္ခဒိန်၊နေ့အပူချိန်ကိုပါ တိုင်းတာနိုင်ပြီး တချို့မလိုအပ်တဲ့ လုပ်ဆောင်မှု တချို့ ပါဝင်ပါတယ်။ဒီနာရီလည်း အကန့်အသတ်နဲ့ ထုတ်ခဲ့ပြီး စျေးနှုန်းက ဒေါ်လာ 24 သန်းရှိပါတယ်။

Chopard 201-Carat ဆိုတာ စိန်တွေနဲ့ နီလာတွေ စီခြယ်ထားပြီး နာရီအသွင်အပြင်ပါ ပျောက်နေတဲ့ နာရီဖြစ်ပါတယ်။ဒီနာရီမှာ စိတ်ချည်၏းပဲ 12 ကာရက် အသန့်နဲ့ အဖြူရောင်စိန် 11 ကာရက်အပြင် အဝါရောင်စိန် 163 ကာရက်ပါရှိပါတယ်။

Breguet Marie-Antoinette Grande Complication ဆိုတဲ့ နာရီကို 1782 က ထုတ်ခဲ့တာဖြစ်ပြီး နာရီစုဆောင်းသူ တစ်ဦးဖြစ်တဲ့ Marie Antoinette ဆိုတဲ့ အမျိုးသားမှာ ရှိတာဖြစ်ပါတယ်။သူ့နာရီကို ရောင်းပြီး သန်းကြွယ်သူဌေးတောင် လုပ်လို့ ရပါတယ်။နာရီစျေးက ဒေါ်လာ သန်း 30 ပေါက်ကြေးရှိပါတယ်။

ဒါကတော့ အမျိုးသမီးဝတ်လက်ပတ်နာရီဖြစ်ပြီး အဖြူရောင် သန့်သန့်စိန် 153 ကာရက်နဲ့ ပုလဲပေါက်ပုံစံဖော်ထားတဲ့ စိန် 38 ကာရက်ရှိပါတယ်။ဒီနာရီတစ်လုံးရဲ့ စျေးနှုန်းကတော့ ဒေါ်လာ သန်း 50 ရှိပါတယ်။

ဒီနာရီဟာ နာရီနဲ့ မတူပါဘူး။စိန်တွေကျောက်တွေ စီခြယ်ထားတဲ့ လက်ပတ်နဲ့ တူပါတယ်။သူဟာ ဘီလျံနာတွေရဲ့ မိန်းမတွေအတွက် ထုတ်လုပ်တာဖြစ်ပြီး စိန် 110 ကာရက်နဲ့ နီလာနဲ့ ပတ္တမြားအပြင် ရွှေဖြူပါ ပါဝင်ပါတယ်။သူ့စျေးနှုန်းကတော့ 55 သန်း ရှိတာဖြစ်ပါတယ်။