ကမ္ဘာ့နေရာအနှံ့အပြားမှ ထူးထူးဆန်းဆန်းစားသောက်မှုပုံစံတွေ
0
64
Unicode
ကြက်ဥ ဘဲဥတွေကို နိုင်ငံတကာမှာ ပုံမှန်စားပါတယ်။မသကာလုပ်မှ ဆေးဘဲဥလောက်လုပ်ပြီးတော့ စားကြပါတယ်။ဖိလစ်ပိုင်နဲ့ တရုတ်မှာတော့ ကြက်ဥနဲ့ ဘဲဥတွေကို 11 ရက်အကြာမှာ ပြုတ်လိုက်ပြီးတော့ သန္ဓေသားလောင်းဖြစ်နေချိန်မှာ ရောင်းချပါတယ်။ဒါက ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ပိုကောင်းတယ်လို့ ဆိုပါတယ်။
အရှေ့တောင် အာရှက နိုင်ငံတချို့မှာ မြွေနဲ့ စိမ်ထားတဲ့ ဝိုင်အရက်တွေကို ရောင်းချပါတယ်။ဒီို စိမ်ထားပြီး သောက်သုံးခြင်းဟာ အမျိုးသားတွေအတွက် ပိုပြီး ခွန်အားဖြစ်စေတယ်လို့ ဆိုပါတယ်။တချို့ကတော့ မြွေသွေးကို သောက်သုံးပါတယ်။
ဒါကတော့ တရုတ်မှာရော မြန်မာမှာပါ စားတဲ့ဆေးဘဲဥတွေဖြစ်ပါတယ်။ဒါက ဆေးဘက်ဝင်ပါတယ်။ဒီဘဲဥတွေကို စားသုံးခြင်းက ခွန်အားတိုးစေခြင်းနဲ့ သွေးလေလျောက်ပတ်ခြင်းကို ခံစားရစေပါတယ်။
ကမ္ဘောဒီးယားမှာတော့ ပင့်ကူတွေကို ရောင်းပါတယ်။သေချာကြော်ပြီး အချဉ်ရည်နဲ့ ရောင်းချတာဖြစ်ပါတယ်။ပင့်ကူကို အများဆုံးစားတာ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်ဖြစ်ပြီး ပင့်ကူကြီးတွေကို ကျော်ပြီးရောင်းချတာဖြစ်ပါတယ်။
ရေဘဝဲကြီးတွေရဲ့ လက်ချောင်းတွေကို ဂျပန်နဲ့ ကိုရီးယားမှာ အစားများပါတယ်။သူတို့ရဲ့ စုပ်ခွက်တွေက အတော်လေးစားကောင်းတယ်လို့ ဆိုပါတယ်။တရုတ်မျာလည်း စားသုံးကြပါတယ်။
ဒါကတော့ တရုတ်လူမျိုးတွေ ကျန်းမာရေးအတွက်ဆိုပြီး ယောကျ်ားလေး ကလေးငယ်တွေရဲ့ ဆီးနဲ့ ပြုတ်တဲ့ ကြက်ဥတွေကို စားခြင်းဖြစ်ပါတယ်။ဒါဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုတိုးတက်စေတယ်လို့ဆိုပါတယ်။
ယောက်သွားတို့ ဂုံးတို့ကိုလည်း စားတဲ့နိုင်ငံရှိသလို မစားတဲ့ နိုင်ငံရှိပါတယ်။ဥရောပကတော့ ပိုပြီးစားသုံးပါတယ်။အပျော်စီးသင်္ဘောကြီးတွေပေါ်မှာ ချက်ချင်းဖမ်း ချက်ချင်းရောင်းချခြင်းမျိုးတွေပါ ရှိပါတယ်။
ကြက်တွေကို ခြေသည်းခွံမချွတ်ပဲ ရောင်းတာကတော့ ဖိလစ်ပိုင်မှာဖြစ်ပါတယ်။ကြက်ခြေထောက်တွေကို ကြော်ပြီး ဘီယာဆိုင်မှာ တင်ပါတယ်။စားတဲ့သူက သွားနဲ့ကိုက်ပြီး ခြေသည်းခွံချွတ်တာကို ဖီးလ်တမျိုးလို့ သတ်မှတ်ကြပါတယ်။
ပုရွက်ကောင်ကြီးတွေရဲ့ ဥတွေကို တူပြီး စားသောက်ဆိုင်သွင်းတဲ့လုပ်ငန်းက မက္ကဆီကိုမှာ အတော်လေးအုလပ်ဖြစ်ပါတယ်။သူတို့ရဲ့ ဥတွဲလေးတွေကို ပြုတ်ပြီး သုပ်စားကြတာဖြစ်ပြီး ဒီဟင်းပွဲက အတော်လေး စျေးကြီးပါတယ်။