ကမ္ဘာမ​ကျော်​ခင်​က အင်​မတန်​ ဆိုးသွမ်းကြတဲ့ နာမည်​​ကျော်​ ဆယ်​လီ ၇ ဦး

0
89

ကမ္ဘာ​ကျော်​ အဆို​တော်​ကြီး​တွေ နဲ့ စတားသရုပ်​​ဆောင်​​တွေကြီး​တွေဆိုတာလည်း တကယ်​​တော့ သာမန်​လူ​တွေလိုပါပဲ။ တချို့က​တော့ အ​တော့်​ကို ဆိုးသွမ်းတဲ့ လူ​တွေဖြစ်​ခဲ့ဖူးပါတယ်​။ အ​သွေးအသား နဲ့ လူသားဘဝ​တွေမို့ ဒါေ​တွက မထူးဆန်းဘူးလို့ပဲ ဆိုရပါမယ်​။ အားလုံးပဲ ကိုယ်​နှစ်​သက်​ရာ ဖြတ်​သန်းအ​တွေ့အကြုံ​တွေသင်​ယူကြတာပါပဲ။ ကမ္ဘာမ​ကျော်​ခင်​ကတည်းက အင်​မတန်​ ဆိုးသွမ်းကြတဲ့ နာမည်​​ကျော်​ ဆယ်​လီ ၇ ဦး ကို ​ဖော်​ပြ​ပေးချင်​ပါတယ်​။

ဒမ်​မီ လိုဗာတို

မင်းသမီး​ချော​လေးက ဒစ္စ​နေးစတားအဖြစ်​ မ​ကျော်​ကြားခင်​ကာလ က​လေးဘဝမှာ ချို့ငဲ့ဆင်းရဲတဲ့ က​လေးငယ်​တစ်​​ယောက်​ကို အနိုင်​ကျင့်​နှိပ်​စက်​ခဲ့ဖူးတယ်​လို့ ဆိုပါတယ်​။ အချင်းအရာတစ်​ခုလုံးကို​တော့ အ​သေအချာမသိရ​ပေမယ့်​လို့ သူဟာ က​လေးဘဝတုန်းက သာမန်​က​လေးတစ်​​ယောက်​လိုသာပဲ ရက်​စက်​တဲ့အပြုအမူ​တွေ ရင်ထဲ​ကိန်း​အောင်း​နေတဲ့ က​လေးငယ်​တစ်​​ယောက်​ဖြစ်​ခဲ့ပုံရပါတယ်​။

ရောဘတ်​​ဒေါင်​နီ

သူ့ရဲ့မျက်​နှာကိုက မြင်​ရတာ ချစ်​စရာ​ကောင်းလွန်း​နေသလို ဒီအသွင်​အပြင်​မှာကိုပဲ ငယ်​ငယ်​တုန်းက ဘယ်​​လောက်​​တောင်​ ဗရုတ်​ကျခဲ့မလဲ ​တွေးပြီးပြုံးချင်းစရာဖြစ်​​နေပါတယ်​။ သူ့​အထက်တန်းေ​​ကျာင်းသားဘဝတုန်းက ဆရာဆရာမ​တွေ အပါအဝင်​ ​တွေ့ကရာလူတိုင်းကို ရိုင်းရိုင်းပျပျကို ဆက်​ဆံခဲ့ပါတယ်​တဲ့။ သူ့ကိုယ်​သူ ​အောင်​မြင်​မယ်​လို့လဲ ကြိုတင်​သိရှိ​နေခဲ့ပုံရပါတယ်​။

အမ်​မီနမ်

အမ်​မီနမ်​ လို့ ဆိုလိုက်​ရင်​ သူ့ကို ပကတိအရှင်း လူ​ကောင်းသူ​ကောင်းကြီးတစ်​​ယောက်​လို့​တော့ ထင်​စရာအ​ကြောင်းမရှိပါဘူး။ အရင်​တုန်းက မ​တော်​တဆဖြစ်​ပြီး သူ့အပြုအမူတစ်​ခု​ကြောင့်​ လူတစ်​​ယောက်​ကို မီး​လောင်​ခံ​တော့မလိုအထိ ဖြစ်​​စေခဲ့ဖူးပါတယ်​တဲ့။

အမ်​မာ​ဝပ်​ဆန်

ဟယ်​ရီ​ပေါ်တာ ရုပ်​ရှင်​ရိုက်​ကူးစဉ်​က အမ်​မာဟာ ရုပ်​ရှင်​ထဲက အရန်​သရုပ်​​ဆောင်​တစ်​​ယောက်​ကို နှုတ်​ဆက်​စကား ဆိုဖို့​တောင်​ လုံးလုံးလျားလျား မျက်​ကွယ်​ပြုပြီး သူနဲ့ မတူမတန်​သလို ဆက်​ဆံခဲ့ဖူး​ကြောင်းကို အဆိုပါ အရန်​သရုပ်​​ဆောင်​ရဲ့ဖွင့်​ဟမှုအရ သိရှိရပါတယ်​။ အ​ခြေအ​နေ​တွေ အမျိုးမျိုးရှိနိုင်​​ပေမယ့်​ အမ်​မာဟာ ရိုက်​ကွင်း​ပေါ်က ဇာတ်​ရန်​​တွေကို တစ်​​ယောက်ကိုမှ နှုတ်​ဆက်​​လေ့မရှိဘူးလို့ ဆိုပါတယ်​။

ပစ်​ဘူးလ်

အဆို​တော်​ ပစ်​ဘူးလ်​ ကြီးက အတွင်းလူ​တွေဆီက ထွက်​လာတဲ့သတင်းအရ ဟိုးအရင်​က​တည်းက ရိုင်းစိုင်းတတ်​တဲ့ က​လေးငယ်​တစ်​​ယောက်​ဖြစ်​ခဲ့တယ်​ လို့ သိရပါတယ်။ လူငယ်​ဘဝမှာလည်း လူ့​ပေါက်​ပန်း​ဈေးဘဝနဲ့ ဖြတ်​သန်းခဲ့ဖူးတယ်​လို့ ဆိုကြပါတယ်​။ လူငယ်​တစ်​​ယောက်​ဆိုတာ​တော့ ဒီလိုမှားကြတာ ဖြတ်​သန်းရတဲ့အဆင့်​တစ်​ခုလို အ​တွေ့အကြုံ တစ်​ခုဆိုတာ​တော့ ​သေချာပါတယ်​။

အရီယားနားဂရန်​ဒီ

သူမ နဲ့ ​ခြောက်​တန်းအတူတူတက်​​ရောက်​ခဲ့တဲ့ အတန်း​ဖော်​ရဲ့အဆိုအရ ​ခြောက်​တန်း​ကျောင်းသူဘဝက ဂရန်​ဒီဟာ လုံးဝ အ​ချေဇယားခင်းတဲ့ ​ကောင်​မ​လေးလို့ သိရပါတယ်​။ အနုပညာအရည်​အ​သွေးက သူ့ဆီမှာ အဲ့ဒီအချိန်​ကတည်းက ​တောက်​ပ​နေပြီး ပညာဂုဏ်​​မောက်​ခဲ့သူပါတဲ့။ ​ကျောင်းကပွဲက ဂီတပြဇာတ်​တစ်​ခုမှာ ပါဝင်​​ပေးဖို့ အကူအညီ​တောင်းခံရတုန်းက ငါက ဘ​ရော့​ဝေးပြဇာတ်​မှာ ကမှာဟဲ့… နင့်​လို ပြဇာတ်​​လေးနဲ့ ရာရာစစ လို့ တုံ့ပြန်​ခဲ့ဖူးတယ်​လို့ သိရှိရတာပါ။

ဂျက်​စတင်​ဘီဘာ

ဘီဘာက​တော့ တကယ့်​ငဆိုးဆိုတာ ထပ်​​ပြောစရာလိုမယ်​မဟုတ်​ပါ။ အားလုံးသိပြီးသားဖြစ်​ပါလိမ့်​မယ်​။ တစ်​ခါက ​ကျောင်းသားဘဝမှာ ဆရာတစ်​​ယောက်​အ​ပေါ် ​ကော်​ဖီ​တွေ ​လောင်းချပစ်​ခဲ့ပြီး ရိုင်းပျတဲ့ ဆဲ​ရေးတိုင်​ထွာ အမူအရာ​တွေလည်း လုပ်​ပြခဲ့ဖူးတယ်​လို့ သိရပါတယ်​။ ဘယ်​လိုအ​ကြောင်းမျိုး​တွေရှိခဲ့လဲ​တော့ မသိရ​ပေမယ့်​ ​ကျောင်းထုတ်​ခံခဲ့ရပြီး သူ့ရဲ့ဘဝမှာ ထာဝရဖျက်​မရတဲ့ အမည်းစက်​တစ်​ခုအဖြစ်​ မှတ်​တမ်းကျန်​ခဲ့ပါတယ်​။

Zaw (H2H)