ကမ္ဘာအနှံ့ကမြို့ကြီးတွေမှာခမ်းနားစွာ ကျင်းပခဲ့တဲ့ Batman ရဲ့အသက် (၈၀) ပြည့်မွေးနေ့

Batman ကာရိုက်တာဟာ စူပါဟီးရိုးကာရိုက်တာတွေထဲမှာ ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေကိုစိုးမိုးထားတဲ့ ကာရိုက်တာတစ်ခုဖြစ်ပြီး ပရိသတ်အင်အားအတောင့်တင်းဆုံးကာရိုက်တာတွေထဲကတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ Batman ကို 1939 November လ issues ဖြစ်တဲ့ Detective Comics တွေထဲမှာ စတင်တွေ့ခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ Batman အဖြစ်ပေါ်ပေါ်တင်တင်ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ 1939 ကတည်းက ပရိသတ်တွေရှေ့ကိုစတင်ထွက်လာခဲ့တဲ့ Batman ကာရိုက်တာဟာ အခု 2019 မှာဆိုရင် အနှစ် (၈၀) ပြည့်ခဲ့ပါပြီ။

Batman ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ကို တစ်ကမ္ဘာလုံးက Batman ချစ်သူပရိသတ်တွေနဲ့ Batman ရဲ့ ဖန်တီးရှင် စာရေးဆရာတွေ producer တွေ comic writer တွေအားလုံးက စုပေါင်းပြီး ကမ္ဘာအနှံ့ကမြို့ကြီးတွေမှာ ပျော်ပျော်ရွှင်ရွှ့င်နဲ့ ခမ်းနားကြီးကျယ်တဲ့ မွေးနေ့ပွဲကြီးတွေကျင်းပခဲ့ကြပါတယ်။ Batman ရဲ့ logo ကြီးတွေကို မြို့ကြီးတွေရဲ့ အမြင့်ဆုံး မိုးမျှော်တိုက်ကြီးတွေမှာ projector ကြီးတွေနဲ့ ထိုးထားပြီး ပျော်ရွှင်မြူးထူးအော်ဟစ်သံတွေနဲ့ Batman ရဲ့ မွေးနေ့ကိုကြိုဆိုခဲ့ကြသလိုလူတိုင်းနီးပါးက Batman တံဆိပ်ပါတဲ့ အင်္ကျီတွေ T Shirt တွေကို ဝတ်ဆင်ခဲ့ကြပြီး costume ဝတ်စုံပြည့်ဝတ်ဆင်ခဲ့ကြတဲ့ပရိသတ်တွေလည်းရှိပါတယ်။ Batman cosplayer တွေနဲ့ Batman ရဲ့ မွေးနေ့ဟာ ပျော်စရာကောင်းခဲ့သလို New York မှာ Batman ကို ဖန်တီးခဲ့ကြတဲ့ စာရေးဆရာတွေကလည်း Panel Discussion တွေလုပ်ခဲ့ကြပြီး ပရိသတ်တွေက စိတ်ဝင်စားစွာ ကြည့်ရှု့နားထောင်ခဲ့ကြပါတယ်။ Los Angeles မှာတော့ Batman ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် 5km အပြေးပြိုင်ပွဲတစ်ခုကျင်းပခဲ့ကြောင်းလည်းသိရပါတယ်။

ဒါ့အပြင် အာရှတိုက်မှာလည်း ဂျပန်နိုင်ငံ Tokyo မြို့ကြီးရဲ့ အထင်ကရဖြစ်တဲ့ Magnet လမ်းဆုံမှာ Batman ပရိသတ်တွေစုစည်းပြီး ကြောက်ခမန်းလိလိလူအင်အားနဲ့ Batman ရဲ့ မွေးနေ့ပွဲကိုကျင်းပခဲကြပါသေးတယ်။ ကမ္ဘာ့နိုင်ငံကြီး (၁၃) နိုင်ငံမှာ Batman ရဲ့ မွေးနေ့ပွဲကို ခမ်းနားကြီးကျယ်စွာကျင်းပခဲ့ကြပြီး  Spain ရဲ့ Barcelona, Germany ရဲ့ Berlin, Australia ရဲ့ Melbourne နဲ့ Canada ရဲ့ Montreal အပြင် အမေရိကားရဲ့ New York, LA အပြင်အခြားပြည်နယ်တော်တော်များများမှာလည်းကျင်းပခဲ့တာမို့ Batman ရဲ့ မွေးနေ့ကတော့ စည်ကားသိုက်မြိုက်စွာပြီးဆုံးသွားခဲ့တယ်လို့ဆိုရမှာပါ။ တစ်ကမ္ဘာလုံးက သတ်မှတ်ထားတဲ့ Batman Day ကတော့ July 23 ဖြစ်ပါတယ်။

Batman ဇာတ်လမ်းတွေကို ရေးလာခဲ့တဲ့ Tom King အစား Comic book writer James Tynion IV က Batman ဇာတ်လမ်းတွေကိုဆက်လက်ရေးသားသွားဖို့တာဝန်ယူသွးတော့မှာဖြစ်ကြောင်းလည်း Batman ရဲ့ မွေးနေ့မှာ ကြေငြာခဲ့ကြပါတယ်။ James ရေးတဲ့ Batman ရုပ်ရှင်ကို 2021 မှာ ထွက်ရှိလာတော့မှာဖြစ်ကြောင်းလည်းသိရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Batman ရုပ်ရှင်တွေကြိုက်ကြလား။ Batman ကာရိုက်တာကိုရော ရူးသွပ်လား။ နောက်ထပ်ထွက်လာမယ့် Batman ရုပ်ရှင်တွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Unicode