ကမ္ဘာကျော်ဆယ်လီတွေရဲ့ မြင်ရခဲတဲ့ ရှားရှားပါးပါးပုံရိပ်များ

0
49

ကမ္ဘာကျော်အနုပညာရှင်တော်တော်များများကတော့ သူတို့ရဲ့ ပုံမှန်ဘဝတွေဟာ လွတ်လပ်မှုသိပ်မရှိတဲ့ လူချမ်းသာတွေ လိုပါပဲ။ ဒါပေမယ့်လည်း သူတို့မှာတော့ လွတ်လွတ်လပ်လပ်နေခဲ့ရတဲ့ အချိန်လေးတွေ ရှိပါသေးတယ်။ တချို့ ဆယ်လီတွေရဲ့ ဓါတ်ပုံဟောင်းလေးတွေကို ပြန်ပြီးတော့ ကြည့်လိုက်ပါက လက်ရှိချိန်နဲ့ အရာရာ ကွာခြားနေတာကိုတွေ့ရပါလိမ့်မယ်။ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်လည်းဆိုတာကိုတော့ သင်တို့ကြည့်လိုက်တာနဲ့ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ပြောချင်လွန်းလို့ပေ့ခ်ျက ဒီတခေါက်မှာ ဖော်ပြပေးချင်တာကတော့ လက်ရှိလုံးဝမတူတော့ ဆယ်လီတွေရဲ့ တချိန်ကမြင်ကွင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.ကမ္ဘာကျော်အဆိုတော် Britney Spears နဲ့ Rapper Kevin Federline တို့ရဲ့ ၂၀၀၄ ခုနှစ်တုန်းကမင်္ဂလာပွဲက ပုံရိပ်ဖြစ်ပါတယ်.။ အလွန်ချစ်စရာကောင်းနေတဲ့ သူတို့စုံတွဲလေးကိုတော့ တွေ့ရမှာပါ။ စိတ်မကောင်းစွာနဲ့ပဲ ၂၀၀၇ ခုနှစ်မှာတော့ သူတို့နှစ်ယောက်ဟာ လမ်းခွဲခဲ့ကြပါတယ်။

၂.ပေါ့ပ်ဘုရင်ကြီး Michael Jackson နဲ့ Resident Evil ဇာတ်လမ်းတွဲတွေထဲက မင်းသမီးချော Milla Jovovich တို့ရဲ့ ပျော်ရွှင်ကြည်နူးစရာ မြင်ကွင်းလေး ဖြစ်ပါတယ်။

၃.ရသမျိုးစုံပေးနိုင်တဲ့ မင်းသားကြီး Jim Carrey ရဲ့ငယ်ဘဝ ပုံရိပ်ပါ။ The Mask ဆိုတဲ့ဇာတ်လမ်းမှာ ကျွန်တော်တို့စသိလာတဲ့မင်းသားရဲ့ ၁၉၈၁ (၁၉) နှစ်အရွယ်တုန်းက ပုံလေးပါ။ အဲ့ကတည်းက ချစ်စရာကောင်းတဲ့မင်းသားကတော့ လက်ရှိချိန်ထိပါပဲ။

၎.ကျွန်တော်တို့ အားကျရတဲ့ ရေဘုရင်ကြီး Jason Momoa ကတော့ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ မင်းသားကြီးဖြစ်ပါတယ်။ ပုံထဲကသူက ရေဘုရင်ကြီးဆိုတာကို သိသွားရင် အံ့သြသွားမှာပဲနော်။ ဒါကတော့ ၂၀၀၃ ခုနှစ်တုန်းက Shooting တခုပေါ်မှာ မြင်ရတဲ့ ရေဘုရင်ကြီး ဖြစ်ပါတယ်။

၅.ဒီပုံထဲက ကလေးလေးနဲ့ အမျိုးသမီးတဦးကတော့ အခြားသူတွေ မဟုတ်ပါဘူး။ Princess Diana နဲ့ Prince Harry တို့ရဲ့ 1992 ခုနှစ်က ပုံရိပ်လေး ဖြစ်ပါတယ်။

၆.ကမ္ဘာကျော် ဘတ်စကက်ဘော ကစားသမားကြီး မိုက်ကယ်ဂျော်ဒန် နဲ့ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မိုက်ကယ်ဂျက်ဆင်တို့ကို ၁၉၉၂ ခုနှစ်မှာ ဘတ်စကက်ဘောတူတူ ကစားနေတဲ့ ရှားပါးမြင်ကွင်းလေး ဖြစ်ပါတယ်။

၇.၁၉၉၅ ခုနှစ် တုန်းက အဆိုတော်မလေး Britney Spears ရဲ့ပုံလေး ဖြစ်ပါတယ်။ အဲ့တုန်းကတော့ သူ့အသက် ၁၃ နှစ်သာရှိသေးပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့အချိန်လေးလည်း ဖြစ်ပါတယ်။

၈.၁၉၉၄ခုနှစ် The Vampire Chronicles ဆိုတဲ့ဇာတ်လမ်းမှာ တူတူတွဲရိုက်ခဲ့ပြီးနောက် Interview တခုမှာတွေ့ရတဲ့ ကမ္ဘာကျော်မင်းသားကြီး နှစ်ယောက် Tom Cruise နဲ့ Brad Pitt တို့ရဲ့ ပုံလေး ဖြစ်ပါတယ်။ သူတို့ ငယ်ငယ်တုန်းကတော့ ဘယ်လောက်ဆော်ကြည်လည်းဆိုတာကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here