ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ အံ့အားသင့်စရာ ကောလာဟလများ

0
83

တကယ်လို့ သင်ဟာ ပေါ့ပ်စတား တစ်ယောက်ဆိုရင် သင့်အကြောင်း ဟုတ်တာတွေရော၊ မဟုတ်တာတွေပါ ကောလာဟလ သတင်းအဖြစ် နေ့စဉ်ထွက်ပေါ်နေမှာပါ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ လက်ရှိ အကျော်ကြားဆုံးလို့ ဆိုရလောက်တဲ့ လူတွေထဲမှာ မယုံနိုင်စရာ ကောလာဟလတွေ ထွက်လာပြီး အဲ့ဒီထဲက တစ်ချို့ဟာ အမှန်တရားဖြစ်နေတဲ့အခါ ပိုပိုပြီး အံ့သြရပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ကမ္ဘာကျော်တွေရဲ့ အံ့သြစရာမှင်သက်သွားလောက်တဲ့ အဖြစ်မှန်တွေကို တင်ဆက်ပေးပါရစေ။

၁. ကေတီပယ်ရီနဲ့ တေလာဆွစ်တို့ဟာ အောင်မြင်တဲ့သူတွေ ဖြစ်တာနဲ့အမျှ သူတို့သတင်းတွေကလည်း နေ့တိုင်း ပေါက်ကရအစုံထွက်နေတာပါ။ ထူးထူးခြားခြား ကောလာဟလ တစ်ခုမှာတော့ ပယ်ရီဟာ သူမရဲ့ ပိုက်ဆံအိတ်ထဲမှာ တေလာဆွစ်နဲ့ မိုင်လေဆိုင်းရပ်စ်တို့ရဲ့ ဆံပင်တွေပါတဲ့ ဆံခွေတစ်ခုကို ဆောင်ထားလေ့ ရှိတယ်ဆိုတာပါပဲ။ ၂၀၁၃ ခုနှစ်မှာ ပယ်ရီဟာ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါတယ်။ “ဂရမ်မီ ဆုပေးပွဲကို ကျွန်မ စရောက်ဖူးခါစက မိုင်လေရယ် တေလာဆွစ်ရယ်နဲ့ အဝတ်လဲခန်းတစ်ခန်းထဲ ကျဖူးတယ်” လို့ သူမက ပြန်ပြောပြပါတယ်။ “အဲဒါနဲ့ ကျွန်မက သူတို့တစ်ယောက်ချင်းစီက ဆံခွေတစ်ခုဆီကို တောင်းခဲ့ပါတယ် .. အဲ့ဒါ တကယ်ကို လန့်စရာဖြစ်ပေမယ့် သူတို့ဆီက နည်းနည်းဆီယူနိုင်ခဲ့ပြီး ပိုက်ဆံအိတ်ထဲ ထည့်ထားခဲ့တယ် .. ဒါဟာ ကျွန်မရဲ့ လျှို့ဝှက်ချက်လေး တစ်ခုဖြစ်ပါတယ်”

၂. La La Land စတား ရိုင်ယန်ဂေါ့စလင်း (Ryan Gosling) ဟာ နာမည်ကျော် ပေါ့ပ်ဂီတအဖွဲ့ Backstreet Boys ထဲပါမလို ဖြစ်ခဲ့တယ်ဆိုရင် ယုံမလား? ၁၉၉၀ ပြည့်နှစ်တွေမှာ ရိုင်ယန်နဲ့ BB အဖွဲ့ထဲက အေဂျေ တို့ဟာ အိမ်နီးချင်းတွေပါ။ အေဂျေက သူ့ရဲ့အဖွဲ့သစ် Backstreet Boys ထဲမှာ ပါမလားဆိုပြီး ရိုင်ယန်ကို ကမ်းလှမ်းဖူးပါတယ်။ စစချင်း ရိုင်ယန်က ငြင်းခဲ့ပေမယ့် လအနည်းငယ်အကြာမှာ စိတ်ပြောင်းပြီး အေဂျေကို ဆက်သွယ်ခဲ့တယ်။ ဒါပေမယ့် အေဂျေက ပြန်မဆက်သွယ်တော့ပါဘူး။ ၂၀၁၃ မှာတော့ အေဂျေက ဆယ်စုနှစ်ကျော်ကြာခဲ့တဲ့ လျှို့ဝှက်ချက်ကို ပြန်ဖောက်သည်ချခဲ့ပါတယ်။ “ရိုင်ယန်ရေ မင်းကို ပြန်မခေါ်ဖြစ်တာ ဆောရီးပါကွာ .. တကယ်လို့ အဖွဲ့ဝင်ခြောက်ယောက်မြောက် လိုချင်တဲ့အခါ မင်းကို ဖုန်းခေါ်လိုက်ပါမယ်” လို့ သူက ဆိုခဲ့တယ်။ အခုတော့ Backstreet Boys ဟာ Legend ပုံရိပ်တစ်ခုဖြစ်သွားပြီး ရိုင်ယန်ကလည်း ဟောလိဝုဒ်မှာ အောင်မြင်နေပါပြီ။

၃. နစ်ကီမီနာ့ရှ် (Nicki Minaj) ရဲ့ဖခင်ဟာ သူမရဲ့မိခင်ကို သတ်ဖြတ်ဖို့ ကြံရွယ်ခဲ့ဖူးပါတယ်။ သူမ တဟုန်ထိုး မအောင်မြင်လာခင် နောက်ခံဘဝဟာ အမြဲတမ်း လူမသိသူမသိပဲ ရှိခဲ့တာပါ။ ဒါပေမယ့် Details မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ သူမ ငယ်ဘဝက ဆိုးရွားတဲ့ဖြစ်ရပ်အကြောင်း သတင်းကို အတည်ပြုပေးခဲ့ပါတယ်။ “သူက အရမ်း သောက်စားပြီး ဆေးလဲ သုံးတယ် .. ပြီးတော့ အဲ့လိုလုပ်ရင်လည်း သွေးဆိုးလာရော .. အိမ်ကို မီးနဲ့ရှို့ဖို့ လုပ်တုန်းက အမေ့ကိုပါ သတ်ဖို့ ကြိုးစားခဲ့တယ် .. တစ်အိမ်လုံးမီးမလောင်ခင် သူမက အိမ်ထဲက ထွက်လာနိုင်ခဲ့ပါတယ် .. ဒီဖြစ်ရပ်ဟာ ကျွန်မရဲ့ အတွေးထဲမှာ အမြဲရှိနေတယ် .. ကျွန်မရဲ့ အမေကို ပိုပြီး သန်မာစေချင်တယ် .. ကျွန်မသာ အောင်မြင်ရင် သူ့ဘဝကို ပြောင်းလဲပေးနိုင်မယ်လို့ တွေးမိခဲ့တယ်”

၎. Spice Girls အဖွဲ့မှ Baby Spice (အမ်မာ ဘန်တန်) ဟာ နောက်ဆုံးအချိန်မှ အစားထိုးခံရပြီး ရောက်လာသူ ဖြစ်ပါတယ်။ အစက မီချယ်လ်စတီဖန်ဆန်နဲ့ ဖွဲ့စည်းခဲ့ပေမယ့် အဆင်မပြေတဲ့နောက် ဘန်တန်ကို Spice Girls လိုင်းအပ်ထဲ ထည့်လိုက်တာပါ။ စတီဖန်ဆန်ဟာ ကင်ဆာရောဂါဖြစ်ပွားနေတဲ့ မိခင်အတွက် အချိန်ပေးဖို့ ဒီအဖွဲ့ပွဲထွက်ခါနီးမှာ ထွက်လိုက်တာပါ။ “သူတို့လို မီလီယံနာတွေ မဖြစ်လာတဲ့အတွက် ကျွန်မ နောင်တရမိတာပေါ့ .. ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ထွက်ခဲ့တာဟာ ကျွန်မကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယုံကြည်ပါတယ် .. ခုထိလည်း မှန်ကန်တဲ့လုပ်ရပ်လို့ ယူဆပါတယ်” လို့ စတီဖန်ဆန်က ပြောခဲ့ပါတယ်။

၅. ဒယ်မီလိုဗာတို (Demi Lovato) ဟာ စွယ်စုံရအနုပညာရှင်တစ်ဦးပါပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သူမက MMA (Mixed Martial Art) ဖိုက်တာတစ်ယောက်လည်း ဖြစ်ချင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ဘရာဇီးဂျူဂျစ်ဆု တိုက်ခိုက်နည်းမှာ ခါးပတ်ပြာတောင် ရခဲ့တယ်။ သူမ ဟာ လူရှေ့ကို ထုတ်မပြခဲ့ဘဲ တစ်နှစ်လုံး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here