ကမၻာ့နာမည္အႀကီးဆံုးနဲ႔ အေအာင္ျမင္ဆံုး Rapper မ်ား

လူတိုင္းရဲ႕ စိတ္ထဲမွေတာ့ ကိုယ္ပိုင္သတ္မွတ္ထားတဲ့အေကာင္းဆံုးဆိုတဲ့အရာေတြရိွၾကပါတယ္။ ကိုယ့္သတ္မွတ္ခ်က္ကသာ ကိုယ့္ရဲ႕စံတစ္ခုျဖစ္ေနေပမယ့္ ကမၻာတခုလံုးနဲ႔ယွဥ္လာတဲ့အခ်ိန္မွာေတာ့ လူအမ်ားသတ္မွတ္ထားတဲ့ စံေတြကသာ ကမၻာ့စံခ်ိန္အျဖစ္ သတ္မွတ္ၾကတာမ်ိဳးပါ။ Rap ဂီတမွာလည္း တစ္ကမၻာလံုးက ပရိသတ္ေတြကို စစ္တမ္းေကာက္ယူၿပီး သတ္မွတ္ထားတဲ့ ကမၻာ့အေကာင္းဆံုး Rapper ေတြစာရင္းရိွပါတယ္။ အဲ့ဒီစာရင္းထဲမွာ ဘယ္သူေတြပါေနမလဲဆုိတာကေတာ့ အေတာ္စိတ္ဝင္စားဖို႔ေကာင္းပါတယ္ ။ အခုက်ေနာ္တို႔ရဲ႕ မိတ္ေဆြေတြကို ကမၻာ့နာမည္အႀကီးဆံုး Rap အဆိုေတာ္ေတြကဘယ္သူေတြလဲဆိုတာနဲ႔ သူတို႔ရဲ႕အေၾကာင္း အနည္းငယ္ကို ေဖာ္ျပေပးသြားမွာပဲ ျဖစ္ပါတယ္။

Eminem



ဒီစာရင္းရဲ႕ ထိပ္ဆံုးမွာ ရပ္တည္ေနတဲ့သူကေတာ့ က်ေနာ္တို႔ရဲ႕ ခ်စ္ေတာ္ႀကီး Slim Shady ေခၚ Eminem ပဲျဖစ္ပါတယ္ ။ သူရဲ႕နာမည္အရင္းကေတာ့ Marshall Bruce Mathers III ျဖစ္ၿပီး အခုဆိုရင္ သူဟာ အသက္ ၄၆ ႏွစ္ရိွၿပီျဖစ္ပါတယ္။ Infinite (1996),The Slim Shady LP (1999),The Marshall Mathers LP (2000),The Eminem Show (2002),Encore (2004),Relapse (2009),Recovery (2010),The Marshall Mathers LP2 (2013),Revival,Kamikaze (2018)ဆိုၿပီး Album ေတြအမ်ားႀကီးကို ထုတ္ထားသူတစ္ေယာက္ျဖစ္ပါတယ္။

Snoop Dog




Calvin Cordozar Broadus Jr ဆိုတဲ့ နာမည္အရင္းကိုေတာ့ Snoop ရဲ႕ အမာခံပရိသတ္ေတြကလြဲၿပီး ေတာ္ရံုေတြသိမယ္မထင္ပါဘူး ။ သူကေတာ့ ဒီစာရင္းမွာ နံပါတ္၂ေနရာမွာ ပါဝင္ေနပါတယ္။ Snoop ကေတာ့ Rap ဂီတရဲ႕ နတ္ဘုရားလို႔ေတာင္ တင္စားေခၚေဝၚၾကတဲ့သူေတြ ရိွပါတယ္။ ၁၉၉၈ ခုကတည္းကေန အခုခ်ိန္ထိ ဘာလုပ္လုပ္ ေရႊျဖစ္ေနတဲ့ ဒီဘဲႀကီးကေတာ့ Freestyle Rap ရြတ္ရာမွာလည္း တကယ့္ကို God ပါပဲ ။

Kendrick Lamar



2004 ခုႏွစ္မွစၿပီး Rap ဂီတကို ရူးသြပ္စြာလုပ္ကိုင္လာတဲ့ Kendrick Lamar တစ္ေယာက္ကေတာ့အခုစစ္တမ္းမွာေတာ့ တတိယေနရာမွာပါဝင္ေနပါတယ္။ သူကေတာ့ Rap ဂီတကို အဆိုပိုင္းတစ္ခုတည္းတင္မဟုတ္ဘဲ ထုတ္လုပ္သူတစ္ေယာက္အေနနဲ႔ပါလုပ္ကိုင္ေနတာျဖစ္ပါတယ္။ သူနဲ႔ အတူေပၚေပါက္လာတဲ မ်ိဳးစက္ထဲမွာေတာ့ သူက အရည္ခ်င္းအျပည့္ဆံုးလို႔ ဆိုထားတာကိုလည္းေတြ႕ရပါတယ္။

50 Cent

တက်ပ္မျပည့္ဘူးလို႔ ခ်စ္စႏိုးနဲ႔ေျပာတတ္ၾကတဲ့ Rapper ႀကီး 50 Cent ႀကီးရဲ႕နာမည္ အရင္းကေတာ့ Curtis James Jackson ပဲျဖစ္ပါတယ္။ 50 Cent တစ္ေယာက္ကို Rapper တစ္ေယာက္အေနနဲ႔မသိရင္ေတာင္ ႏိုင္ငံျခားအက္ရွင္ဇာတ္ကားေတြမွာ ခဏဏပါေနတတ္တာေၾကာင့္ က်ေနာ္တို႔ျမန္မာပရိသတ္ေတြနဲ႔ သိပ္စိမ္းမေနတဲ့ Rapper တစ္ေယာက္လည္း ျဖစ္ေနတာပါ ။ သူကေတာ့ အခုစာရင္းမွာ နံပါတ္ေလးေနရာမွာ ေရာက္ရိွေနတာျဖစ္ပါတယ္။

Dr.Dre

အသက္၅၄ ႏွစ္အရြယ္ရိွေနၿပီျဖစ္တဲ့ Dr.Dre ကေတာ့ အခုေခတ္မာ God ျဖစ္ေနတဲ့ Rapper ေတာ္ေတာ္မ်ားမ်ားရဲ႕ ေခါင္းကိုင္ဖခင္ႀကီးတစ္ေယာက္ ျဖစ္ၿပီး သူရဲ႕ ကိုယ္ပိုင္တံဆိပ္ျဖစ္တဲ့ Beat by Dr.Dre တံဆိပ္ နားၾကပ္ေတြ ၊ Box ေတြကလည္း တကယ့္ကို နာမည္ႀကီးလွပါတယ္ ။သူကေတာ့ ဒီစာရင္းမွာ နံပါတ္၅ေနရာမွာပါဝင္ေနပါတယ္။ သူစင္တင္ေပးခဲ့တဲ့ Eminem နဲ႔ Snoop Doggကေတာ့ ဒီစာရင္းရဲ႕ ထိပ္ဆံုးေနရာေတြမွာ ေနရာယူထားႏိုင္ပါတယ္ ။ တကယ့္ကို Rap ဂီတရဲ႕ေခါင္းကိုင္ ဖခင္ႀကီးတစ္ေယာက္ပါပဲ ။

Unicode

လူတိုင်းရဲ့ စိတ်ထဲမှတော့ ကိုယ်ပိုင်သတ်မှတ်ထားတဲ့အကောင်းဆုံးဆိုတဲ့အရာတွေရှိကြပါတယ်။ ကိုယ့်သတ်မှတ်ချက်ကသာ ကိုယ့်ရဲ့စံတစ်ခုဖြစ်နေပေမယ့် ကမ္ဘာတခုလုံးနဲ့ယှဉ်လာတဲ့အချိန်မှာတော့ လူအများသတ်မှတ်ထားတဲ့ စံတွေကသာ ကမ္ဘာ့စံချိန်အဖြစ် သတ်မှတ်ကြတာမျိုးပါ။ Rap ဂီတမှာလည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေကို စစ်တမ်းကောက်ယူပြီး သတ်မှတ်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး Rapper တွေစာရင်းရှိပါတယ်။ အဲ့ဒီစာရင်းထဲမှာ ဘယ်သူတွေပါနေမလဲဆိုတာကတော့ အတော်စိတ်ဝင်စားဖို့ကောင်းပါတယ် ။ အခုကျနော်တို့ရဲ့ မိတ်ဆွေတွေကို ကမ္ဘာ့နာမည်အကြီးဆုံး Rap အဆိုတော်တွေကဘယ်သူတွေလဲဆိုတာနဲ့ သူတို့ရဲ့အကြောင်း အနည်းငယ်ကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

Eminem

ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့သူကတော့ ကျနော်တို့ရဲ့ ချစ်တော်ကြီး Slim Shady ခေါ် Eminem ပဲဖြစ်ပါတယ် ။ သူရဲ့နာမည်အရင်းကတော့ Marshall Bruce Mathers III ဖြစ်ပြီး အခုဆိုရင် သူဟာ အသက် ၄၆ နှစ်ရှိပြီဖြစ်ပါတယ်။ Infinite (1996),The Slim Shady LP (1999),The Marshall Mathers LP (2000),The Eminem Show (2002),Encore (2004),Relapse (2009),Recovery (2010),The Marshall Mathers LP2 (2013),Revival,Kamikaze (2018)ဆိုပြီး Album တွေအများကြီးကို ထုတ်ထားသူတစ်ယောက်ဖြစ်ပါတယ်။

Snoop Dog
Calvin Cordozar Broadus Jr ဆိုတဲ့ နာမည်အရင်းကိုတော့ Snoop ရဲ့ အမာခံပရိသတ်တွေကလွဲပြီး တော်ရုံတွေသိမယ်မထင်ပါဘူး ။ သူကတော့ ဒီစာရင်းမှာ နံပါတ်၂နေရာမှာ ပါဝင်နေပါတယ်။ Snoop ကတော့ Rap ဂီတရဲ့ နတ်ဘုရားလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့သူတွေ ရှိပါတယ်။ ၁၉၉၈ ခုကတည်းကနေ အခုချိန်ထိ ဘာလုပ်လုပ် ရွှေဖြစ်နေတဲ့ ဒီဘဲကြီးကတော့ Freestyle Rap ရွတ်ရာမှာလည်း တကယ့်ကို God ပါပဲ ။

Kendrick Lamar

2004 ခုနှစ်မှစပြီး Rap ဂီတကို ရူးသွပ်စွာလုပ်ကိုင်လာတဲ့ Kendrick Lamar တစ်ယောက်ကတော့အခုစစ်တမ်းမှာတော့ တတိယနေရာမှာပါဝင်နေပါတယ်။ သူကတော့ Rap ဂီတကို အဆိုပိုင်းတစ်ခုတည်းတင်မဟုတ်ဘဲ ထုတ်လုပ်သူတစ်ယောက်အနေနဲ့ပါလုပ်ကိုင်နေတာဖြစ်ပါတယ်။ သူနဲ့ အတူပေါ်ပေါက်လာတဲ မျိုးစက်ထဲမှာတော့ သူက အရည်ချင်းအပြည့်ဆုံးလို့ ဆိုထားတာကိုလည်းတွေ့ရပါတယ်။

50 Cent
တကျပ်မပြည့်ဘူးလို့ ချစ်စနိုးနဲ့ပြောတတ်ကြတဲ့ Rapper ကြီး 50 Cent ကြီးရဲ့နာမည် အရင်းကတော့ Curtis James Jackson ပဲဖြစ်ပါတယ်။ 50 Cent တစ်ယောက်ကို Rapper တစ်ယောက်အနေနဲ့မသိရင်တောင် နိုင်ငံခြားအက်ရှင်ဇာတ်ကားတွေမှာ ခဏဏပါနေတတ်တာကြောင့် ကျနော်တို့မြန်မာပရိသတ်တွေနဲ့ သိပ်စိမ်းမနေတဲ့ Rapper တစ်ယောက်လည်း ဖြစ်နေတာပါ ။ သူကတော့ အခုစာရင်းမှာ နံပါတ်လေးနေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

Dr.Dre
အသက်၅၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Dr.Dre ကတော့ အခုခေတ်မာ God ဖြစ်နေတဲ့ Rapper တော်တော်များများရဲ့ ခေါင်းကိုင်ဖခင်ကြီးတစ်ယောက် ဖြစ်ပြီး သူရဲ့ ကိုယ်ပိုင်တံဆိပ်ဖြစ်တဲ့ Beat by Dr.Dre တံဆိပ် နားကြပ်တွေ ၊ Box တွေကလည်း တကယ့်ကို နာမည်ကြီးလှပါတယ် ။သူကတော့ ဒီစာရင်းမှာ နံပါတ်၅နေရာမှာပါဝင်နေပါတယ်။ သူစင်တင်ပေးခဲ့တဲ့ Eminem နဲ့ Snoop Doggကတော့ ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာတွေမှာ နေရာယူထားနိုင်ပါတယ် ။ တကယ့်ကို Rap ဂီတရဲ့ခေါင်းကိုင် ဖခင်ကြီးတစ်ယောက်ပါပဲ ။

Leave a Reply