ကိုလံဘီယာႏုိင္​ငံမွာ အမိုက္စားက်င္းပၾကတဲ႔ ကမၻာ့အပ်င္​းထူျခင္​း​ေန႔

ကိုလံဘီယာႏုိင္​ငံ၊ Itagui ၿမိဳ႕မွာ ျမင္​​ေတြ႕​ေနရတ​ဲ့ ျမင္​ကြင္​း​ေတြဟာ အ​ေတာ္​့ကိုထူးဆန္​းလို႔​ေနပါတယ္​။ ၿမိဳ႕သူၿမိဳ႕သား​ အားလံုးတို႔ဟာ ကုတင္​​နဲ့ အိပ္​ရာ​ေတြကို ၿမိဳ႕ထဲက လမ္​း​ေတြ​အႏွံ႕မွာ ခင္​းထားၾကပါတယ္​။

ဒါ့အျပင္​ သူတို႔ဟာ အိပ္​ရာဝင္​ဝတ္​စံု​ေတြကို ဝတ္​လို႔ အိမ္​အျပင္​ထြက္​ၿပီးခင္​းက်င္​းထားတဲ့ အိပ္​ရာ​ေတြ​ေပၚမွာ ​ေျခပစ္​လက္​ပစ္​လွဲခ်လို႔ ဇိမ္​ခံအနားယူ​ေနၾကတာကုိ ထူးျခားဖြယ္​ရာျမင္​​ေတြ႕ရမွာပါ။ကိုယ္​့စိတ္​ႀကိဳက္​ ​ေခါင္​းအံုး နဲ႔ ​ေစာင္​​ေတြ အျပည္​့အသိပ္​န​ဲ့ ၿမိဳ႕သူျမို႕သား​ေတြဟာ ျမင္​​ေတြ႕ရသူတိုင္​း ​အားက်စရာ​ေကာင္​း​ေလာက္​​ေအာင္​ တစ္​ၿမိဳ႕လံုးဟာ လမ္​း​ေပၚမွာထြက္​လို႔ အနားယူ​ေမွးစက္​​ေနၾကတာပါ။



ဒါဟာ တျခား​ေတာ့မဟုတ္​ပါဘူး။ ကိုလံဘီယာ၊ Itagu ၿမိဳ႕မွာ က်င္​းပခဲ့တဲ့ ကမၻာ့အပ်င္​းထူျခင္​း​ေန႔ ျဖစ္​ပါတယ္​။ ကမၻာ့အပ်င္​းထူျခင္​း​ေန႔ အထိမ္​းအမွတ္​အရ သူတို႔ဟာ အိမ္​မွာလို ပ်င္​းရိပ်င္​းတြဲနဲ႔ ဘာမွမလုပ္​ဘဲ ​ေအး​ေအး​ေဆး​ေဆးနဲ႔ ​ေကာင္​း​ေကာင္​းအနားယူၾကသလိုပဲ ၿမိဳ႕လံုးကြ​်တ္​အႏွံ႕ လမ္​း​ေပၚကိုထြက္​ၿပီး အိပ္​ရာ​ေတြနဲ႔ ဇိမ္​က်က် အနားယူ​ေနၾကတာျဖစ္​ပါတယ္​။ဒီလို အပ်င္​းသည္မ်ားအထိမ္​းအမွတ္​ဟာ ကိုလံဘီယာႏိုိင္ငံမွာ ၁၉၈၅ ခုႏွစ္​ကတည္​းက ယဥ္​​ေက်းမႈတစ္​ခုအ​ေနန​ဲ့ စတင္​ထြန္​းကားလာခဲ့တာျဖစ္​ၿပီး အလုပ္​လုပ္​ရာမွာ ​ေႏွး​ေကြးတတ္​သူ​ေတြကို ခြန္​အားတက္​​ေစဖို႔ အား​ေပးတ​ဲ့ ​အထိမ္​းအမွတ္​​ေန႔ျဖစ္​ပါတယ္​။




​ဒါဟာ အလုပ္​မ်ားလြန္​းၿပီး အလုပ္​ရဲ႕ဖိစီးမႈ​ေၾကာင္​့ စိတ္​ဒုကၡခံစား​ေနရတဲ့သူ​ေတြအတြက္​ အားလပ္​ခ်ိန္​၊ အနားယူခ်ိန္​႐ွိ​ဖို႔ ဘယ္​​ေလာက္​အ​ေရးပါ​ေၾကာင္​း သတိ​တရရွိ​ေစဖို႔ က်င္​းပတ​ဲ့ ပြဲ​ေတာ္​ရက္​တစ္​ခုလဲ ျဖစ္​ပါတယ္​။​ဒါ့အျပင္​ ပြဲ​ေတာ္​ရက္​မွာ ဂီတအမ်ိဳးအစား​ေပါင္​းမ​်ားစြာကို ခံစားရမွာျဖစ္​ၿပီး ဓာတ္​ပံုျပပြဲ၊ ပန္​းခ်ီဆြဲျခင္​းန​ဲ့အတူ ႐ုပ္​႐ွင္​ရံု၊ျပဇာတ္​ရံု​ေတြကိုလဲ အရသာ႐ွိ႐ွိခံစားၾကည္​့႐ႈႏိုင္​မွာျဖစ္​ပါတယ္​။



ဒီလို ကမၻာ့အပ်င္ထူးျခင္း​ေန့​​ရက္​ကို တီထြင္​ခဲ့သူက Carlos Mario Montoya ျဖစ္​ပါတယ္​။ အားလပ္​ခ်ိန္​ နဲ႔ အနားယူခ်္ိန္​ဟာ လူတစ္​​ေယာက္​မွာ ဘယ္​​ေလာက္​အ​ေရးပါတယ္​ဆိုတဲ့အ​ေၾကာင္​း၊ ​လူဟာ ​ေအး​ေအးလူလူ ​ေနထိုင္​ဖို႔လိုတ​ဲ့အ​ေၾကာင္​း အသိ​ေပးလိုရင္​းရည္​ရြယ္​ခ်က္​နဲ႔ သူဟာ ဒီ​ေန႔ကိုတီထြင္​ခဲ့တာျဖစ္​တယ္​လို႔ သိရပါတယ္​။

Unicode

ကိုလံဘီယာနိုင်ငံ၊ Itagui မြို့မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေဟာ အတော့်ကိုထူးဆန်းလို့နေပါတယ်။ မြို့သူမြို့သား အားလုံးတို့ဟာ ကုတင်နဲ့ အိပ်ရာတွေကို မြို့ထဲက လမ်းတွေအနှံ့မှာ ခင်းထားကြပါတယ်။

ဒါ့အပြင် သူတို့ဟာ အိပ်ရာဝင်ဝတ်စုံတွေကို ဝတ်လို့ အိမ်အပြင်ထွက်ပြီးခင်းကျင်းထားတဲ့ အိပ်ရာတွေပေါ်မှာ ခြေပစ်လက်ပစ်လှဲချလို့ ဇိမ်ခံအနားယူနေကြတာကို ထူးခြားဖွယ်ရာမြင်တွေ့ရမှာပါ။ကိုယ့်စိတ်ကြိုက် ခေါင်းအုံး နဲ့ စောင်တွေ အပြည့်အသိပ်နဲ့ မြို့သူမြို့သားတွေဟာ မြင်တွေ့ရသူတိုင်း အားကျစရာကောင်းလောက်အောင် တစ်မြို့လုံးဟာ လမ်းပေါ်မှာထွက်လို့ အနားယူမှေးစက်နေကြတာပါ။

ဒါဟာ တခြားတော့မဟုတ်ပါဘူး။ ကိုလံဘီယာ၊ Itagu မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အပျင်းထူခြင်းနေ့ ဖြစ်ပါတယ်။ ကမ္ဘာ့အပျင်းထူခြင်းနေ့ အထိမ်းအမှတ်အရ သူတို့ဟာ အိမ်မှာလို ပျင်းရိပျင်းတွဲနဲ့ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေးနဲ့ ကောင်းကောင်းအနားယူကြသလိုပဲ မြို့လုံးကျွတ်အနှံ့ လမ်းပေါ်ကိုထွက်ပြီး အိပ်ရာတွေနဲ့ ဇိမ်ကျကျ အနားယူနေကြတာဖြစ်ပါတယ်။ဒီလို အပျင်းသည်များအထိမ်းအမှတ်ဟာ ကိုလံဘီယာနိုင်ငံမှာ ၁၉၈၅ ခုနှစ်ကတည်းက ယဉ်ကျေးမှုတစ်ခုအနေနဲ့ စတင်ထွန်းကားလာခဲ့တာဖြစ်ပြီး အလုပ်လုပ်ရာမှာ နှေးကွေးတတ်သူတွေကို ခွန်အားတက်စေဖို့ အားပေးတဲ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။

ဒါဟာ အလုပ်များလွန်းပြီး အလုပ်ရဲ့ဖိစီးမှုကြောင့် စိတ်ဒုက္ခခံစားနေရတဲ့သူတွေအတွက် အားလပ်ချိန်၊ အနားယူချိန်ရှိဖို့ ဘယ်လောက်အရေးပါကြောင်း သတိတရရှိစေဖို့ ကျင်းပတဲ့ ပွဲတော်ရက်တစ်ခုလဲ ဖြစ်ပါတယ်။ဒါ့အပြင် ပွဲတော်ရက်မှာ ဂီတအမျိုးအစားပေါင်းများစွာကို ခံစားရမှာဖြစ်ပြီး ဓာတ်ပုံပြပွဲ၊ ပန်းချီဆွဲခြင်းနဲ့အတူ ရုပ်ရှင်ရုံ၊ပြဇာတ်ရုံတွေကိုလဲ အရသာရှိရှိခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒီလို ကမ္ဘာ့အပျင်ထူးခြင်းနေ့ရက်ကို တီထွင်ခဲ့သူက Carlos Mario Montoya ဖြစ်ပါတယ်။ အားလပ်ချိန် နဲ့ အနားယူချိန်ဟာ လူတစ်ယောက်မှာ ဘယ်လောက်အရေးပါတယ်ဆိုတဲ့အကြောင်း၊ လူဟာ အေးအေးလူလူ နေထိုင်ဖို့လိုတဲ့အကြောင်း အသိပေးလိုရင်းရည်ရွယ်ချက်နဲ့ သူဟာ ဒီနေ့ကိုတီထွင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။