ကမ္ဘာ့အအောင်မြင်ဆုံး အသင့်စားစားသောက်ဆိုင်များ
၁။ McDonald’s
၂။KFC
၃။Subway
၎။ Pizza Hut
၅။ StarBucks ကော်ဖီ
Unicode
အိမ်မှာစားသောက်ဖို့ မလွယ်ကူကြတဲ့ အခါ မြို့ထဲကို သာသာယာယာထွက်သွားပြီး စားသောက်လို့ရတဲ့ ဆိုင်တစ်ခုခုကိုသွားပြီး စားသောက်ကြတာဟာ ခေတ်ပေါ်လူနေမှုဖက်ရှင်တစ်ခုလိုဖြစ်နေပါပြီ။တချို့လူတွေဆိုရင်တော့ ဆိုင်တောင်မသွားတော့ပဲ အိမ်အရောက်စနစ်တွေနဲ့မှာယူစားသောက်တဲ့အထိကို အသင့်စားစားသောက်ဆိုင်တွေက တွင်ကျယ် နေရာယူနေပါပြီ။ အဲ့ဒီလိုနေရာယူမှုတွေနဲ့အတူ နာမည်ကြီး ဆိုင်တွေကလည်း ကမ္ဘာ့နိုင်ငံအသီသီးမှာ ကိုယ်စားလှယ်တွေပေးအပ်ပြီး ဆိုင်ခွဲတွေ အများကြီးဖွင့်လာပါတယ်။ တချို့ဆိုင်တွေကတော့ ကျနော်တို့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပေမယ့် တချို့ဆိုင်တွေကတော့ မြန်မာနိုင်ငံကို ရောက်မလာသေးပါဘူး။ အခု ကျနော်တို့ပြောချင်လွန်းလို့ မိတ်ဆွေတွေကို တင်ဆက်ပေးချင်တဲ့အကြောင်းရာလေးကတော့ ကမ္ဘာ့နာမည်အကြီးဆုံးနဲ့ ကမ္ဘာ့ပေါ်က ဆိုင်ခွဲအများဆုံးဖွင့်လှစ်ထားတဲ့ အသင့်စားစားသောက်ဆိုင်တွေပဲ ဖြစ်ပါတယ်။
၁။ McDonald’s
McDonald’s ဆိုတဲ့ အသင့်စားစားသောက်ဆိုင်ကတော့ ကမ္ဘာ့အကြီးဆုံးနဲ့ ဆိုင်ခွဲအများဆုံးဖွင့်ထားတဲ့ စာရင်းမှာ နံပါတ်၁ နေရာမှာရပ်တည်နေပါတယ်။ ဆိုင်ခွဲပေါင်း ၃၅၀၀၀ ကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံမှာ ကိုယ်စားလှယ်ပေးအပ်ပြီး ဖွင့်လှစ်ထားပါတယ်။ နောက်ပြီးတော့ လာရောက်စားသုံးသူ ၆၈ သန်းကိုလည်း နေ့စဉ်ရောင်းချပေးနေပါတယ်။ အဲ့ဒီပမာဏကတော့ ဂရိတ်ဗြိတိန်ရဲ့ လူဦးရေထက်တောင် များပြားတဲ့ပမာဏဖြစ်ပါတယ်။ ဟမ်ဘာကာကတော့ Mcdonald’s ရဲ့ အအောင်မြင်ဆုံးထုတ်ကုန်ဖြစ်ပြီး တစ်စက္ကန့်ကို ၂၇ခုနှုန်းနဲ့ရောင်းချနေရပါတယ်။ တစ်ကမ္ဘာ့လုံးမှာရှိတဲ့ဆိုင်ခွဲတွေအတွက် ခန့်ထားတဲ့ဝန်ထမ်းအင်အားကလည်း ၁.၇သန်းရှိပါတယ်။
၂။KFC
KFC လို့လူသိများတဲ့ Kentucky Fried Chicken စားသောက်ဆိုင်ကလည်း ကမ္ဘာ့ဒုတိယအကြီးဆုံးနဲ့ ဆိုင်ခွဲ အများဆုံး စာရင်းမှာပါဝင်နေတာ အဆန်းမဟုတ်ပါဘူး ။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ စဖွင့်စကာလတွေမှာဆိုရင် အသည်းသန်တန်းစီပြီး စားရတဲ့အထိ လူကြိုက်များပေါ်ပြူလာဖြစ်ပါတယ်။ ၁၉၃၀ ခုနှစ်က Kentcucky မှာ Harland Sanders ဖွင့်ခဲ့တာဆိုတော့ အခုဆိုရင် နှစ်ပေါင်း ၈၉ နှစ်တောင်သက်တမ်းရှိပါပြီ။ KFC ကတော့ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာတင် နေ့စဉ် ဖောက်သည် ၈သန်းနီးပါးကို ရောင်းချပေးနေရပါတယ်။ အခုဆိုရင်တော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆိုင်ခွဲပေါင်း ၁၈၈၇၅ကို နိုင်ငံပေါင်း ၁၁၈ မှာ ကိုယ်စားလှယ်ပေးအပ်ပြီး ဖွင့်လှစ်နိုင်ခဲ့ပါပြီ။
၃။Subway
Subway ဆိုတဲ့စားသောက်ဆိုင်ကလည်း ဒီစာရင်းမှာ နံပါတ်၃ နေရာကပါဝင်နေပါတယ် ။ နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၄၂၁၇၄ ဆိုင်ကို ဖွင့်လှစ်ပြီးဖြစ်ပါတယ် ။ Sandwich က လူကြိုက်အများဆုံး အရာဖြစ်ပြီး တစ်ရက်ကို ၇.၆ သန်းနီးပါးအရေတွက်ရှိတဲ့ Sandwichတွေကို ရောင်းချနေရပါတယ် ။ တစ်နှစ်လုံးရောင်းရတဲ့ Sandwich တွေတန်းစီလိုက်မယ်ဆိုရင် ကမ္ဘာကိုတော့ ၁၄ပတ်လောက် ပတ်လို့ရတဲ့အထိ များပြားတဲ့ပမာဏကို ရောင်းရတာပါ ။ကဲ နည်းနည်းနောနောပမာဏလား အမျိုးတို့ရေ ။
၄။ Pizza Hut
Pizza Hut ကတော့ ပီဇာကို အိမ်အရောက်စနစ်နဲ့ရောင်းနေတဲ့ အကြီးဆုံး ပီဇာ အရောင်းလုပ်ငန်းကြီးဖြစ်ပါတယ် ။ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာတင် ဆိုင်ခွဲပေါင်း ၆၀၀၀ ရှိပြီး တခြား ၉၃ နိုင်ငံမှာတော့ ဆိုင်ခွဲပေါင်း ၅၁၃၉ ဆိုင်ကို ဖွင့်လှစ်ထားပါတယ် ။ ၁၉၅၈ခုနှစ်ကတည်းက Dan နဲ့ Frank Carney တို့က စတင်ထူထောင်ခဲ့တဲ့ Pizza Hut ကတော့ ၂၀၀၁ တစ်ခုနှစ်မှာ နိုင်ငံတကာ အာကာသစခန်းကို ပထမဆုံးပီဇာပို့ရတဲ့ ပီဇာဆိုင်လည်း ဖြစ်လာခဲ့ပါတယ် ။ နှစ်စဉ်ပီဇာတွေကိုပြုလုပ်ဖို့ ချိစ့်အလေးချိန်ပေါင် သန်း၃၀၀နဲ့
နို့အလေးချိန် ပေါင် သန်း ၃၆၀ကို အသုံးပြုနေရပါတယ် ။
၅။ StarBucks ကော်ဖီ
စတားဘက်ခ်ကော်ဖီဆိုင်ကတော့ ကမ္ဘာ့အကြီးဆုံး ကော်ဖီရောင်းတဲ့ကုမ္ပဏီဖြစ်ပါတယ် ။ နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ ၂၃၁၈၇ ဆိုင်ကိုဖွင့်လှစ်နိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအတွင်းမှာတာ့ ၁၂၉၇၃ ဆိုင်ဖွင့်လှစ်ထားနိုင်ပါပြီး ။ စတားဘက်ခ် ကော်ဖီဆိုင်ကိုသွားသောက်ပြီးတဲ့သူတွေပြောကြပါတယ် ဒီလောက်ကောင်းတဲ့ကောိဖီ မသောက်ဖူးခြင်းဟာ လူဖြစ်ရှုံးခြင်းပါပဲတဲ့ ။ ဒီခေလက်နာမည်ကြီးအောင် ဘာတွေများ ထည့်ပြီးဖျော်ထားတာပါလိမ့်နော်
Tags: