ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှုကို အာရုံစိုက်ကိုင်တွယ်ဖို့ ကုသမဂ္ဂကို တွန်းအားပေးလိုက်တဲ့ ရေဘုရင်ကြီး ဂျေဆင်မာမိုအာ











Unicode



အမေရိကန်နိုင်ငံ ဟာဝေယံပြည်နယ်ဇာတိ ဟိုနိုလူလူမြို့ သားတဦးဖြစ်တဲ့ ဟောလိဝု နာမည်ကျော် လူသန် မင်းသားကြီး ဂျေဆင်မာမိုအာ ဟာ Aquaman ဇာတ်ကားနဲ့ ရေဘုရင်ကြီး အဖြစ် လူကြိုက်များနေတဲ့ ဟောလိဝုစတားကြီးတဦးပါ။ သူဟာ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်အရေးကို တက်ကြွလှုပ်ရှားစွာ ပါဝင်လုပ်ကိုင်နေသူဖြစ်ပြီး ကမ္ဘာ့ရာသီဥတုဖောက်ပြန့်မှုကြောင့် ကျွန်းနိုင်ငံတွေမှာ သဘာဝဘေးဒဏ်သင့်ခြင်း ပြည်သူတွေမှာ ဒုက္ခဆိုးများစွာခံစားရင်ဆိုင်နေရခြင်းတို့ကို သူဟာ စိုးရိမ်ပူပန်လျက်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပသွားခဲ့တဲ့ ကုလသမဂ္ဂ အစည်းအဝေး မှာ မင်းသား ဂျေဆင်မာမိုအာ က ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှုကို အာရုံစိုက်ကိုင်တွယ်ဖို့ ကုသမဂ္ဂကို ရဲရဲတောက် တွန်းအားပေးလိုက်တယ်လို့ သိရပါတယ်။

အသက် ၄၀ အရွယ်မင်းသားဟာ သူ့ရဲ့လူမှုကွန်ရက် အင်စတေဂရမ်မှာ အမာခံ ချစ်ခင်အားပေးသူ ပရိသတ် နဲ့ ဖော်လိုဝါပေါင်း ၁၃.၄ အထိ ပိုင်ဆိုင်ထားကြောင့် သူ့ရဲ့ ကုလသမဂ္ဂ အပေါ် တိုက်တွန်းမှုဟာ အတော်လေး တာသွားခဲ့တာဖြစ်ပြီး သူ့ရဲ့ စကားဟာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိလာမလဲ ဆိုတာ စောင့်ကြည့်သွားရမှာပါ။

ကမ္ဘာ့ကျွန်းနိင်ငံတွေဟာ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ရေထုညစ်ညမ်းမှုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုးတွေရဲ့. နောက်ဆက်တွဲ အကျိုးဆက်ဒဏ်တွေကို ကမ္ဘာ့ကျွန်းနိင်ငံတွေဟာ ရှေ့ဆုံးကနေ ခါးစည်းရင်ဆိုင်ခံစားနေရတာကြောင်း သူကဆိုသွားခဲ့တာဖြစ်ပါတယ်။

အလျင်အမြန် ပြောင်းလဲမှုလုပ်သင့်နေပါပြီ။ ဒီအခြေအနေဆိုးတွေ ပြုပြင်နိုင်ဖို့ကောင်းပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လိုပြောင်းလဲမှုမျိုးကိုမှ အခုချိန်ထိ မတွေ့ရသေးပါဘူး။ ကမ္ဘာ့ပထမနိုင်ငံတွေ အင်အားကြီးနိုင်ငံတွေရဲ့ အညစ်အကြေးနဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုဒဏ်တွေကြောင့် ကျွန်းတွေလည်း ပင်လယ်ထဲ နစ်မြုပ်ကုန်ပါပြီ။ ဒီအတိုင်းရှေ့ဆက်သွားလို့မဖြစ်ပါဘူး။ ကျွန်တော်တို့ ကမ္ဘာ ကြီးရဲ့ အနာဂတ်ကို ပြောင်းလဲနိုင်မှ ဖြစ်ပါလိမ့်မယ် လို့ သူက မိန့်ခွန်းပြောသွားခဲ့တာပါ။

Tags: