ကမ္ဘာ့ ဝင်ငွေအကြမ်းဆုံး ဒိတ်ဒိတ်ကြဲ Kpop အဖွဲ့များ

ကမ္ဘာ့ဂီတလောက်မှာ Kpop ဟာ လမ်းကြောင်းတစ်ခုပေါ်ရောက်နေပြီ ဆိုတာအသိသာကြီးပါ။ TIME မဂ္ဂဇင်းရဲ့ စကားကို ယူပြောရမယ်ဆိုရင်တော့ဖြင့် K-pop ဟာ ကိုရီးယားရဲ့ အကောင်းဆုံးပြည်ပ ပို့ကုန်လို့တောင်တင်စားပြောလို့ရပါတယ်။ Youtube Channel မှာ ဘီလီယံနဲ့ချီတဲ့ ကြည့်ရှုသူတွေရှိပြီး ဖျော်ဖြေရေးကုမ္ပဏီတွေဟာ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ဝင်နေပါတယ်။ BTS အဖွဲ့ ရဲ့ တစ်နှစ်ဝင်ငွေဟာဆိုရင် အမေရိကန်ဒေါ်လာ ၃.၆ဘီလီယံ လောက်ကို ရှိပါတယ်။ အခုကျနော်တို့ မိတ်ဆွေတွေကို တင်ဆက်ပေးမယ့် အကြောင်းရာလေးကတော့ ကမ္ဘာ့ဝင်ငွေအကြမ်းဆုံး Kpop အဖွဲ့တွေပဲဖြစ်ပါတယ်။

BTS



ဒီစာရင်းရဲ့ထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ BTS အဖွဲ့ဝင်ဖြစ်တယ်ဆိုတာ ကျနော်ကအပေါ်ကပြောခဲ့သလိုပါပဲ သူတို့ရဲ့ တစ်စာဝင်ငွေဟာ နည်းနည်းနောနော ပမာဏမှ မဟုတ်တာ။ သူတို့ရဲ့ Music Tour တစ်ခုဖြစ်တဲ့ Love Your Self Tour ဟာဆိုရင်တော့ တကမ္ဘာလုံးမှာ 1.7 သန်း အရေအတွက်ရှိတဲ့ လက်မှတ်တွေကို ရောင်းချခဲ့ရပါတယ်။ အဲ့ဒါတွေကြောင့်လည်း သူတို့ဟာ Kpop လောကရဲ့ ဘုရင်ဖြစ်နေပြီလားလို့ မေးခွန်းတွေထုတ်တွေထုတ်နေကြပါပြီ ။

Twice




ဒီစာရင်းရဲ့ ဒုတိယနေရာမှာရပ်တည်နေတာကတော့ အချောလေးတွေ စုဖွဲ့ပြီး ဖွဲ့စည်းထားတဲ့ Twice အဖွဲ့ပဲဖြစ်ပါတယ်။ Money မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရတော့ သူတို့ရဲ့ နံပါတ် ၂ဆိုတဲ့နေရာဟာ ထိုက်ထိုက်တန်တန်နဲ့ ရခဲ့တာလို့ဆိုပါတယ်။ သူတို့ကတော့ Brand တွေအများရဲ့ သံတမန်အဖြစ် ခန့်အပ်ခြင်းကို ခံထားရတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ Barnd ပေါင်း၃၀ကျော်လောက်ရှိပြီး အဝတ်အစားတွေစပြီး Online Gameတွေအထိပါဝင်ပါတယ်။

Black Pink



ဒီလို စစ်တမ်းတွေ စာရင်းကောက်ယူမှုတွေလုပ်မယ်ဆိုရင် အမြဲတမ်းမပါမဖြစ်ပါတဲ့ နောက်ထပ် Kpop အဖွဲ့တစ်ဖွဲ့ကတော့ Black Pink ပါပဲ. သူတို့အဖွဲ့ကိုတော့ တခြားသော Kpop အဖွဲ့တွေရဲ့ Killer လို့တောင် တင်စားထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သီချင်းတစ်ပုဒ်ဆိုရင်ဆိုသလို အပေါက်ကြမ်းလို့ပဲဖြစ်ပါသတဲ့ ။ ချစ်စရာကောင်းတဲ့ ကောင်မလေးလေးယောက်ကလည်း ဒီစာရင်းမှာ တတိယနေရာကနေပါဝင်နေပါတယ်။

TVXQ

ဒီစာရင်းမှာ နံပါတ်လေးနေရာကနေ ပါဝင်ရပ်တည်နေတာကတော့ TVXQ အဖွဲ့ ပဲဖြစ်ပါတယ်။ သူတို့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာတော့ သီချင်းခွေ အချပ်ရေပေါင်း ၁၀သန်းထိ ရောင်းချခဲ့ရတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ နောက်ဆုံးShowပွဲတွေမှာလည်း လက်မှတ်အစောင်ရေ သန်းနဲ့ ချီပြီး ရောင်းခဲ့ရပါတယ်။

EXO

ဒီစာရင်းမှာ နံပါတ် ၅ နေရာမှာ ရောက်ရှိနေတာကတော့ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးကြတဲ့ Exo အဖွဲ့ပဲဖြစ်ပါတယ်။ သူတို့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ တေးစီးရီးကတော့ ကြိုတင်မှာယူမှုမှာတင် အချပ်ရေ ၁.၁ သန်းခန့်ရောင်းချခဲ့ရပါတယ်။ Koreaboo ရဲ့ မှတ်တမ်းတစ်ခုအရတော့ သူတို့ပွဲတစ်ပွဲလုပ်မယ်ဆိုရင် စောင့်နေတဲ့သူတွေဟာ ပျမ်းမျှ ၁.၁၅ သန်းလောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။