ကမ္ဘာ့ ​ထောင်​​တွေထဲမှာ ​သေချာ​ပေါက်​ ဝယ်​ယူလို့ရနိုင်​တဲ့ ပစ္စည်း ၇ မျိုး

0
84

ထောင်​​တွေ​ပြောလိုက်​တာနဲ့ The Shawshank Redemption ဇာတ်​ကားထဲကလိုများဖြစ်​​လေမလား လို့ ​ပြေးလွှားမြင်​​ယောင်​မိကြမှာပါ။ တကယ်​​တော့ ပိုက်​ဆံသာရှိရင်​​ ​ထောင်​ထဲက ဆင်းရဲဒုက္ခ​တွေကို ​လျှော့နိုင်​သမျှ​လျှော့ပြီး ​ကျော်​လွှားလို့ရပါတယ်​ဗျား။ ​ထောင်​​တွေထဲမှာလဲ ​ဈေးဝယ်​ဆိုင်​​လေး​တွေရှိတတ်​ပါတယ်​။ ​နေရာအရပ်​​ဒေသနဲ့ ခြားနားပြီး ​ထောင်​​တွေရဲ့အ​ခြေအ​နေက အမျိုးမျိုး​တော့ ဖြစ်​နိုင်​ပါတယ်​။ ကမ္ဘာအနှံ့က ​ထောင်​​တွေထဲမှာ ​သေချာ​ပေါက်​ ဝယ်​ယူလို့ရနိုင်​တဲ့ ပစ္စည်း ၇ မျိုး ကို တင်​ဆက်​​ပေးလိုက်​ပါရ​စေ။

ဟော့​ပေါ့

ချက်​တတ်​တဲ့သူဆိုရင်​ ​ထောင်​ထဲမှာ ​ဟော့​ပေါ့မီးဖို​လေးဝယ်​ပြီး ​ဟော့​ပေါ့ချက်​စားလို့ရပါတယ်​​။ ​ဟော့​ပေါ့တစ်​ခါပြင်​ဖို့ဆိုရင်​ ၁၂ နာရီ​လောက်​ကြာတတ်​​တော့ အပျင်းလဲ​ပြေသလို ​အေး​ဆေးပဲ အာရုံမများ​တော့ဘူးပဲ။ ဝယ်​စားမယ်​ဆိုလဲ ကမ္ဘာအနှံ့က ​ထောင်​​တွေမှာ ​ရောင်းချ​ပေး​လေ့ရှိပါတယ်​။

ကမာ​ကောင်​၊ မုတ်​​ကောင်

ပင်​လယ်​စာ​တွေ ကြိုက်​တတ်​သူ​တွေအတွက်​ ​ထောင်​တွင်းမှာ ​ဈေး​တော့အ​တော်​သက်​သာမှာဆို​ပေမယ့်​ ဒီ​လောက်​သက်​သာ​အောင်​လုပ်​​ပေးထား​တော့လဲ အခန့်​မသင့်​ရင်​ အစာအဆိပ်​သင့်​ပြီး ဒုက္ခဖြစ်​နိုင်​တာ သတိပြုစရာပါပဲ။ ပင်​လယ်​စာဆိုတာ လတ်​လတ်​ဆတ်​ဆတ်​ မရှိရင်​ မစားသင့်​သလို ကမာ၊မုတ်​ မစားရဲရင်​ စည်​သွပ်​ဘူးဆာဒင်းငါး​သေတ္တာ​တွေ ဝယ်​စားလိုက်လဲ ရတာပါပဲ။

ရေဘဝဲ

ကော်​လိုရားဒိုး အကျဉ်း​ထောင်​မှာ​တော့ ​ရေဘဝဲဟင်းကို ​ရောင်းချ​ပေးပါတယ်​။ ​ထောင်​ကျ​နေတဲ့ အစားသမား၊ လျှာအရသာခံစားတတ်​သူ​တွေအတွက်​​တော့ ​ထောင်​ထဲက အကြိုက်​​တွေ့စရာဖြစ်​​စေမှာပါ။

ကပ်​ပူချီနို

ကပ်​ပူချီနို ပူပူခါးခါး​လေးတစ်​ခွက်​​လောက်​ မနက်​ခင်း​သောက်​ချလိုက်​ရမှ ​ကျေနပ်​တတ်​တဲ့ ​ထောင်​သား​တွေအတွက်​​တော့ အသင့်​​တော်​ဆုံး ပါပဲ။ တစိမ့်​စိမ့်​အရသာခံ​သောက်​ရင်း ​ထောင်​ထဲမှာလဲ ဘဝရဲ့သာယာမှုကို ​ခေတ္တခဏ ပိုင်​ဆိုင်​ခွင့်​ရရှိနိုင်​ပါ​သေးတယ်​။

လေသန့်​​ဆေးဘူး

Air Freshner လဲ ရနိုင်​ပါ​သေးတယ်​ဗျာ။ ကိုယ့်​ရဲ့​ထောင်​ခန်းထဲမှာ အနံ့​တွေလှိုင်​ထွက်​​နေရင်​ ​လေသန့်​​ဆေး​မွှေး​မွှေး​လေး ဝယ်​ပြီး ဖြန်းချ​ပေးလိုက်​ရုံပါပဲ​လေ။ သာသာယာယာ နဲ့ပဲ ဇိမ်​ခံအိပ်​စက်​ပါ​စေတာ့ဗျာ။

အဘိဓာန်

တချို့ ​သော ​ထောင်​သား​တွေဆိုတာ ​ထောင်​ထဲက​နေ ပညာ​ရေးကို တစိုက်​မတ်​မတ်​ ဆက်​လက်​ဆည်းပူးတတ်​သူ​တွေ ပါဝင်​​နေတာပါ။ သူတို့အတွက်​​တော့ အချိန်​ကိုအကျိုးအရှိဆုံး သုံးတတ်​ရင်​ ဘွဲ့​တွေ ဒီဂရီ​တွေပါ ရယူနို​င်​တဲ့အထိပါပဲ။ ​ထောင်​ထဲ​ရောက်​မှ ပညာ​ရေးဘက်​​လေ့လာဖြစ်​မယ်​ဆိုရင်​လဲ အဘိဓာန်​​ကောင်း​ကောင်းက တကယ်​အသုံးဝင်​ပါတယ်​။

အမှတ်​တရ ​မွေး​နေ့ကတ်

နောက်​တစ်​ချက်​ ​ထောင်​ထဲမှာ အချိန်​ကို အသုံးချဖို့အ​ကောင်းဆုံးက စာ​ရေးတဲ့နည်းလမ်းပါပဲ။ စာ​ရေး​နေတဲ့အခါ ကိုယ့်​အတွက်​ စိတ်​​ကျေနပ်​မှုတစ်​စူံတစ်​ရာ သို့ ထာဝရ အမှတ်​တရ​တွေဖြစ်​လာ​စေပါတယ်​။ ချစ်​ရသူ တစ်​​ယောက်​​ယောက်​အတွက်​ အမှတ်​တရ​မွေး​နေ့ကတ်​​တွေ လက်​​ဆောင်​ပို့​ပေးချင်​လဲ စာသားနုနုရွရွ​လေး​တွေနဲ့ လွှတ်​​ရေး​ပေ​တော့ပါပဲ​လေ။

ZAW (H2H)