ကမ္ဘာကြီးရဲ့ ရက်စက်မှု မမျှတမှုတွေကို ဖော်ပြနေတဲ့အမိုက်စား ဓာတ်ပုံများ

0
190

တူရကီနိုင်ငံက လူတစ်ယောက်ဟာ လက်ရှိကမ္ဘာမှာဖြစ်ပျက်နေတဲ့ ဆင်းရဲချမ်းသာမညီမျှမှုတွေ၊ ပတ်ဝန်းကျင်ကို အမှုမထားဘဲ လူသားတွေရဲ့ ကိုယ်ကျိုးအတွက် ထုတ်လုပ်နေမှု စတာတွေကို ဆန့်ကျင်ဘက် ဓါတ်ပုံနှစ်ပုံကို ပေါင်းစပ်ပြီး အသိပေးတဲ့နည်းနဲ့ ပြသခဲ့ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ကမ္ဘာကြီးဟာ ဘယ်လောက် ရက်စက်ပြီး မမျှမတနိုင်လဲဆိုတာကို ဖော်ပြနေတဲ့ ပုံအချို့ကို ထုတ်နှုတ်ပြသပေးပါရစေ။

၁. ကမ္ဘာပူနွေးမှုလို့ နာမည်ပေးထားတဲ့ ဓါတ်ပုံမှာတော့ ကမ္ဘာ့အိုဇုန်းလွှာကို ထိခိုက်စေပြီး ပူနွေးမှု ဖြစ်ပေါ်စေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်တွေ အကြီးအကျယ်ထုတ်လုပ်နေတဲ့ စက်ရုံတွေကို ဝင်ရိုးစွန်းတန်းက ရေခဲတွေ အရေပျော်လာလို့ နေစရာမရှိတော့တဲ့ ဝက်ဝံလေးရဲ့ သနားစရာပုံနဲ့ ချိတ်ဆက်ပြထားတယ်။

၂. ဒုက္ခသည်လို့ အမည်ပေးထားတဲ့ ဒီပုံမှာတွေ့ရတာ အရှေ့အလယ်ပိုင်းက စစ်ဖြစ်လို့ နေရပ်ကို စွန့်ခွာလာခဲ့ရသူတွေနဲ့ ဈေးကြီးလှတဲ့ ဖက်ရှင်ညတွေက အလန်းစား မော်ဒယ်ရှိုးတစ်ခုပါ။ လမ်းလျှောက်နေတာချင်း တူပေမယ့် ဘဝချင်း၊ ရည်ရွယ်ချက်ချင်းကတော့ တခြားစီပါပဲ။

၃. လိုက်ဘေးရီးယား ဆိုတဲ့ဓါတ်ပုံမှာတော့ ကလေးငယ်တစ်ယောက် သေနတ်ကိုင်ထားတဲ့ ကလေးစစ်သား လို့ ယူဆရတဲ့ပုံကို သူ့အရွယ်ပဲရှိဦးမယ့် တခြားအနောက်တိုင်းလူဖြူ လူငယ်တစ်ယောက်ရဲ့ ဂစ်တာကိုင်ထားတဲ့ လက်လှလှလေးနဲ့ တွဲပြထားတယ်။ တချို့က ဝါသနာအတွက် ဂီတပညာလိုက်စားနေတုန်းမှာ လိုက်ဘေးရီးယား က ကံဆိုးတဲ့ ကလေးတွေကတော့ သေခြင်းနဲ့ပြေးတမ်းလိုက်တမ်း ကစားနေပါပြီ။

၎. အီရတ်နိုင်ငံရဲ့ အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသားကို နှိပ်စက်နေတဲ့ပုံနဲ့ ရေကူးပြိုင်ပွဲ ဝင်မယ့် သူတွေကို ယှဉ်တွဲပြထားတာပါ။ လူသားဆိုတာ ကိုယ်မွေးဖွားရာနေရာဒေသကို ရွေးချယ်လို့ မရတာကြောင့် စနစ်တကျ တိုးတက်ပြီး လူကိုလူလို ဆက်ဆံတဲ့ နိုင်ငံမှာ မွေးဖွားလာခြင်းဟာ ကံကောင်းခြင်းတစ်ရပ်ပါပဲ။

၅. ပါလက်စတိုင်း ဆိုတဲ့ ဓါတ်ပုံလေးမှာလည်း လိုက်ဘေးရီးယားလို အငွေ့အသက်မျိုးကို ထပ်ရပါတယ်။ တစ်ချို့ကလေးတွေ ကျောင်းနေနေချိန်မှာ သူတို့ကတော့ ဘယ်တော့ဖြစ်မယ်မှန်းမသိတဲ့ စစ်ပွဲအတွက် သေနတ်တွေကို မိုးပေါ်ထောင်မြှောက်ထားကြတယ်။

၆. ဂါဇာကမ်းမြှောင်ဒေသဟာ မော်ဒန်ကမ္ဘာရဲ့ မပြီးဆုံးတဲ့စစ်ပွဲတစ်ခုပါပဲ။ အမေရိကန်တွေ အာကာသယာဉ်ပေါင်းမြောက်များစွာ စေလွှတ်နိုင်နေချိန်မှာ ဂါဇာဒေသအတွက်တော့ ဒုံးကျည်တွေပဲ ကျရောက်လျက် ရှိပါတယ်။