ကမ္ဘာ​ကျော်​အဆိုတော်​တွေရဲ့ အနုပညာနာမည်နောက်ကွယ်က လျှို့ဝှက်ချက်များ

0
107

ကမ္ဘာ​ကျော်​​တွေဟာလဲ နာမည်​မကြီးခင်​ သာမန်​ဘဝက နာမည်​ရင်း​တွေက ရိုးစင်းသူရှိသလို ရယ်​စရာ​ကောင်း​အောင်​လည်း ဆန်းပြားတာမျိုး​တွေလည်းရှိပါတယ်​။ ပိုပြီး စိတ်​ဝင်​စားစရာ ​ကောင်းတာက အနုပညာ​လောကမှာ နာမည်​တစ်​လုံးနဲ့ရပ်​တည်​ဖို့ သူတို့ရဲ့ ကိုယ်​ပို​င်​ အနုပညာနာမည်​ကို ဘယ်​လိုပုံ၊ ဘယ်​လိုနည်းနဲ့ စိတ်ကူးပြီး ​မှည့်​​ခေါ်ခဲ့ကြသလဲ ဆိုတာပါပဲ။ ဒီထဲက​နေ ကမ္ဘာ​ကျော်​အဆိုတော်​တွေရဲ့ အနုပညာ နာမည်​​တွေကို ဘယ်​လို ​ပေးခဲ့ကြသလဲ ဆိုတာ ​ရွေးချယ်​တင်​ဆက်​​ပေးလိုက်​ပါရ​စေ။

အမ်​မီနမ်

နာမည်​ရင်းက​တော့ Marshall Bruce Mathers III ဖြစ်​ပါတယ်​။ သူ့ရဲ့ဒုတိယအယ်​လ်​ဘမ်​ The Mashall Mathers LP က အချပ်​​ရေ ၄၆ သန်း​ကျော်​​ရောင်းရပြီး ကမ္ဘာ​ကျော်​ဖြစ်​လာချိန်​မှာ သူ့ရဲ့နာမည်​ရင်းက Mars သကြားလုံးကုမ္ပဏီရဲ့ နာမည်​နဲ့ဆင်​တူ​နေလို့ ဥပ​ဒေ​ကြောင်းအရ အရှုပ်​အရှင်းရှိလာမှာစိုးတာ​ကြောင့်​ အမ်​မီနမ်​လို့ အနုပညာနာမည်​​ပြောင်းလဲခဲ့သူပါ။

ရီဟားနား

အဆို​တော်​ ရီဟားနားရဲ့ နာမည်​ရင်းက Robyn Rihanna Fenty ပါ​။ ဂီတ​လောကမှာ အထင်​ကရဖြစ်​လာချင်​တဲ့ ရီဟားနားက သူ့ နာမည်​ရင်းရဲ့အလယ်​စာလုံးကို ဂီတအနုပညာ​လောက အဆို​တော်​နာမည်​အဖြစ်​ မှည့်​ခဲ့တာဖြစ်​ပါတယ်​။ ရီဟားနားလို့​ခေါ်လွန်းတာ စိတ်​ညစ်​ညူးငြီး​ငွေ့ဖွယ်​​ကောင်းလာတာ​ကြောင့်​ မိသားစုဝင်​​တွေအချင်းချင်းမှာ​တော့ Robyn လို့ သူ့နာမည်​ကို​ခေါ်မှ ကြိုက်​နှစ်​ခြိုက်​သူပါပဲ။

ဘရူနိုမားစ်

ငယ်ကတည်းက ​​​သိပ်​ပြီး ဂီတပိုးကြီးခဲ့တဲ့ ဘရူနိုမားစ်​ရဲ့ငယ်​နာမည်​​က ဘရူနိုပါ။ သူ့ရဲ့နာမည်​ရင်းဖြစ်​တဲ့ Peter Gene Hernandez ဆိုတဲ့နာမည်​က ရိုးစင်းလွန်းတာ​ကြောင့်​ပဲ အဆို​တော်​ဘဝမှာ သူ့အတွက်​ လူမှတ်​မိလွယ်​ပြီး နားစွဲလွယ်​မယ့်​ ထူးထူးခြားခြား နာမည်​တစ်​ခုကို မှည့်​ဖို့ဖြစ်​လာ​တော့ ဘယ်​သူနဲ့မှ မတူ​အောင်​ အင်္ဂါဂြိဟ်​ရဲ့နာမည်​ မားစ်​ ကို သူ့ငယ်​နာမည်​နဲ့တွဲဖက်​ပြီး မှည့်​​ခေါ်ခဲ့တာပဲ ဖြစ်​ပါတယ်​။

နစ်​ကီမီနာ့ဂ်ျ

နစ်​ကီမီနာ့ဂ်ျရဲ့ နာမည်​ရင်းက Onika Tanya Maraj ပါ။ သူက ဒီနာမည်​ကိုသိပ်​ကြိုက်​ပြီး အစွဲကြီး​တော့ နာမည်​​ပြောင်းဖို့ကို အ​ကြောက်​အကန်​ငြင်းဆန်​​ပေမယ့်​ ​နောက်​ဆုံး​တော့ ထုတ်​လုပ်​​ရေးကုမ္ပဏီနဲ့ သ​ဘောတူခဲ့ရပြီး ကုမ္ပဏီ က စိတ်​ကြိုက်​​ရွေး​ပေးတဲ့ နာမည်​ဖြစ်​တဲ့ နစ်​ကီမီနာ့ဂ်ျ​ဖြစ်​လာခဲ့ပါတယ်​။ ဒါ​ပေမယ့်​ သူက မိသားစုနဲ့အတူ ရှိ​နေချိန်​မှာ​တော့ သူ့နာမည်​ရင်း အိုနီကာလို့ ​ခေါ်တာပဲကြိုက်​ပြီး နစ်​ကီမီနာ့ဂ်ျ​လို့ လုံးဝအ​ခေါ်မခံသူပါ။

ဒရိတ်

သရုပ်​​ဆောင်​လဲလုပ်​တဲ့ ဒရိတ်​ရဲ့နာမည်​ရင်းက Aubrey Drake Graham ဖြစ်​ပါတယ်​။ ၂၀၀၆ ခုနှစ်​မှာ ရက်​ပါတစ်​ဦးအဖြစ်​ ရပ်​တည်​လာတဲ့ အချိန်​ ဒရိတ်​ဆိုတဲ့ အလယ်​နာမည်​ကို အနုပညာ နာမည်​မှည့်​ခဲ့တယ်​။ ဒါက ပိုထူးခြားတဲ့ နာမည်​ကိုသူ​ရွေးချယ်​တတ်​ခဲ့တာပဲ ဖြစ်​ပါတယ်​။ Aubrey Graham ဆိုတာမျိုးက ရိုးစင်းလွန်းတာအမှန်​ပါပဲ။

ကာဒီဘီ

ကာဒီဘီရဲ့ နာမည်​အရင်းက အ​တော်​ထူးပါတယ်​။ Belcaris Almanzae ဆိုတာကို အခုချိန်​မှာ သိလိုက်​ကြရသူ​တွေက​တော့ အင်​တာနက်​မှာ ဟိုး​လေးတ​ကျော်​ ဖြစ်​​အောင်​အထိ Troll လုပ်​ စ​နောက်​ကြပြီး ထင်​မှတ်​မထားတဲ့နာမည်​ ခပ်​ဆန်းဆန်းဖြစ်​​နေခဲ့တယ်​။ ဟယ်​ရီ​ပေါ်တာ ထဲက ​မှော်​ဂါထာ မန္တန်​စကားလို့​တောင်​ ထင်​စရာဖြစ်​​အောင်​ ဆန်းပြားခဲ့ပါတယ်​။ တကယ်​​တော့ ကာဒီဘီရဲ့နာမည်​ဖြစ်​လာပုံက သူ့ညီမဖြစ်​သူကို Hennessy လို့ ​ခေါ်ကြတာ​ကြောင့်​ သူ့ကို Bacardi လို့ ​ခေါ်​ဝေါ်သမုတ်​ကြ​တော့ ဒီက​နေတစ်​ဆင့်​ Cardi.B ကာဒီဘီ လို့ အနုပညာနာမည့်​မှည့်​ယူခဲ့တာပါပဲ။

ZAW (H2H)