ကမ္ဘာ​ကျော်​ နာမည်​ကြီး​တွေရဲ့ သားသမီး​တွေရဲ့ ငွေသုံးဖြုန်းဇိမ်ခံနည်း

0
96

ကမ္ဘာ​ကျော်​ နာမည်​ကြီး​တွေရဲ့ သားသမီး​တွေဖြစ်​​နေ​လေ​တော့ ​ငွေဆိုတာ သူတို့ဘဝမှာ အထူးတလည်​အရာတစ်​ခု မဟုတ်​​တော့ဘူး။ ​ရွှေဇွန်းကိုက်​ပြီး ​ခြေ​မွှေးလက်​​မွှေးမီး​လောင်​စရာ မလို​လောက်​​အောင်​ ​ကျော​ထောက်​​နောက်​ခံအင်​အား​တောင့်​တင်းလှတဲ့ ဇိမ်​ကျကျဘဝပါပဲ​လေ။

အားကျစရာ​ကောင်းသလို တစ်​ခါတ​လေ​တော့ မနာလိုလည်းဖြစ်​ချင်​စရာ ​ကောင်း​နေပြန်​​တာပဲ​နော်​။ ကမ္ဘာ​ကျော်​ နာမည်​ကြီး​တွေရဲ့ သားသမီး​တွေ ​ငွေကို ဘယ်​လိုသုံးဖြုန်းဇိမ်ခြံ​ကသလဲ ဆိုတာ စိတ်​ဝင်​စားစရာ အဖြစ်​ သိရှိလိုကြရ​တော့ ဖတ်​ရှူကြည့်​ကြပါဦး​လေ။

လီယွန်​နယ်​ရစ်​ချီ ရဲ့ သမီး

သူ့နာမည်​က ဆိုဖီယာရစ်​ချီလို့ ​ခေါ်ပါတယ်​။ သူက​တော့ ကိုယ်​ပိုင်​ဘဝ၊ ကိုယ်​ပိုင်​ဝင်​​ငွေနဲ့ ​မော်​ဒယ်​တစ်​ဦးအဖြစ်​ ရပ်​တည်​​နေနိုင်​သူပါ။ သူပိုက်​ဆံဖြုန်းပုံက​​တော့ ဂျက်​​လေယာဉ်​စင်းလုံးနဲ့ တစ်​ကိုယ်​တည်းသီးသီးသန့်​သန့်​ ကမ္ဘာအနှံ့ကို ခရီး​တွေ ထပ်​ထလဲလဲ ထွက်​တာပါပဲ။

လစ်​တဲဝိန်းရဲ့ သမီး

လစ်​တဲဝိန်းက​တော့ သူ့သမီးကို သိပ်​အလိုလိုက်​ပါတယ်​။ သမီးရဲ့ ၁၆ နှစ်​ပြည့်​ ​မွေး​နေ့ပွဲမှာ BMV နဲ့ ဖာရာရီ ကားနှစ်​စီး လက်​​ဆောင်​ ​ပေးခဲ့တယ်​။ ဒါ့အပြင်​ နစ်​ကီမစ်​နာ့ခ်ျ​ကိုပါ သမီးအတွက်​ သီးသန့်​​ဖျော်​​ဖြေ​စေခဲ့​သေးတယ်​။ စုစု​ပေါင်း ​ဒေါ်လာ ၅ သိန်း အထက်​ ကုန်​ကျသွားခဲ့တာပါ။

ဘီယွန်း​ဆေးရဲ့ သမီး

က​လေး​လေးက အ​ဖေ အ​မေ ရဲ့ ​သွေးနဲ့ အနုပညာဓာတ်​ခံနဲ့ ဗီဇ​တော့ ပါလာပုံရပါတယ်​။ ၆ နစ်​သမီး​လေး ဘလူးအိုင်​ဗီက အဖွားဖြစ်​သူကျင်းပတဲ့ ​လေလံပစ်​​ပွဲတစ်​ခုမှာ အနုပညာရှင်​ကြီး Samuel Levi Jones ရဲ့ လက်​ရာကို ကြိုက်​လွန်းမက ကြိုက်​​နေလို့ ဘီယွန်း​ဆေးက ​ဒေါ်လာ ၁သောင်း နဲ့ ​လေလံရ​အောင်​ပစ်​ပြီး လက်​​ဆောင်​ ​ပေးခဲ့ရတယ်​။

ဖလိုက်​​မေဝယ်​သာ ရဲ့ သား

လက်​​ဝှေ့​ကျော်​ကြီး ​မေဝယ်​သာက သားဖြစ်​သူရဲ့ အငက်​ ၁၆ နှစ်​ပြည့်​​မွေး​နေ့မှာ အနက်​​ရောင်​ မာစီးဒီး C-class Coupe ကို သားအတွက်​ လက်​​ဆောင်​​ပေးခဲ့သူပါ။ ​ဒေါ်လာ ၄သောင်း တန်​ကားကြီးပါပဲ။ ဘန်​တ​လေတံဆိပ်​ ​ဂေါက်​ရိုက်​ပစ္စည်း​တွေလဲ ​ဈေးကြီး​ပေး ဝယ်​ယူ​ပေးခဲ့ဖူးပါ​သေးတယ်​။

ဒေါ်နယ်​ထရန့်​ရဲ့ သမီး

တစ်​ဖနီထရန့်​က အင်​မတန်​မှ ​ငွေသုံးပက်​စက်​ပါတယ်​။ အ​ထွေးဆုံး​လေးမို့ သမ္မတကြီး က မျက်​နှာတစ်​ချက်​ အညိုမခံဘဲ အလိုလိုက်​ ထားပုံလဲရတယ်​။ ၂၀၁၇ က အ​မေဖြစ်​သူနဲ့အီတလီကို ရွက်​သ​ဘောင်္ကြီးနဲ့ ခရီးလွှင့်​ခဲ့ရာမှာ ထရန့်​ရဲ့အသိအကျွမ်း ဓာတ်​သိ​တွေက ကုန်​ကျစရိတ်​ ​တွေကို အကုန်​ကျခံ​ပေးသွားခဲ့ရတယ်​။ အဲ့ဒီအပန်း​ဖြေခရီးတစ်​ခုလုံးမှာ ကားအ​ကောင်းစား​ကြီးကို ငှါးစီးတဲ့ ကားငှါးစရိတ်​​တွေတင်​ပဲ ​ဒေါ်လာ ၁သိန်း ​ကျော်​ကျသွားခဲ့တာပါ။ အ​မေရိကန်​အခွန်​ထမ်းပြည်​သူ​တွေရဲ့ ​ငွေ​တွေလို့လဲ အသံ​တွေကျယ်​​လောင်​ခဲ့ပါ​သေးတယ်​။

ဂျွန်​နီဒပ်​ရဲ့ သမီး

လီလီရို့စ်​ဒပ်​ ကို​တော့ အားလုံးအသိပါ။ ၂၀၁၇ မှာ ဖခင်​က တရားရင်​ဆိုင်​ ရပြီး ​ငွေကုန်​​ကြေးကျများခဲ့တယ်​။ ဒီလိုအချိန်​မှာ​တောင်​ ဂျွန်​နီဒပ်​ က သမီးအတွက်​ မပျက်​ကွက်​ခဲ့ပါဘူး။ လီလီ သိပ်​ကြိုက်​တဲ့ ကင်​ကာဒစ်​ရှန်​ မိသားစုရဲ့ မိသားစုဝင်​သုံး အမှတ်​တရ ပရိ​ဘောဂ​တွေထဲက ဆိုဖာ ထိုင်​ခုံကို ​ဒေါ်လာ ၇၀၀၀ ​ပေးပြီး ဝယ်​ယူ​ပေးခဲ့တာပါ။

ZAW (H2H)

LEAVE A REPLY

Please enter your comment!
Please enter your name here