ကမၻာ​ေပၚမွာ လုပ္​ငန္​းခြင္​ စိတ္​ဖိစီးမႈအမ်ားဆံုးအလုပ္​ ဆယ္​မ်ိဳး

0
81

အလုပ္​လုပ္​ၿပီဆိုတာနဲ႔ လုပ္​ငန္​းခြင္​စိတ္​ဖိစီးမႈဆိုတာ ​ေ႐ွာင္​မရပါဘူးဗ်ာ။ အားလံုးကိုယ္​စီ ၾကံဳၾကရတာပါ။ သို႔​ေပမယ္​့ ကိုယ္​့ထက္​ပိုၿပီး ​ေန႔စဥ္​နဲ႔အမ်ွ စိတ္​ဖိစီး​ျခင္​း​ေတ​ြကို ရင္​ဆိုင္​တြန္​းလွန္​ရင္​း အသက္​ကို​ေမြး ​ေ႐ွ႕ဆက္​​ေနရတဲ့ အလုပ္​ ဆယ္​မ်ိဳးကို တင္​ဆက္​​ေဖာ္​ျပလိုက္​ရပါတယ္​။

တကၠစီဒ႐ိုင္​ဘာ

​ေန႔စဥ္​လူ​ေပါင္​းစံုနဲ႔ ထိ​ေတြ႕ဆက္​ဆံရတာကိုး။ အမူးသမား၊ စ႐ိုက္​သမား၊ လူဆိုး​ေတြလည္​း နဲ႔ ၾကံဳရသလို ကားလမ္​း​ေတြကလည္​း ပိတ္​ကပိတ္​သနဲ႔ဗ်ာ။ သူတို႔က နံပါတ္​၁၀ ခ်ိတ္​ပါတယ္​။

လုပ္​ငန္​းစီမံခန္​႔ခြဲ​ေရးမွဴး

ရာထူး​ကလည္​း၊ လစာကလည္​း ​ေကာင္​း ဆို​ေတာ့ ဘာမ်ားပူပန္​စရာ႐ွိလည္​း မထင္​လိုက္​နဲ႔။ အလုပ္​မွာ အားလံုးအဆင္​​ေျပ​ေအာင္​၊ လုပ္​ငန္​းအ​ေျခအ​ေနတိုးတက္​​ေအာင္​၊ အလုပ္​လုပ္​သူ​ေတြ ​ေန​ေပ်ာ္​​ေအာင္​ အျမဲဖန္​တီး​ေပး​ေနရပါ။ အၿပိဳင္​အဆိုင္​ မ​်ားတဲ့ စီးပြား​ေရးလုပ္​ငန္​း​ေတြၾကာထဲဲဲ သူမ်ား​ေတြထက္​ ပိုအလုပ္​လုပ္​ရသလို ဆံုးျဖတ္​ခ်က္​​ေတြကိုလည္​း ျပတ္​သား​ေအာင္​ခ်ရတယ္​။

လူထုဆက္​သြယ္​​ေရး ဦးစီးမႉး

သူတို႔နဲ႔ အလုပ္​တြဲလုပ္​သူ​ေတြရဲ႕ အက်ိဳးအျမတ္​၊ ပံုရိပ္​​ကို အမ်ားသူငါ ​ေ႐ွ႕မွာ အဆင္​​ေျပ​ေအာင္​ မီဒီယာ​ေတြနဲ႔ပါ ​ေျပာဆိုဆက္​သြယ္​ရတာပါ။ ပညာသားပါရပါတယ္​။ ဘယ္​အခ်ိန္​ျဖစ္​ျဖစ္​ အလုပ္​႐ွိလာရင္​ ​ေငါက္​ခနဲ ထရတယ္​။ အားလပ္​ခ်ိန္​၊ အနားယူခ်ိန္​​ေတြ ဘာ​ေတြ မသိ။ အလုပ္​ကုိ အလုပ္​နဲ႔တူ​ေအာင္​ လုပ္​ရတယ္​။ အ​ေၾကာင္​းက ကိုယ္​့ကို အလုပ္​အပ္​ထားသူ​ေတြ၊ ဥပမာ နာမည္​​ေက်ာ္​ဆယ္​လီ​ေတြ၊ လူထု​ေခါင္​း​ေဆာင္​​ေတြရဲ႕ အက်ိဳးစီးပြားကို ဦးစိုက္​ရတာကိုး။

သတင္​း​ေၾကျငာသူ

ကင္​မရာ​ေ႐ွ႕​ေနရတယ္​။ လူထုဆီ သတင္​းနဲ႔ အ​ေၾကာင္​းအခ်က္​အလက္​​ေတြ ​ေန႔စဥ္​ ထိ​ေရာက္​​ေအာင္​ ပို႔​ေဆာင္​​ေပး​ေနရတယ္​။ ထူးျခားသတင္​း​ေတြဆို ခ်က္​ခ်င္​းကို ကင္​မရာ​ေ႐ွ႕​ေရာက္​​ေအာင္​သြား၊ အသင္​့ျပင္​ဆင္​ၿပီးသား ျဖစ္​ရတယ္​။ ဒါက သူတို႔အလုပ္​။ လြယ္​လြယ္​​ေတာ့မဟုတ္​။ ​ေမးခြန္​း​ေတြထုတ္​ရတဲ့ အင္​တာဗ်ဴး အ​ေမးအ​ေျဖ​ေတြမွာလည္​း ပညာသားပါရ​ေသးျပန္​တယ္​ဗ်ား။

ဂ်ာနယ္​လစ္​

သတင္​း႐ွိတဲ့​ေနရာ၊ အခင္​း႐ွိတဲ့​ေနရာ အ​ေရာက္​သြား၊ သတင္​းကို ရ​ေအာင္​ယူ၊ သတင္​း​ေနာက္​ တ​ေကာက္​​​ေကာက္​လိုက္​နဲ႔ နာရီ​ေပါင္​းမ​်ားစြာလုပ္​ရလည္​း ၿငီးျငဴလို႔မရဘူး။

ပြဲစီစဥ္​သူ

ပြဲ​ေတြလုပ္​တဲ့အခါ သူက အကုန္​ျဖစ္​​ေျမာက္​ ​ေခ်ာ​ေမြ႔​ေအာင္​ အစစအရာရာ အ​ေသးစိတ္​ ျပည္​့စံုတဲ့အထိ စီစဥ္​​ေပးရတယ္​။ ပြဲအပ္​သူစိတ္​ႀကိဳက္​ လို​ေလ​ေသးမ႐ွိ မခြၽတ္​​ေခ်ာ​္​​ေအာင္​ ျပင္​ဆင္​​ေပးရတယ္။ လူ​ေတြနဲ႔ ဆက္​ဆံ​ေရး ​ေကာင္​းမြန္​ဖို႔ မ႐ွိမျဖစ္​ အရည္​အ​ေသြးလိုတယ္​။ တမဟုတ္​ခ်င္​း ​ေပၚလာတဲ့ ျပသနာ​ေတြကိုလည္​း လက္​တင္​ ​ေျဖ႐ွင္​းႏိုင္​စြမ္​းလည္​း ႐ွိရပါတယ္​။

ရဲမႉး

သူတို႔ရဲ႕ အလုပ္​ခ်ိန္​ဆိုတာ ၂၄နာရီပဲ။ အခ်ိန္​မ​ေရြး၊ အခ်ိန္​မဆိုင္​း ​ေသာင္​းက်န္​းမႈ၊ ဒုစ႐ိုက္​မႈ​ေတြ​ေနာက္​ကို လိုက္​ႏိုင္​စြမ္​း ျပည္​့ဝ​ေနရမွာကိုး။ လူ​ေတြကို ကူညီဖို႔လည္​း အျမဲအသင္​့လက္​ကမ္​း ႐ွိ​ေနရပါတယ္​။

​ေလယာဥ္​မွဴး

စီးနင္​းလိုက္​ပါလာတဲ့ ရာခ်ီ​ေသာ ခရီးသည္​​ေတြရဲ႕ အသက္​အိုးအိမ္​က သူ႔လက္​​ေပၚမွာ မူတည္​​ေနတဲ့ တာဝန္​ႀကီးႀကီးကို ယူထားရတာပါ။ ရာသီဥတုဒဏ္​​ေတြကိုလည္​း မထင္​မွတ္​ဘဲ ၾကံဳရတတ္​​ေသးတဲ့အခါ ကိုယ္​့ကိုယ္​ကိုယ္​ ယံုၾကည္​မႈအျပည္​့နဲ႔ ကြၽမ္​းက်င္​ပိုင္​ႏိုင္​ျပည္​့ဝ​ေနမွ ယူႏိုင္​မယ္​့ အထူးတာဝန္​မ်ိဳးပါ။

မီးသတ္​ဝန္​ထမ္​း

မီး​ေလာင္​မႈျဖစ္​ၿပီ​ေဟ့ ဆိုတာနဲ႔ ဘာျငင္​းခ်က္​မွ ထုတ္​လိုျမရဘူး။ မီးသြားသတ္​​ေပ​ေတာ့ပဲ။ မီးပူပူ​ႀကီးထဲမွာ ကိုယ္​့အသက္​ကိုယ္​ ဖက္​နဲ႔ထုပ္​ထားရင္​း လူ​ေပါင္​းမ်ားစြာ ရဲ႕ အသက္​ကို ​ေန႔စဥ္​ကယ္​တင္​​ေပး​ေနတာပါ။ စကၠန္​႔မလပ္​ အႏၱရာယ္​မ​်ား​ေနတဲ့ အခ်ိန္​မွာ တဒဂၤဆံုးျဖတ္​ခ်က္​​ေတြကို မွန္​မွန္​ကန္​ကန္​ ခ်တတ္​ရ​ပါ​ေသးတယ္​ဗ်ား။

စစ္​သား

တိုင္​းျပည္​တာဝန္​ထမ္​း​ေဆာင္​​ေပး​ေနရတာ​ေၾကာင္​့ သူတို႔ဂုဏ္​ယူစရာဆို​ေပမယ္​့ တစ္​ဖက္​မွာ​ေတာ့ မိသားစု နဲ႔ အိမ္​နဲ႔ ကာလတာ႐ွည္​ခြဲခြာ၊ အိမ္​လြမ္​းနာက်ရင္​း စစ္​ပြဲထဲ ကိုယ္​့မ​်က္​စိ​ေအာက္​က်ဆံုးသြားတဲ့ ကိုယ့္ရဲ့​ရဲ​ေဘာ္​ရဲဘက္​​ေတြကိုလည္​း မ်က္​ဝါးထင္​ထင္​ ​ျမင္​​ေနၾကတာ​ေၾကာင္​့ အ​ေတာ္​ စိတ္​တာဝန္​ပိ၊ စိတ္​ဖိစီးမႈမ်ားတဲ့ အလုပ္​အ​ေနနဲ႔ နံပါတ္​တစ္​ခ်ိတ္​ပါတယ္​။

Unicode

အလုပ်​လုပ်​ပြီဆိုတာနဲ့ လုပ်​ငန်​းခွင်​စိတ်​ဖိစီးမှုဆိုတာ ​ရှောင်​မရပါဘူးဗျာ။ အားလုံးကိုယ်​စီ ကြုံကြရတာပါ။ သို့​ပေမယ်​့ ကိုယ်​့ထက်​ပိုပြီး ​နေ့စဉ်​နဲ့အမျှ စိတ်​ဖိစီး​ခြင်​း​တေ​ွကို ရင်​ဆိုင်​တွန်​းလှန်​ရင်​း အသက်​ကို​မွေး ​ရှေ့ဆက်​​နေရတဲ့ အလုပ်​ ဆယ်​မျိုးကို တင်​ဆက်​​ဖော်​ပြလိုက်​ရပါတယ်​။

တက္ကစီဒရိုင်​ဘာ

​နေ့စဉ်​လူ​ပေါင်​းစုံနဲ့ ထိ​တွေ့ဆက်​ဆံရတာကိုး။ အမူးသမား၊ စရိုက်​သမား၊ လူဆိုး​တွေလည်​း နဲ့ ကြုံရသလို ကားလမ်​း​တွေကလည်​း ပိတ်​ကပိတ်​သနဲ့ဗျာ။ သူတို့က နံပါတ်​၁၀ ချိတ်​ပါတယ်​။

လုပ်​ငန်​းစီမံခန်​့ခွဲ​ရေးမှူး

ရာထူး​ကလည်​း၊ လစာကလည်​း ​ကောင်​း ဆို​တော့ ဘာများပူပန်​စရာရှိလည်​း မထင်​လိုက်​နဲ့။ အလုပ်​မှာ အားလုံးအဆင်​​ပြေ​အောင်​၊ လုပ်​ငန်​းအ​ခြေအ​နေတိုးတက်​​အောင်​၊ အလုပ်​လုပ်​သူ​တွေ ​နေ​ပျော်​​အောင်​ အမြဲဖန်​တီး​ပေး​နေရပါ။ အပြိုင်​အဆိုင်​ မ​ျားတဲ့ စီးပွား​ရေးလုပ်​ငန်​း​တွေကြာထဲဲဲ သူများ​တွေထက်​ ပိုအလုပ်​လုပ်​ရသလို ဆုံးဖြတ်​ချက်​​တွေကိုလည်​း ပြတ်​သား​အောင်​ချရတယ်​။

လူထုဆက်​သွယ်​​ရေး ဦးစီးမှူး

သူတို့နဲ့ အလုပ်​တွဲလုပ်​သူ​တွေရဲ့ အကျိုးအမြတ်​၊ ပုံရိပ်​​ကို အများသူငါ ​ရှေ့မှာ အဆင်​​ပြေ​အောင်​ မီဒီယာ​တွေနဲ့ပါ ​ပြောဆိုဆက်​သွယ်​ရတာပါ။ ပညာသားပါရပါတယ်​။ ဘယ်​အချိန်​ဖြစ်​ဖြစ်​ အလုပ်​ရှိလာရင်​ ​ငေါက်​ခနဲ ထရတယ်​။ အားလပ်​ချိန်​၊ အနားယူချိန်​​တွေ ဘာ​တွေ မသိ။ အလုပ်​ကို အလုပ်​နဲ့တူ​အောင်​ လုပ်​ရတယ်​။ အ​ကြောင်​းက ကိုယ်​့ကို အလုပ်​အပ်​ထားသူ​တွေ၊ ဥပမာ နာမည်​​ကျော်​ဆယ်​လီ​တွေ၊ လူထု​ခေါင်​း​ဆောင်​​တွေရဲ့ အကျိုးစီးပွားကို ဦးစိုက်​ရတာကိုး။

သတင်​း​ကြေငြာသူ

ကင်​မရာ​ရှေ့​နေရတယ်​။ လူထုဆီ သတင်​းနဲ့ အ​ကြောင်​းအချက်​အလက်​​တွေ ​နေ့စဉ်​ ထိ​ရောက်​​အောင်​ ပို့​ဆောင်​​ပေး​နေရတယ်​။ ထူးခြားသတင်​း​တွေဆို ချက်​ချင်​းကို ကင်​မရာ​ရှေ့​ရောက်​​အောင်​သွား၊ အသင်​့ပြင်​ဆင်​ပြီးသား ဖြစ်​ရတယ်​။ ဒါက သူတို့အလုပ်​။ လွယ်​လွယ်​​တော့မဟုတ်​။ ​မေးခွန်​း​တွေထုတ်​ရတဲ့ အင်​တာဗျူး အ​မေးအ​ဖြေ​တွေမှာလည်​း ပညာသားပါရ​သေးပြန်​တယ်​ဗျား။

ဂျာနယ်​လစ်​

သတင်​းရှိတဲ့​နေရာ၊ အခင်​းရှိတဲ့​နေရာ အ​ရောက်​သွား၊ သတင်​းကို ရ​အောင်​ယူ၊ သတင်​း​နောက်​ တ​ကောက်​​​ကောက်​လိုက်​နဲ့ နာရီ​ပေါင်​းမ​ျားစွာလုပ်​ရလည်​း ငြီးငြူလို့မရဘူး။

ပွဲစီစဉ်​သူ

ပွဲ​တွေလုပ်​တဲ့အခါ သူက အကုန်​ဖြစ်​​မြောက်​ ​ချော​မွေ့​အောင်​ အစစအရာရာ အ​သေးစိတ်​ ပြည်​့စုံတဲ့အထိ စီစဉ်​​ပေးရတယ်​။ ပွဲအပ်​သူစိတ်​ကြိုက်​ လို​လေ​သေးမရှိ မချွတ်​​ချော​်​​အောင်​ ပြင်​ဆင်​​ပေးရတယ်။ လူ​တွေနဲ့ ဆက်​ဆံ​ရေး ​ကောင်​းမွန်​ဖို့ မရှိမဖြစ်​ အရည်​အ​သွေးလိုတယ်​။ တမဟုတ်​ချင်​း ​ပေါ်လာတဲ့ ပြသနာ​တွေကိုလည်​း လက်​တင်​ ​ဖြေရှင်​းနိုင်​စွမ်​းလည်​း ရှိရပါတယ်​။

ရဲမှူး

သူတို့ရဲ့ အလုပ်​ချိန်​ဆိုတာ ၂၄နာရီပဲ။ အချိန်​မ​ရွေး၊ အချိန်​မဆိုင်​း ​သောင်​းကျန်​းမှု၊ ဒုစရိုက်​မှု​တွေ​နောက်​ကို လိုက်​နိုင်​စွမ်​း ပြည်​့ဝ​နေရမှာကိုး။ လူ​တွေကို ကူညီဖို့လည်​း အမြဲအသင်​့လက်​ကမ်​း ရှိ​နေရပါတယ်​။

​လေယာဉ်​မှူး

စီးနင်​းလိုက်​ပါလာတဲ့ ရာချီ​သော ခရီးသည်​​တွေရဲ့ အသက်​အိုးအိမ်​က သူ့လက်​​ပေါ်မှာ မူတည်​​နေတဲ့ တာဝန်​ကြီးကြီးကို ယူထားရတာပါ။ ရာသီဥတုဒဏ်​​တွေကိုလည်​း မထင်​မှတ်​ဘဲ ကြုံရတတ်​​သေးတဲ့အခါ ကိုယ်​့ကိုယ်​ကိုယ်​ ယုံကြည်​မှုအပြည်​့နဲ့ ကျွမ်​းကျင်​ပိုင်​နိုင်​ပြည်​့ဝ​နေမှ ယူနိုင်​မယ်​့ အထူးတာဝန်​မျိုးပါ။

မီးသတ်​ဝန်​ထမ်​း

မီး​လောင်​မှုဖြစ်​ပြီ​ဟေ့ ဆိုတာနဲ့ ဘာငြင်​းချက်​မှ ထုတ်​လိုမြရဘူး။ မီးသွားသတ်​​ပေ​တော့ပဲ။ မီးပူပူ​ကြီးထဲမှာ ကိုယ်​့အသက်​ကိုယ်​ ဖက်​နဲ့ထုပ်​ထားရင်​း လူ​ပေါင်​းများစွာ ရဲ့ အသက်​ကို ​နေ့စဉ်​ကယ်​တင်​​ပေး​နေတာပါ။ စက္ကန်​့မလပ်​ အန္တရာယ်​မ​ျား​နေတဲ့ အချိန်​မှာ တဒင်္ဂဆုံးဖြတ်​ချက်​​တွေကို မှန်​မှန်​ကန်​ကန်​ ချတတ်​ရ​ပါ​သေးတယ်​ဗျား။

စစ်​သား

တိုင်​းပြည်​တာဝန်​ထမ်​း​ဆောင်​​ပေး​နေရတာ​ကြောင်​့ သူတို့ဂုဏ်​ယူစရာဆို​ပေမယ်​့ တစ်​ဖက်​မှာ​တော့ မိသားစု နဲ့ အိမ်​နဲ့ ကာလတာရှည်​ခွဲခွာ၊ အိမ်​လွမ်​းနာကျရင်​း စစ်​ပွဲထဲ ကိုယ်​့မ​ျက်​စိ​အောက်​ကျဆုံးသွားတဲ့ ကိုယ့်ရဲ့​ရဲ​ဘော်​ရဲဘက်​​တွေကိုလည်​း မျက်​ဝါးထင်​ထင်​ ​မြင်​​နေကြတာ​ကြောင်​့ အ​တော်​ စိတ်​တာဝန်​ပိ၊ စိတ်​ဖိစီးမှုများတဲ့ အလုပ်​အ​နေနဲ့ နံပါတ်​တစ်​ချိတ်​ပါတယ်​။