ကားမေတာ္တဆျဖစ္တဲ့ၾကားက ပရိသတ္ေတြကို ဂ႐ုစိုက္ေပးေနတဲ့ ပိုင္ၿဖိဳးသု

ယခုေနာက္ပိုင္းမွာ ပရိသတ္ေတြ အႀကိဳက္ေတြ႕လာတဲ့ မင္းသမီး တစ္ေယာက္ျဖစ္တဲ့ ပိုင္ၿဖိဳးသု ကိုေတာ့ သတိထားမိၾကမယ္ ထင္ပါတယ္။ ပိုင္ၿဖိဳးသု ကေတာ့ ‌အားက်စရာေကာင္းတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားၿပီး ကိုယ္တိုင္ကလည္း ပညာတတ္တ္ေယာက္ ျဖစ္တာေၾကာင့္ အၿမဲတမ္းလိုလို ပရိသတ္ေတြအတြက္ ဗဟုသုတေလေတြ မွ်ေဝ‌ေပးေနၾက ျဖစ္ပါတယ္။

ဒါေပမယ့္လည္း စိတ္မေကာင္းစရာ တစ္ခုကေတာ့ ပိုင္ၿဖိဳးသုတို႔ လင္မယားႏွစ္ေယာက္ ကားမေတာ္တဆမႈ ျဖစ္တာ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး အားလုံးက စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပိုင္ၿဖိဳးသုကေတာ့ သူတို႔ကို မစိုးရိမ္ဖို႔ ေျပာလိုက္တဲ့ အျပင္ ပရိသတ္ေတြကိုပါ က်န္းမာေရးဂ႐ုစိုက္ဖို႔ အသိေပးလိုက္တာ ျဖစ္ပါတယ္။

ပိုင္ၿဖိဳးသုကေတာ့ ယာဥ္မေတာ္တဆျဖစ္မႈနဲ႔ပတ္သက္ၿပီး သူ႔ေဖ့ဘုတ္အေကာင့္မွာေတာ့ “သုသုတို႔ကိုသတင္းၾကားလို႔ စိတ္ပူၿပီး ဖုန္းဆက္ေမးၾကသူမ်ားရွိသလို တခ်ိဴ႕ကလည္းေပ်ာက္ေနတာၾကာလို႔ ေမးေနၾကသူမိတ္ေဆြမ်ားလည္းရွိတာမို႔ စိတ္မပူၾကဖို႔အတြက္ အခုfacebook ကေနအသိေပးလိုက္ပါတယ္ရွင့္ အခုျဖစ္ေနတဲ့ COVID 19 ေၾကာင့္ ကိုဏႀကီး႐ိုက္ကူးလက္စျဖစ္တဲ့ “ခ်စ္ခင္စေမွာ္႐ုံ” ႐ုပ္ရွင္ဇာတ္ကားႀကီး႐ိုက္ကူးမႈကိုရပ္နားၿပီးျပန္လာတဲ့ လမ္းမွာသုသုတို႔ယာဥ္မေတာ္တဆမႈျဖစ္ပါတယ္



ကံေကာင္းေထာက္မစြာနဲ႔ အေရွ႕ခန္းမွာထိုင္တဲ့သုသုမန္ေနဂ်ာနဲ႔ ကားဆရာတို႔ Air bagပြင့္သြားတာေၾကာင့္ဘာမွမျဖစ္ပါဘူး အေနာက္ခန္းမွာထိုင္တဲ့ ကိုဏႀကီးနဲ႔သုသုကေတာ့ အနည္းငယ္ထိခိုက္ဒဏ္ရာရၾကပါတယ္( စိုးရိမ္စရာမရွိပါ) မ်က္ႏွာဖူးေယာင္ပြန္းပဲ့႐ုံ ေျခလက္အနည္းငယ္ထိခိုက္မိ႐ုံပါ(အ႐ိုးက်ိဳးတဲ့အထိမျဖစ္ပါ) ျပႆနာျဖစ္ခ်ိန္မွာ ဒဏ္ရာေတြနဲ႔‌သုသုတို႔ႏွစ္ေယာက္ကို ေဆး႐ုံပို႔စစ္ေဆးေပးၾကတဲ့ မသီတာနဲ႔ မမီး ကားကိစၥေတြ ရဲစခန္းမွာလိုက္ရွင္းေပးၾက႐ုံသာမက အိမ္အထိသုသုတို႔ႏွစ္ေယာက္ကိုလိုက္ပို႔ေပးတဲ့ ေဒါင္းနဲ႔ ကိုသားညီတို႔ကိုလည္းေက်းဇူးအမ်ားႀကီးတင္ပါတယ္…
က်ိဳးပဲ့ျခင္းမရွိတဲ့အတြက္ အခုလိုအခ်ိန္မွာေဆး႐ုံမတက္ဖို႔ဆုံးျဖတ္ၿပီးအိမ္မွာသာ ေဆးေသာက္အနားယူေနၾကပါတယ္




ခ်စ္ေသာမိတ္ေဆြမ်ားနဲ႔ ခုနစ္ရက္သားသမီးမ်ားလည္းေဘးကင္းက်န္းမာၾကပါေစ တတ္ႏိုင္သမွ် အိမ္မွာေနၾကပါ မတတ္သာလို႔ အျပင္ထြက္အလုပ္လုပ္ေနရသူမ်ားလည္း မၾကာခဏလက္ကိုစနစ္တက်ေဆးေၾကာသန႔္စင္ေပးၾကပါ.ႏွာေခါင္းစည္း(mask)ဝတ္ၾကပါေနာ္ ကိုယ္ခံစြမ္းအားျမႇင့္တင္ေပးမဲ့ Vitamin C ေသာက္ပါအစာအာဟာရမွ်တေအာင္စားပါေနာ္ အားလုံးပဲ က်န္းမာၾကပါ‌ေစ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ ပိုင္ၿဖိဳးသု တစ္ေယာက္ကေတာ့ ကားမေတာ္တဆျဖစ္တာေတာင္ ပရိသတ္ေတြကို ဦးစားေပးၿပီး ဂ႐ုစိုက္ေပးတာေတာ့ တကယ္ကို ေလးစားဖို႔ေကာင္းပါတယ္။

Unicode



ယခုနောက်ပိုင်းမှာ ပရိသတ်တွေ အကြိုက်တွေ့လာတဲ့ မင်းသမီး တစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသု ကိုတော့ သတိထားမိကြမယ် ထင်ပါတယ်။ ပိုင်ဖြိုးသု ကတော့ ‌အားကျစရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ကိုယ်တိုင်ကလည်း ပညာတတ်တ်ယောက် ဖြစ်တာကြောင့် အမြဲတမ်းလိုလို ပရိသတ်တွေအတွက် ဗဟုသုတလေတွေ မျှဝေ‌ပေးနေကြ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စိတ်မကောင်းစရာ တစ်ခုကတော့ ပိုင်ဖြိုးသုတို့ လင်မယားနှစ်ယောက် ကားမတော်တဆမှု ဖြစ်တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အားလုံးက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုင်ဖြိုးသုကတော့ သူတို့ကို မစိုးရိမ်ဖို့ ပြောလိုက်တဲ့ အပြင် ပရိသတ်တွေကိုပါ ကျန်းမာရေးဂရုစိုက်ဖို့ အသိပေးလိုက်တာ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ ယာဉ်မတော်တဆဖြစ်မှုနဲ့ပတ်သက်ပြီး သူ့ဖေ့ဘုတ်အကောင့်မှာတော့ “သုသုတို့ကိုသတင်းကြားလို့ စိတ်ပူပြီး ဖုန်းဆက်မေးကြသူများရှိသလို တချိူ့ကလည်းပျောက်နေတာကြာလို့ မေးနေကြသူမိတ်ဆွေများလည်းရှိတာမို့ စိတ်မပူကြဖို့အတွက် အခုfacebook ကနေအသိပေးလိုက်ပါတယ်ရှင့် အခုဖြစ်နေတဲ့ COVID 19 ကြောင့် ကိုဏကြီးရိုက်ကူးလက်စဖြစ်တဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှုကိုရပ်နားပြီးပြန်လာတဲ့ လမ်းမှာသုသုတို့ယာဉ်မတော်တဆမှုဖြစ်ပါတယ်

ကံကောင်းထောက်မစွာနဲ့ အရှေ့ခန်းမှာထိုင်တဲ့သုသုမန်နေဂျာနဲ့ ကားဆရာတို့ Air bagပွင့်သွားတာကြောင့်ဘာမှမဖြစ်ပါဘူး အနောက်ခန်းမှာထိုင်တဲ့ ကိုဏကြီးနဲ့သုသုကတော့ အနည်းငယ်ထိခိုက်ဒဏ်ရာရကြပါတယ်( စိုးရိမ်စရာမရှိပါ) မျက်နှာဖူးယောင်ပွန်းပဲ့ရုံ ခြေလက်အနည်းငယ်ထိခိုက်မိရုံပါ(အရိုးကျိုးတဲ့အထိမဖြစ်ပါ) ပြဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌သုသုတို့နှစ်ယောက်ကို ဆေးရုံပို့စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာလိုက်ရှင်းပေးကြရုံသာမက အိမ်အထိသုသုတို့နှစ်ယောက်ကိုလိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်…
ကျိုးပဲ့ခြင်းမရှိတဲ့အတွက် အခုလိုအချိန်မှာဆေးရုံမတက်ဖို့ဆုံးဖြတ်ပြီးအိမ်မှာသာ ဆေးသောက်အနားယူနေကြပါတယ်

ချစ်သောမိတ်ဆွေများနဲ့ ခုနစ်ရက်သားသမီးများလည်းဘေးကင်းကျန်းမာကြပါစေ တတ်နိုင်သမျှ အိမ်မှာနေကြပါ မတတ်သာလို့ အပြင်ထွက်အလုပ်လုပ်နေရသူများလည်း မကြာခဏလက်ကိုစနစ်တကျဆေးကြောသန့်စင်ပေးကြပါ.နှာခေါင်းစည်း(mask)ဝတ်ကြပါနော် ကိုယ်ခံစွမ်းအားမြှင့်တင်ပေးမဲ့ Vitamin C သောက်ပါအစာအာဟာရမျှတအောင်စားပါနော် အားလုံးပဲ ကျန်းမာကြပါ‌စေ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသု တစ်ယောက်ကတော့ ကားမတော်တဆဖြစ်တာတောင် ပရိသတ်တွေကို ဦးစားပေးပြီး ဂရုစိုက်ပေးတာတော့ တကယ်ကို လေးစားဖို့ကောင်းပါတယ်။

Leave a Reply