ကာ႐ိုက္တာအတြက္ အံ့ျသစရာေကာင္းေလာက္ေအာင္ ခႏၶာကိုယ္ ေျပာင္းလဲခဲ့ၾကတဲ့ ကမာၻေက်ာ္မ်ား

ေဖ်ာ္ေျဖမႈပံုစံအမ်ိဳးမ်ိဳးနဲ႔ အဆင္ေျပေနတဲ့ ယေန႔ေခတ္လူသားေလာကႀကီးမွာေတာ့ ရုပ္ရွင္ေတြကလည္း အေရးႀကီးတဲ့ အခန္းက႑ကေနပါဝင္ေနပါတယ္။ တခ်ိဳ႕ရုပ္ရွင္ေတြကေတာ့ က်ေနာ္တို႔ ၾကည့္လိုက္ရတဲ့အခ်ိန္မွာ ရင္ထဲမွာ ဟာခနဲျဖစ္သြားေလာက္ေပမယ့္ အဲ့ဒီဇာတ္ကားမွာ ဘယ္သရုပ္ေဆာင္ေတြ သရုပ္ေဆာင္ေနတယ္ ဆိုတာ ရုတ္တရက္ မသိႏိုင္ေလာက္ ျဖစ္ခဲ့ရတဲ့ အျဖစ္ပ်က္ေတြလည္း ႀကံဳဖူးမွာပါ ။ နည္းပညာေတြတိုးတက္လာခဲ့သလို CGI ေတြအသံုးမျပဳဘဲ တက္ႏိုင္သမွ် သဘာဝ အတိုင္းရိုက္ကူးထားတဲ့ ရုပ္ရွင္ေတြကလည္း တကယ့္ကို အေကာင္းဆံုးဇာတ္ကားေတြ ျဖစ္ေနတတ္ပါတယ္ ။ အခုက်ေနာ္တို႔ ေဖာ္ျပေပးသြားမယ့္ အေၾကာင္းရာေလးကေတာ့ ခႏၶာကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ၿပီး ရုပ္ရွင္ကားေတြကို သရုပ္ေဆာင္ခဲ့တဲ့ ကမၻာေက်ာ္သရုပ္ေဆာင္ေတြအေၾကာင္းပဲ ျဖစ္ပါတယ္။ ဘယ္သူေတြျဖစ္မလဲဆိုတာကို ဆက္လက္ဖတ္ရႈေပးၾကပါဦးခင္ဗ်ာ ။

Christian Bale



ဒီနာမည္ကို ၾကားလိုက္တာနဲ႔ ရုပ္ရွင္ခ်စ္သူတစ္ေယာက္ဆိုရင္ေတာ့ ဘယ္ဇာတ္ကားထဲမွာ သူဘယ္လို ဝိတ္ေတြခ်ၿပီးသရုပ္ေဆာင္ခဲ့လည္း ဆိုတာ သိၿပီးသားျဖစ္မွာပါ ။ မသိေသးတဲ့သူေတြအတြက္ေတာ့ က်ေနာ္ ျပန္ၿပီးေျပာျပပါမယ့္ ။ Christian Bale ကေတာ့ The Machinist ဆိုဇာတ္ကားကို ရိုက္ကူးဖို႔အတြက္ ေပါင္ခ်ိန္ ၁၂၂ ေပါင္ အေလးခ်ိန္ပဲရိွေနေအာင္ သူရဲ႕ ရိွရင္းစြဲ ခႏၶာကိုယ္အေလးခ်ိန္ကို ၆၃ ေပါင္ ေလ်ာ့ခ်ခဲ့ပါတယ္။ အဲ့ဒီဇာတ္ကားရိုက္ကူးၿပီးခ်ိန္ ၅ လအတြင္းမွာေတာ့ သူဟာ ေပါင္ခ်ိန္ ၂၂၀ ေရာက္ေအာင္ျပန္လုပ္ၿပီး Batman Begins ကိုရုိက္ကူးခဲ့ပါတယ္။ သူကေတာ့ တကယ့္ဆရာႀကီးပါပဲ ။

Anne Hathaway




The Dark Knight Rise ႐ုပ္ရွင္ထဲမွာ Catwoman အျဖစ္သရုပ္ေဆာင္ထားတဲ့ Anne Hathaway ကိုေတာ့ လူတိုင္းမွတ္မိၾကဦးမယ္ထင္ပါတယ္။ သူကလည္း ဒီလို Bod Transform လုပ္တဲ့ေနရာမွာ စေကးၾကမ္း မင္းသမီးတစ္ေယာက္ပါပဲ။ သူကေတာ့ Les Miserables ဆိုတဲ့ရုပ္ရွင္မွာ ျပည့္တန္ဆာတစ္ေယာက္ ေနရာကေနသရုပ္ေဆာင္ဖို႔ ကိုယ္အေလးခ်ိန္ ၁၆ ေပါင္ေလွ်ာ့ခ် ခဲ့ပါတယ္။ သူကလည္း က်ေနာ္တို႔ ႀကိဳက္ရတဲ့ သရုပ္ေဆာင္ေကာင္းတဲ့ မင္းသမီးတစ္ေယာက္ ပါ။

Tom Hanks



သရုပ္ေဆာင္ပညာရပ္မွာ သူမ်ားနဲ႔ မတူေအာင္ထူးခၽြန္တဲ့ မင္းသားေတြထဲမွာေတ့ာ မင္းသားႀကီးTom Hanks ကလည္း တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ သူကေတာ့ Castaway ကို သရုပ္ေဆာင္ေနစဥ္ ကၽြန္းတစ္ကၽြန္းအေပၚမွာ တစ္ေယာက္တည္း ေနထိုင္ရုန္းကန္ၿပီး စိတ္ေရာကိုယ္ပါ ေထာင္းလေမာင္းေက်ေနတဲ့ သူတစ္ေယာက္အေနနဲ႔ သရုပ္ေဆာင္ဖို႔ ေပါင္၂၂၅ ရိွတဲ့ ခႏၶာကိုယ္ကေန ေပါင္၁၇၀ထိေရာက္ေအာင္ အေလးခ်ိန္ ေလွ်ာ့ခ်ခဲ့သူတစ္ဦးျဖစ္ပါတယ္။

Joaquin Phoenix

ေနာက္ထပ္ဒီစာရင္းမွာ ပါဝင္လာတဲ့ သူတစ္ေယာက္ကေတာ့ ေလာေလာဆယ္ အြန္လိုင္းေပၚမွာ Trend တစ္ခုလိုျဖစ္ေနတဲ့ Joker ရုပ္ရွင္ထဲက သရုပ္ဆာင္ Joaquin Pheonix ပဲ ျဖစ္ပါတယ္။ Phoenix တစ္ေယာက္ကေတာ့ ဒီလို Arthur Fleck ေနရာမွာ သရုပ္ေဆာင္ဖို႔အတြက္ ခႏၶာကိုယ္ အေလးခ်ိန္ ၅၂ ေပါင္ထိ ေလွ်ာ့ခ်ခဲ့ရတာပဲျဖစ္ပါတယ္။ သရုပ္ေဆာင္မႈအတတ္မွာ ေၾကာက္စရာေကာင္းေလာက္ေအာင္ ေကာင္းလြန္းလွတဲ့ သူနဲ႔ ေတာ္ေတာ္လိုက္ဖက္တဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။ မၾကည့္ရေသးရင္ သြားၾကည့္လိုက္ၾကပါဦး ။

Chris Hemsworth

Thor မင္းသားတစ္ေယာက္ ျဖစ္တဲ့ Chris Hemsworth တစ္ေယာက္ကလည္း ဒီစာရင္းမွာ ပါဝင္ေနပါတယ္ ။ သူကေတာ့ Good Morning America အစီစဥ္မွာ The Heart of the Sea ဆိုတဲ့ ရုပ္ရွင္ကို ရိုက္ကူးဖို႔အတြက္ ေပါင္ ၃၃ေပါင္ထိ ေလွ်ာ့ခ်ခဲ့ပါေသးတယ္။ ဗလေတာင္ေတာင္တဲ့ မင္းသားတစ္ေယာက္ဟာ ဒီလို ပိန္ခ်ံဳးခ်ံဳးျဖစ္ဖို႔လိုတဲ့ဇာတ္ကားဆိုရင္ေတာ့ ျပင္ဆင္ရတာပါပဲ ။ သူတို႔ရင္ ျပင္ဆင္မႈႀကီးေတြကတာ့ တကယ္ကိုေၾကာက္စရာႀကီးေတြပါေနာ္။

Unicode

ဖျော်ဖြေမှုပုံစံအမျိုးမျိုးနဲ့ အဆင်ပြေနေတဲ့ ယနေ့ခေတ်လူသားလောကကြီးမှာတော့ ရုပ်ရှင်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ တချို့ရုပ်ရှင်တွေကတော့ ကျနော်တို့ ကြည့်လိုက်ရတဲ့အချိန်မှာ ရင်ထဲမှာ ဟာခနဲဖြစ်သွားလောက်ပေမယ့် အဲ့ဒီဇာတ်ကားမှာ ဘယ်သရုပ်ဆောင်တွေ သရုပ်ဆောင်နေတယ် ဆိုတာ ရုတ်တရက် မသိနိုင်လောက် ဖြစ်ခဲ့ရတဲ့ အဖြစ်ပျက်တွေလည်း ကြုံဖူးမှာပါ ။ နည်းပညာတွေတိုးတက်လာခဲ့သလို CGI တွေအသုံးမပြုဘဲ တက်နိုင်သမျှ သဘာဝ အတိုင်းရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကလည်း တကယ့်ကို အကောင်းဆုံးဇာတ်ကားတွေ ဖြစ်နေတတ်ပါတယ် ။ အခုကျနော်တို့ ဖော်ပြပေးသွားမယ့် အကြောင်းရာလေးကတော့ ခန္ဓာကိုယ်အလေးချိန် လျှော့ချပြီး ရုပ်ရှင်ကားတွေကို သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်သရုပ်ဆောင်တွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်သူတွေဖြစ်မလဲဆိုတာကို ဆက်လက်ဖတ်ရှုပေးကြပါဦးခင်ဗျာ ။

Christian Bale
ဒီနာမည်ကို ကြားလိုက်တာနဲ့ ရုပ်ရှင်ချစ်သူတစ်ယောက်ဆိုရင်တော့ ဘယ်ဇာတ်ကားထဲမှာ သူဘယ်လို ဝိတ်တွေချပြီးသရုပ်ဆောင်ခဲ့လည်း ဆိုတာ သိပြီးသားဖြစ်မှာပါ ။ မသိသေးတဲ့သူတွေအတွက်တော့ ကျနော် ပြန်ပြီးပြောပြပါမယ့် ။ Christian Bale ကတော့ The Machinist ဆိုဇာတ်ကားကို ရိုက်ကူးဖို့အတွက် ပေါင်ချိန် ၁၂၂ ပေါင် အလေးချိန်ပဲရှိနေအောင် သူရဲ့ ရှိရင်းစွဲ ခန္ဓာကိုယ်အလေးချိန်ကို ၆၃ ပေါင် လျော့ချခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားရိုက်ကူးပြီးချိန် ၅ လအတွင်းမှာတော့ သူဟာ ပေါင်ချိန် ၂၂၀ ရောက်အောင်ပြန်လုပ်ပြီး Batman Begins ကိုရိုက်ကူးခဲ့ပါတယ်။ သူကတော့ တကယ့်ဆရာကြီးပါပဲ ။

Anne Hathaway

The Dark Knight Rise ရုပ်ရှင်ထဲမှာ Catwoman အဖြစ်သရုပ်ဆောင်ထားတဲ့ Anne Hathaway ကိုတော့ လူတိုင်းမှတ်မိကြဦးမယ်ထင်ပါတယ်။ သူကလည်း ဒီလို Bod Transform လုပ်တဲ့နေရာမှာ စကေးကြမ်း မင်းသမီးတစ်ယောက်ပါပဲ။ သူကတော့ Les Miserables ဆိုတဲ့ရုပ်ရှင်မှာ ပြည့်တန်ဆာတစ်ယောက် နေရာကနေသရုပ်ဆောင်ဖို့ ကိုယ်အလေးချိန် ၁၆ ပေါင်လျှော့ချ ခဲ့ပါတယ်။ သူကလည်း ကျနော်တို့ ကြိုက်ရတဲ့ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်ယောက် ပါ။

Tom Hanks

သရုပ်ဆောင်ပညာရပ်မှာ သူများနဲ့ မတူအောင်ထူးချွန်တဲ့ မင်းသားတွေထဲမှာတေ့ာ မင်းသားကြီးTom Hanks ကလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူကတော့ Castaway ကို သရုပ်ဆောင်နေစဉ် ကျွန်းတစ်ကျွန်းအပေါ်မှာ တစ်ယောက်တည်း နေထိုင်ရုန်းကန်ပြီး စိတ်ရောကိုယ်ပါ ထောင်းလမောင်းကျေနေတဲ့ သူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ဖို့ ပေါင်၂၂၅ ရှိတဲ့ ခန္ဓာကိုယ်ကနေ ပေါင်၁၇၀ထိရောက်အောင် အလေးချိန် လျှော့ချခဲ့သူတစ်ဦးဖြစ်ပါတယ်။

Joaquin Phoenix

နောက်ထပ်ဒီစာရင်းမှာ ပါဝင်လာတဲ့ သူတစ်ယောက်ကတော့ လောလောဆယ် အွန်လိုင်းပေါ်မှာ Trend တစ်ခုလိုဖြစ်နေတဲ့ Joker ရုပ်ရှင်ထဲက သရုပ်ဆာင် Joaquin Pheonix ပဲ ဖြစ်ပါတယ်။ Phoenix တစ်ယောက်ကတော့ ဒီလို Arthur Fleck နေရာမှာ သရုပ်ဆောင်ဖို့အတွက် ခန္ဓာကိုယ် အလေးချိန် ၅၂ ပေါင်ထိ လျှော့ချခဲ့ရတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်မှုအတတ်မှာ ကြောက်စရာကောင်းလောက်အောင် ကောင်းလွန်းလှတဲ့ သူနဲ့ တော်တော်လိုက်ဖက်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မကြည့်ရသေးရင် သွားကြည့်လိုက်ကြပါဦး ။

Chris Hemsworth

Thor မင်းသားတစ်ယောက် ဖြစ်တဲ့ Chris Hemsworth တစ်ယောက်ကလည်း ဒီစာရင်းမှာ ပါဝင်နေပါတယ် ။ သူကတော့ Good Morning America အစီစဉ်မှာ The Heart of the Sea ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် ပေါင် ၃၃ပေါင်ထိ လျှော့ချခဲ့ပါသေးတယ်။ ဗလတောင်တောင်တဲ့ မင်းသားတစ်ယောက်ဟာ ဒီလို ပိန်ချုံးချုံးဖြစ်ဖို့လိုတဲ့ဇာတ်ကားဆိုရင်တော့ ပြင်ဆင်ရတာပါပဲ ။ သူတို့ရင် ပြင်ဆင်မှုကြီးတွေကတာ့ တကယ်ကိုကြောက်စရာကြီးတွေပါနော်။