ကိုယ္မွန္တယ္ထင္ရာ တဇြတ္ထိုး ေခါင္းမာစြာလုပ္ျပီး ပုန္ကန္တတ္တဲ့ ကေလးေတြဟာ ဘဝမွာေအာင္ျမင္ၾကေၾကာင္း ေလ့လာမႈတရပ္အရ ေတြ႔႐ွိ

ကေလးေတြ ဘာေၾကာင့္ ေခါင္းမာၾကသလဲေပါ့။ တခါတေလ မွာ အေတာ္စဥ္းစားရက်ပ္ေစပါတယ္။ ဘာလို႔ မ်ား ဆရာရဲ့ ဆိုဆံုးမစကား နားမေထာင္သလဲေပါ့။ မိဘကို မနာခံလဲေပါ့။ မိဘ ဒါမလုပ္နဲ႔ဆို ဒါမလုပ္နဲ႔ စသျဖင့္ ေျပာစကားနားမေထာင္ဘဲ ဘာလို႔မ်ား ပုန္ကန္ၾကသလဲေပါ့။ တခါတေလ ရဲ႕ မိဘေတြ ရဲ႕. ျသဇာ အမိန္႕အာဏာက အစ သူတို႔က စိန္ေခၚလိုၾကပါတယ္။ ဒါဟာ ေကာင္းေသာ လကၡဏာ ဟုတ္ မဟုတ္ တခ်က္ၾကည့္ၾကရေအာင္။

ResearchGate က ျပဳလုပ္ခဲ့တဲ့ သုေတသနရလာ္ဒ္အရ ကေလးေတြဟာ ကိုယ္မွန္တယ္ထင္ရာ တဇြတ္ထိုး ေခါင္းမာစြာလုပ္ကိုင္တတ္ျပီး ပုန္ကန္တတ္တယ္ဆိုရင္ သူတို႔ေတြဟာ အရြယ္ေရာက္တဲ့အခါ ဘဝမွာ ေအာင္ျမင္ႏိုင္ေခ် ပိုၿပီးမ်ားေၾကာင္း ေတြ႕႐ွိခဲ့ၾကပါတယ္။



ျသဇာအာဏာ ခ်ဳပ္ကိုင္မႈကို စိန္ေခၚတတ္ၿပီး ပတ္ဝန္းက်င္မွာ ျဖစ္ပ်က္ေနသမ်ွ အရာအားလံုးကို ေမးခြန္းထုတ္ေနတတ္တဲ့ ကေလးေတြကို ပုန္ကန္တတ္တဲ့ကေလးေတြအျဖစ္ သတ္မွတ္ႏိုင္ေၾကာင္း သိပၸံနည္းက်ဆိုပါတယ္။




ငယ္ငယ္တုန္းက ရန္လိုတတ္တယ္ ပုန္ကန္တတ္တယ္ ေျပာစကားတိုင္း နာခံေလ့မ႐ွိဘူး ေခါင္းမာတတ္တယ္ မွန္တယ္ထင္ရင္ျဖစ္ေအာင္လုပ္တယ္….. ဆိုတဲ့ ဒီလိုကေလးေတြဟာ အရြယ္ေရာက္လာတဲ့အခါ လုပ္ငန္းခြင္မွာ အေရးပါတဲ့ ဦးေဆာင္သူအျဖစ္ ေနရာေပးျခင္းခံရတာကို ေတြ႕ရသလို ေက်ာင္းတုန္းက သူတို႕ထက္ စာပိုေတာ္ၿပီး အမွတ္ေကာင္းခဲ့တဲ့ ကေလးေတြထက္လည္း ဝင္ေငြပိုမို႐ွာေဖြႏိုင္စြမ္း႐ွိၾကေၾကာင္း၊ က်င့္ဝတ္စည္းကမ္းပိုင္းဆိုင္ရာ အားေကာင္းလာၾကေၾကာင္း ၁၉၆၈ ခုႏွစ္က ေလ့လာခဲ့တဲ့ အသက္ ၈ ႏွစ္ နဲ႔ ၁၂ ႏွစ္ၾကား ကေလးငယ္ဦးေရ ၃၀၀၀ ကို ႏွစ္ ၄၀ ၾကာ ေစာင့္ၾကည့္ခဲ့ၿပီး အခ်က္အလက္အေသးစိတ္အရ အေျဖထုတ္နိင္ခဲ့ၾကပါတယ္။

သူတို႔က သူတို႔အေပၚမွာ ဖိစီးခ်ဳပ္ေႏွာင္လာတဲ့ စည္းေတြ မ်ဥ္းေတြကို လက္ခံျခင္းမ႐ွိဘဲ ဖီဆန္တတ္တဲ့သဘာဝေၾကာင့္ ေကာင္းမြန္တဲ့ တကိုယ္ေကာင္းဆန္မႈ အေနနဲ႔ ကိုယ္ျဖစ္ခ်င္တာကို ျဖစ္ေအာင္လုပ္ႏိုင္စြမ္း႐ွိၾကတာျဖစ္သလို လမ္း႐ိုးမလိုက္ျခင္း မလိုအပ္တဲ့ အစဥ္အလာေနာက္ကို မလိုက္ျခင္း၊ ကိုယ့္လမ္းကိုယ္ေဖာက္ရျခင္း စသျဖင့္ ဒါေတြဟာ သူတို႔ကိုယ္သူတို႔ ျပန္ၿပီးဆြဲေဆာင္ႏိုင္တဲ့အခ်က္ျဖစ္တယ္လို႔ သိရပါတယ္။

Unicode



ကလေးတွေ ဘာကြောင့် ခေါင်းမာကြသလဲပေါ့။ တခါတလေ မှာ အတော်စဉ်းစားရကျပ်စေပါတယ်။ ဘာလို့ များ ဆရာရဲ့ ဆိုဆုံးမစကား နားမထောင်သလဲပေါ့။ မိဘကို မနာခံလဲပေါ့။ မိဘ ဒါမလုပ်နဲ့ဆို ဒါမလုပ်နဲ့ စသဖြင့် ပြောစကားနားမထောင်ဘဲ ဘာလို့များ ပုန်ကန်ကြသလဲပေါ့။ တခါတလေ ရဲ့ မိဘတွေ ရဲ့. သြဇာ အမိန့်အာဏာက အစ သူတို့က စိန်ခေါ်လိုကြပါတယ်။ ဒါဟာ ကောင်းသော လက္ခဏာ ဟုတ် မဟုတ် တချက်ကြည့်ကြရအောင်။

ResearchGate က ပြုလုပ်ခဲ့တဲ့ သုတေသနရလာ်ဒ်အရ ကလေးတွေဟာ ကိုယ်မှန်တယ်ထင်ရာ တဇွတ်ထိုး ခေါင်းမာစွာလုပ်ကိုင်တတ်ပြီး ပုန်ကန်တတ်တယ်ဆိုရင် သူတို့တွေဟာ အရွယ်ရောက်တဲ့အခါ ဘဝမှာ အောင်မြင်နိုင်ချေ ပိုပြီးများကြောင်း တွေ့ရှိခဲ့ကြပါတယ်။

သြဇာအာဏာ ချုပ်ကိုင်မှုကို စိန်ခေါ်တတ်ပြီး ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ အရာအားလုံးကို မေးခွန်းထုတ်နေတတ်တဲ့ ကလေးတွေကို ပုန်ကန်တတ်တဲ့ကလေးတွေအဖြစ် သတ်မှတ်နိုင်ကြောင်း သိပ္ပံနည်းကျဆိုပါတယ်။

ငယ်ငယ်တုန်းက ရန်လိုတတ်တယ် ပုန်ကန်တတ်တယ် ပြောစကားတိုင်း နာခံလေ့မရှိဘူး ခေါင်းမာတတ်တယ် မှန်တယ်ထင်ရင်ဖြစ်အောင်လုပ်တယ်….. ဆိုတဲ့ ဒီလိုကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ လုပ်ငန်းခွင်မှာ အရေးပါတဲ့ ဦးဆောင်သူအဖြစ် နေရာပေးခြင်းခံရတာကို တွေ့ရသလို ကျောင်းတုန်းက သူတို့ထက် စာပိုတော်ပြီး အမှတ်ကောင်းခဲ့တဲ့ ကလေးတွေထက်လည်း ဝင်ငွေပိုမိုရှာဖွေနိုင်စွမ်းရှိကြကြောင်း၊ ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ အားကောင်းလာကြကြောင်း ၁၉၆၈ ခုနှစ်က လေ့လာခဲ့တဲ့ အသက် ၈ နှစ် နဲ့ ၁၂ နှစ်ကြား ကလေးငယ်ဦးရေ ၃၀၀၀ ကို နှစ် ၄၀ ကြာ စောင့်ကြည့်ခဲ့ပြီး အချက်အလက်အသေးစိတ်အရ အဖြေထုတ်နိင်ခဲ့ကြပါတယ်။

သူတို့က သူတို့အပေါ်မှာ ဖိစီးချုပ်နှောင်လာတဲ့ စည်းတွေ မျဉ်းတွေကို လက်ခံခြင်းမရှိဘဲ ဖီဆန်တတ်တဲ့သဘာဝကြောင့် ကောင်းမွန်တဲ့ တကိုယ်ကောင်းဆန်မှု အနေနဲ့ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်စွမ်းရှိကြတာဖြစ်သလို လမ်းရိုးမလိုက်ခြင်း မလိုအပ်တဲ့ အစဉ်အလာနောက်ကို မလိုက်ခြင်း၊ ကိုယ့်လမ်းကိုယ်ဖောက်ရခြင်း စသဖြင့် ဒါတွေဟာ သူတို့ကိုယ်သူတို့ ပြန်ပြီးဆွဲဆောင်နိုင်တဲ့အချက်ဖြစ်တယ်လို့ သိရပါတယ်။

Tags: