ကိုယ္ဝန္ေဆာင္ခ်ိန္ အစပ္စား လို႔ရလား

0
91

မိခင္တစ္ဦး ကိုယ္ဝန္စေဆာင္ပီ ဆိုရင္ မိခင္ရဲ႕စိတ္ထဲမွာ ေပ်ာ္ရႊင္မႈေတြနဲ႔ အတူ “ငါဒါမွစားလို႔ရရဲ႕လား၊ ဒါေလးက ကေလးအတြက္ ထိခိုက္သြားႏိုင္လား” စတဲ့ စိုးရိမ္မႈေတြ၊ စဥ္းစားစရာေတြပါ ေရာေထြးပီး ပါလာတတ္ပါတယ္။ အဲဒီထဲမွာမွ ကိုယ္ဝန္ေဆာင္မိခင္ေတြ အစပ္စားလို႔ ရမရ ကလည္း အစပ္ႀကိဳက္တတ္တဲ့မိခင္ေတြ ေတြးေတာစရာ ကိစၥတစ္ခု ျဖစ္လို႔ လာပါတယ္။ တခ်ိဳ႕ေတြကေတာ့ “ကိုယ္ဝန္ေဆာင္ရင္ အစပ္ေတြစားလို႔မရဘူး၊ ကေလးထိခိုက္တတ္တယ္” “အစပ္စားရင္ ကေလးေမြးတာ ေစာေမြးပီး ေန႔မေစ့ လမေစ့ ကေလးေလး ေတြေမြး တတ္တယ္” စသျဖင့္ အယူအဆ မွားေလးေတြ ႐ွိေနတာကို ေတြ႔ရပါတယ္။

အမွန္က အစပ္စားျခင္းက မိမိ ဗိုက္ထဲမွာ႐ွိတဲ့ ကေလးကို ေဘးဥပါဒ္ မျဖစ္ေစပါဘူးတဲ့။ ဒါေပမဲ့ ေအာက္မွ ေဖာ္ျပထားတဲ့ အခ်က္ေလးေတြ ႐ွိမ႐ွိ စမ္းစစ္ပီးမွ ကိုယ္ဝန္ေဆာင္တုန္း အစပ္စားဖို႔ မစားဖို႔ ေျပာလို႔ရပါမယ္တဲ့။ ကဲ…. ၾကည့္ၾကရေအာင္…..

၁။ သင့္မွာ အစာအိမ္ေရာဂါ ႐ွိပါသလား?
သင္ဟာ ကိုယ္ဝန္မေဆာင္ခင္ကတည္းက ဗိုက္ခဏခဏ ေအာင့္တတ္ပါသလား၊ အစာအိမ္ေရာဂါ႐ွိလို႔ ေဆးေတြေသာက္ေနရပါသလား။ အဲ့လိုမ်ိဳး႐ွိတယ္ဆိုရင္ေတာ့ အစပ္ေတြ အမ်ားႀကီးမစားတာ ေကာင္းပါလိမ့္မယ္။ အစာအိမ္ေရာဂါ႐ွိတဲ့ မိခင္ဟာ အစပ္ေတြ အမ်ားႀကီးစားမိရင္ေတာ့ အစာအိမ္ေရာဂါ ပိုဆိုးပီး အစားအေသာက္ပ်က္မယ္၊ အစားအေသာက္ပ်က္ရင္ လိုအပ္တဲ့ အာဟာရေတြ ကေလးဆီမေရာက္ ႏိုင္ေတာ့ဘူးေပါ့။ အစာအိမ္ေရာဂါ မ႐ွိဘူးဆိုရင္ေတာ့ ကိုယ္ဝန္ေဆာင္တုန္း အစပ္စားတာ ကေလးအတြက္ ျပသနာ မ႐ွိႏိုင္ပါဘူးတဲ့။

၂။ သင္ဟာ ကိုယ္ဝန္ေဆာင္တုန္း ခဏခဏ အန္တာ၊ ပ်ိဳ႕တာမ်ိဳး (morning sickness) ႐ွိပါသလား?
ကိုယ္ဝန္ေဆာင္ မိခင္တစ္ဦးဟာ ကိုယ္ဝန္ေဆာင္ပီး ၅ ပတ္ေလာက္မွာ morning sickness စျဖစ္တတ္ပီး အျဖစ္အမ်ားဆံုးကေတာ့ ၈ ပါတ္ကေန ၁၂ ပါတ္ထဲမွာပါ။ အစပ္စားျခင္းဟာ morning sickness ျဖစ္တာကို ပိုဆိုးေစပါတယ္တဲ့။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြ အစပ္စားမယ္ဆိုရင္ေတာ့ ၅ပါတ္ကေန ၁၂ ပါတ္ေလာက္ထိကို ေလ်ာ့စားသင့္ပါတယ္တဲ့။

၃။ သင္ဟာ စားခ်င့္ျပန္ေရာဂါ (Gastroesophageal reflux disease – GERD) ႐ွိေနပါသလား?
ကြၽန္ေတာ္တို႔ရဲ႕ ပံုမွန္ အစာေရမ်ိဳျပြန္နဲ႔ အစာအိမ္ၾကားထဲမွာ တံခါးခ်ပ္ေလး တစ္ခ်ပ္႐ွိပါတယ္။ အဲ့ တံခါးခ်ပ္ေလးက ကြၽန္ေတာ္တို႔ အစာအိမ္ထဲက အစာေခ်ရည္ေတြကို အစာေရမ်ိဳျပြန္ထဲ ေနာက္ျပန္ျပန္ မဝင္ေအာင္ ထိန္းေပးထားပါတယ္။ အဲ့ တံခါးေလး မလံုပဲ အစာေခ်ရည္ေတြ ေနာက္ျပန္စီးေနတာကို ေဆးပညာအရ စားခ်င့္ျပန္ေရာဂါ လို႔ေခၚပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ဟာ အဲ့လို ေရာဂါမ်ိဳး႐ွိတယ္ ဆိုရင္ေတာ့ အစပ္စားလို႔မရပါဘူးတဲ့။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အစာအိမ္ရဲ႕ အစာေခ်ဖ်က္ ႏိုင္စြမ္းက သာမာန္လူေတြနဲ႔ ယွဥ္ရင္ ပိုေႏွးတတ္ပီး အစာေခ်ရည္ေတြက အစာေရမ်ိဳႁပြန္ထဲ ပိုပီး လြယ္လြယ္ကူကူ ဝင္သြားေစႏိုင္ပါတယ္တဲ့။

၄။ သင္ဟာ အစပ္စားရင္ allergy ျဖစ္တတ္သူတစ္ဦးလား?
အစပ္ကို allergy ႐ွိတယ္ဆိုရင္ေတာ့ မစားတာ အေကာင္းဆံုးျဖစ္မွာပါ။ ဒါမွမဟုတ္ အရမ္း ခ်ဥ္ျခင္းတတ္ပီး စားခ်င္တယ္ဆိုရင္ေတာ့ အရမ္းစပ္တာမ်ိဳး မဟုတ္ပဲ အနည္းအက်ဥ္းစားၾကည့္လို႔ေတာ့ ရပါတယ္တဲ့။

ကဲ… အေပၚမွာ ေမးထားတဲ့ ေမးခြန္းေလးေတြ ေျဖၾကည့္ပီး အကုန္လံုး NO ဆိုရင္ေတာ့ အစပ္ ကို ကိုယ္ဝန္ေဆာင္တုန္းရဲရဲ ႀကီးစားလို႔ရ ပါတယ္တဲ့။ ကဲ.. အစပ္ႀကိဳက္တတ္တဲ့ ေမေမ ေတြလည္း သိပ္စဥ္းစားစရာမလိုေတာ့ပဲ ရဲရဲႀကီး စားလိုက္ၾကရေအာင္ 😉။( ဒီေဆာင္းပါးကို ေျပာခ်င္လြန္းလို႔ရဲ႕ မိတ္ဖက္က်န္းမာေရး စာမ်က္ႏွာ ျဖစ္တဲ႔ ေဒါက္တာဇီဝက Facebook Page မွ ကူးယူတင္ျပလိုက္ပါတယ္။)

Unicode

မိခင်တစ်ဦး ကိုယ်ဝန်စဆောင်ပီ ဆိုရင် မိခင်ရဲ့စိတ်ထဲမှာ ပျော်ရွှင်မှုတွေနဲ့ အတူ “ငါဒါမှစားလို့ရရဲ့လား၊ ဒါလေးက ကလေးအတွက် ထိခိုက်သွားနိုင်လား” စတဲ့ စိုးရိမ်မှုတွေ၊ စဉ်းစားစရာတွေပါ ရောထွေးပီး ပါလာတတ်ပါတယ်။ အဲဒီထဲမှာမှ ကိုယ်ဝန်ဆောင်မိခင်တွေ အစပ်စားလို့ ရမရ ကလည်း အစပ်ကြိုက်တတ်တဲ့မိခင်တွေ တွေးတောစရာ ကိစ္စတစ်ခု ဖြစ်လို့ လာပါတယ်။ တချို့တွေကတော့ “ကိုယ်ဝန်ဆောင်ရင် အစပ်တွေစားလို့မရဘူး၊ ကလေးထိခိုက်တတ်တယ်” “အစပ်စားရင် ကလေးမွေးတာ စောမွေးပီး နေ့မစေ့ လမစေ့ ကလေးလေး တွေမွေး တတ်တယ်” စသဖြင့် အယူအဆ မှားလေးတွေ ရှိနေတာကို တွေ့ရပါတယ်။

အမှန်က အစပ်စားခြင်းက မိမိ ဗိုက်ထဲမှာရှိတဲ့ ကလေးကို ဘေးဥပါဒ် မဖြစ်စေပါဘူးတဲ့။ ဒါပေမဲ့ အောက်မှ ဖော်ပြထားတဲ့ အချက်လေးတွေ ရှိမရှိ စမ်းစစ်ပီးမှ ကိုယ်ဝန်ဆောင်တုန်း အစပ်စားဖို့ မစားဖို့ ပြောလို့ရပါမယ်တဲ့။ ကဲ…. ကြည့်ကြရအောင်…..

၁။ သင့်မှာ အစာအိမ်ရောဂါ ရှိပါသလား?
သင်ဟာ ကိုယ်ဝန်မဆောင်ခင်ကတည်းက ဗိုက်ခဏခဏ အောင့်တတ်ပါသလား၊ အစာအိမ်ရောဂါရှိလို့ ဆေးတွေသောက်နေရပါသလား။ အဲ့လိုမျိုးရှိတယ်ဆိုရင်တော့ အစပ်တွေ အများကြီးမစားတာ ကောင်းပါလိမ့်မယ်။ အစာအိမ်ရောဂါရှိတဲ့ မိခင်ဟာ အစပ်တွေ အများကြီးစားမိရင်တော့ အစာအိမ်ရောဂါ ပိုဆိုးပီး အစားအသောက်ပျက်မယ်၊ အစားအသောက်ပျက်ရင် လိုအပ်တဲ့ အာဟာရတွေ ကလေးဆီမရောက် နိုင်တော့ဘူးပေါ့။ အစာအိမ်ရောဂါ မရှိဘူးဆိုရင်တော့ ကိုယ်ဝန်ဆောင်တုန်း အစပ်စားတာ ကလေးအတွက် ပြသနာ မရှိနိုင်ပါဘူးတဲ့။

၂။ သင်ဟာ ကိုယ်ဝန်ဆောင်တုန်း ခဏခဏ အန်တာ၊ ပျို့တာမျိုး (morning sickness) ရှိပါသလား?
ကိုယ်ဝန်ဆောင် မိခင်တစ်ဦးဟာ ကိုယ်ဝန်ဆောင်ပီး ၅ ပတ်လောက်မှာ morning sickness စဖြစ်တတ်ပီး အဖြစ်အများဆုံးကတော့ ၈ ပါတ်ကနေ ၁၂ ပါတ်ထဲမှာပါ။ အစပ်စားခြင်းဟာ morning sickness ဖြစ်တာကို ပိုဆိုးစေပါတယ်တဲ့။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ အစပ်စားမယ်ဆိုရင်တော့ ၅ပါတ်ကနေ ၁၂ ပါတ်လောက်ထိကို လျော့စားသင့်ပါတယ်တဲ့။

၃။ သင်ဟာ စားချင့်ပြန်ရောဂါ (Gastroesophageal reflux disease – GERD) ရှိနေပါသလား?
ကျွန်တော်တို့ရဲ့ ပုံမှန် အစာရေမျိုပြွန်နဲ့ အစာအိမ်ကြားထဲမှာ တံခါးချပ်လေး တစ်ချပ်ရှိပါတယ်။ အဲ့ တံခါးချပ်လေးက ကျွန်တော်တို့ အစာအိမ်ထဲက အစာချေရည်တွေကို အစာရေမျိုပြွန်ထဲ နောက်ပြန်ပြန် မဝင်အောင် ထိန်းပေးထားပါတယ်။ အဲ့ တံခါးလေး မလုံပဲ အစာချေရည်တွေ နောက်ပြန်စီးနေတာကို ဆေးပညာအရ စားချင့်ပြန်ရောဂါ လို့ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ အဲ့လို ရောဂါမျိုးရှိတယ် ဆိုရင်တော့ အစပ်စားလို့မရပါဘူးတဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ အစာအိမ်ရဲ့ အစာချေဖျက် နိုင်စွမ်းက သာမာန်လူတွေနဲ့ ယှဉ်ရင် ပိုနှေးတတ်ပီး အစာချေရည်တွေက အစာရေမျိုပြွန်ထဲ ပိုပီး လွယ်လွယ်ကူကူ ဝင်သွားစေနိုင်ပါတယ်တဲ့။

၄။ သင်ဟာ အစပ်စားရင် allergy ဖြစ်တတ်သူတစ်ဦးလား?
အစပ်ကို allergy ရှိတယ်ဆိုရင်တော့ မစားတာ အကောင်းဆုံးဖြစ်မှာပါ။ ဒါမှမဟုတ် အရမ်း ချဉ်ခြင်းတတ်ပီး စားချင်တယ်ဆိုရင်တော့ အရမ်းစပ်တာမျိုး မဟုတ်ပဲ အနည်းအကျဉ်းစားကြည့်လို့တော့ ရပါတယ်တဲ့။

ကဲ… အပေါ်မှာ မေးထားတဲ့ မေးခွန်းလေးတွေ ဖြေကြည့်ပီး အကုန်လုံး NO ဆိုရင်တော့ အစပ် ကို ကိုယ်ဝန်ဆောင်တုန်းရဲရဲ ကြီးစားလို့ရ ပါတယ်တဲ့။ ကဲ.. အစပ်ကြိုက်တတ်တဲ့ မေမေ တွေလည်း သိပ်စဉ်းစားစရာမလိုတော့ပဲ ရဲရဲကြီး စားလိုက်ကြရအောင် 😉။( ဒီဆောင်းပါးကို ပြောချင်လွန်းလို့ရဲ့ မိတ်ဖက်ကျန်းမာရေး စာမျက်နှာ ဖြစ်တဲ့ ဒေါက်တာဇီဝက Facebook Page မှ ကူးယူတင်ပြလိုက်ပါတယ်။)