ကိုယ်ရေးကိုယ်တာတွေ အင်တာဗျူးမဖြေတော့ဘူးဆိုတဲ့ နေခြည်ဦး

0
34

လတ်တလောမှာနေခြည်ဦးဟာ မြန်မာနိုင်ငံရဲ့ လူသိအများဆုံးမင်းသမီးတွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်လို့နေတာပါ။ Beauty Blogger အဖြစ်ကနေ မင်းသမီးအဖြစ်ကိုလိုင်းကူးလာတဲ့ နေခြည်ဦးကအခုဆိုရင်ရုပ်ရှင်ကားကြီးတွေလည်းရိုက်ထားပြီးဖြစ်သလို စီးပွားရေးလုပ်ငန်းအနေနဲ့လည်း သူမရဲ့ Year Planner Book လေးကိုထုတ်ထားပြီးဖြစ်ပါတယ်။ အခုတလောမှာ နေခြည်ဦးက သူမရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးလည်းထွက်ထားပြီး အောင်ရဲလင်းနဲ့ ရုပ်ရှင်အတူတူရိုက်မယ်ဆိုတာတွေကြောင့်ရော အင်တာဗျူးတွေဆက်တိုက်ဆိုသလိုဖြေနေတာကြောင့် လူမှုကွန်ယက်တွေပေါ်ကသတင်းတွေမှာလည်းနေခြည်ဦးတစ်ယောက်တည်းကသာ စိုးမိုးမင်းမူထားနေခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူ့သတင်းတွေပဲမြင်နေရတယ်ဆိုပြီး မျက်မုန်းကျိုးတဲ့သူတွေက ဝေဖန်လာကြတာပါ။

နေခြည်ဦးက သူမက ပွင့်ပွင့်လင်းလင်းနေတတ်သူဖြစ်တာနဲ့အမျှ ဘယ်မေးခွန်းကိုတော့မဖြေဘူးဆိုတာမရှိဘူး ဖြေနေဦးမှာပဲဆိုပြီးတော့ အင်တာဗျူးတစ်ခုမှာ “နေခြည်ကကျတော့ အမြဲတမ်းဒီလိုပဲပွင့်ပွင့်လင်းလင်းပြောတာ နေခြည်က မီဒီယာတွေအကုန်လုံးက နေခြည့်သူငယ်ချင်းလိုပဲ နေခြည်သတ်မှတ်ထားတာ။ မီဒီယာတွေနောက်ကွယ်မှာရှိတဲ့ နေခြည့် ချီလီတွေကလည်း နေခြည်ပြောတာကိုနားလည်တယ်။အဲဒါကြောင့် ဟိုမေးခွန်းဆိုမဖြေဘူး ဒီမေးခွန်းဆိုမဖြေဘူး နေခြည်ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ နေခြည်ဒီတိုင်းပဲသွားမှာ”လို့ ဖြေထားခဲ့ဖူးပါတယ်။

ဒါပေမယ့် နေခြည်က နောက်ပိုင်းမှာတော့နေခြည့်မျက်နှာကြီးပဲမြင်နေရတယ်ဆိုတဲ့ ဝေဖန်မှုတွေများလာတာကြောင့်  ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖြေတော့မှာမဟုတ်ဘူးလို့ ပြောလာပါပြီ။ နေခြည်က “သူများ မပြောနဲ့ ကိုယ်တောင် ကိုယ့် news feed ကြည့်ပြီး ကိုယ့်ရုပ်ကြီးဘဲ မြင်နေရလို့ အမြင်ကပ်တယ်။ Interview ဆရာများရှင့် နောက် သမီးနေခြည် ပွဲအကြောင်းများမှတစ်ပါး Personal များမဖြေတော့ရင် နားလည်ပေးပါ။ သိုင်းလောကက ခဏနားပါမည်။ဖြေမှန်းသိတော့ မေးတယ်။ မေးတိုင်းလည်း ဖြေတယ်။ ဂရက်ဖြစ်အောင်မေးတယ်။ ဖြေတဲ့သူကလည်း ဖြေတယ်။ တစ်ခါတစ်လေ ကိုယ့်မှာလည်း ကိုယ့်အကြောင်းတွေတင်ဖို့ ထောင်ထားတဲ့ page ရှိနေတာ မေ့မေ့နေတယ်။ တော်ပြီ နောက်ဆို ပြောစရာရှိရင် page မှာ live လွှင့်မယ်။ ဒါဘဲ။ နားဘီ”လို့ရေးထားပါတယ်။

နေခြည်ဦးဟာ သူမကိုအရမ်းကိုချစ်တဲ့ ပရိသတ်ချီလီတွေအပြင် အရမ်းချစ်တဲ့မိသားစုဝင်တွေကိုလည်းပိုင်ဆိုင်ထားပြီး သူမရဲ့မိဘတွေကတော့ နေခြည်ဦးကို ဖူးဖူးမှုတ်ထားကြတာပါ။ ဒါကြောင့်လည်း နေခြည်ဦးက ရဲတင်းသွက်လက်ပြတ်သားတဲ့ မိန်းကလေးအဖြစ်ကြီးပြင်းလာတာလို့ဆိုရပါမယ်။ နေခြည်ဦးက မကြာခင်ကပဲ နေခြည့်ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ ဖေဖေဝယ်ပေးတဲ့ သိန်းနှစ်ရာနီးပါး တန်ဖိုးရှိတဲ့ Hublot နာရီလေးကိုလည်း လက်ခံရရှိထားပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေခြည်ဦးကိုချစ်ကြလား။ ပွင့်ပွင့်လင်းလင်းရှိတဲ့နေခြည်တစ်ယောက်တော့ ကိုယ်ရေးကိုယ်တာတွေမဖြေရပဲ ထိန်းချုပ်နေရရင် စိတ်ထဲမယ် ကလိကလိဖြစ်နေတော့မှာပဲလို့ထင်ကြလား။ နေခြည်ရဲ့နောက်ထပ်ထွက်ရှိမယ့်ဇာတ်ကားကြီးတွေကိုရော သွားရောက်ကြည့်ရှု့အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

LEAVE A REPLY

Please enter your comment!
Please enter your name here