ကိုယ့်အိမ်ခြံထဲက အမှတ်မထင်တူးဖော်မိတဲ့ အထူးဆန်းဆုံး ပစ္စည်းများ

0
116

လူတွေဟာ မိမိနေထိုင်ရာ နေရာဒေသကို အမြဲတမ်းရွှေ့ပြောင်းနေကြပြီး ရေကြည်ရာ မြက်နုရာကို လှည့်လည်နေကြတာပါ။ တစ်ချို့ကတော့ ကိုယ့်ရဲ့နေရာဟာ အမြဲတမ်း တည်မြဲမယ်လို့ မှတ်ထင်ပြီး ဥစ္စာပစ္စည်း တွေကို မြုပ်နှံထားတတ်ပေမယ့် သူတို့သေလွန်သွားတဲ့အခါ ဘယ်သူမှ မသိတော့ဘဲ ကျန်ခဲ့တာမျိုး ရှိတတ်ပါတယ်။ ပြောချင်လွန်းလို့အတွက် ဒီတစ်ခါတော့ တစ်ကမ္ဘာလုံးက ပုဂ္ဂိုလ်တွေရဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေထဲက အထူးဆန်းဆုံး တူးဖော်မိတဲ့ အရာများကို စုစည်းတင်ဆက်ပေးပါရစေ။

၁. ၁၉၇၈ ခုနှစ်ရဲ့ ဖေဖော်ဝါရီလ တစ်ရက်မှာ လော့စ်အိန်ဂျလိမြို့မှာ ဆော့ကစားနေတဲ့ ကလေးငယ် နှစ်ဦးဟာ သူတို့တူးဖော်နေတဲ့ မြေထဲကနေ ကားကြီးတစ်စင်းလုံး ထွက်လာတာကို အံ့သြစွာ တွေ့ရှိခဲ့ရပါတယ်။ ကားအမျိုးအစားက Dino 264 GTS Ferrari ကားကောင်းတစ်စီးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အခိုးခံရကြောင်း တိုင်ကြားထားတဲ့ ကားပါ။ ဒါကို သူတို့ရဲ့ အိမ်နောက်ဖက်မြေနေရာမှာ မြုပ်ထားတာကို ကလေးတွေက တွေ့ခဲ့တာဖြစ်တယ်။ အဆိုပါကားဟာ မြေကြီးပေါ် ပြန်ဖော်လိုက်တဲ့အခါ အခြေအနေ ကောင်းမွန်ဆဲ ဖြစ်တာကိုလည်း အံ့သြစရာ တွေ့ရှိခဲ့ကြပါတယ်။

၂. ၂၀၁၁ ခုနှစ်က နယူးအော်လန်မှာရှိတဲ့ ပြင်သစ်ရပ်ကွက်မှာ နေထိုင်သူ ဗင်းဆင့်မာဆယ်လိုဟာ သူ့ခြံထဲမှာ ရေကူးကန်လုပ်ဖို့ ကိုယ်တိုင်တူးဖော်နေခဲ့တယ်။ မထင်မှတ်ပဲ သူတွေ့ရှိခဲ့တာကတော့ ရာစုနှစ်များစွာ ကြာမြင့်နေပြီဖြစ်တဲ့ သင်္ချိုင်းတစ်ခုပါ။ ၁၈ ရာစုလောက်ကလို့ ယူဆရပြီး အခေါင်း ၁၃ ခုနဲ့ အကြွင်းအကျန်တွေပါ တွေ့ရှိခဲ့ရတယ်။

၃. ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးတွေထားရှိရာအဖြစ် အသုံးချခဲ့တဲ့ မြေဧက သောင်းနှစ်ထောင်ကျယ်ဝန်းတဲ့ နေရာရှိပါတယ်။ ၁၉၉၂ ခုနှစ်ကစပြီး ထိုနေရာကို မသိဘဲ တိုးချဲ့လာမိတဲ့ ကျောင်းတွေနဲ့ နေအိမ်တွေဟာ သူတို့မြေထဲကနေ ရော့ကက်နဲ့ ဗုံးတွေ ရာချီပြီး ထွက်လာတာကို ကြုံရပါတော့တယ်။ ဒါတွေကို ရှင်းလင်းဖြစ်ဖို့ ဘတ်ဂျက် ဒေါ်လာဆယ်သန်းထိ အသုံးချခဲ့ပေမယ့်လည်း မြေကြီးအောက်မှာ အန္တရာယ်ကြီးတဲ့အရာတွေ ယနေ့တိုင် ရှိနိုင်နေဆဲပါ။

၎. ၂၀၁၀ ခုနှစ်က ဇူလိုင်လမှာ အိုင်အိုဝါမှာ နေထိုင်တဲ့ မိသားစုတစ်ခုဟာ ရှားရှားပါးပါး ကြုံရခဲတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ သူတို့ခြံထဲမှာ ကမ္ဘာဦးက အမွှေးရှည် မန်မွတ်ဆင်ကြီး တစ်ကောင်ရဲ့ အရိုးကို တွေ့ခဲ့ရတာပါပဲ။ မြို့နေတက္ကသိုလ်တစ်ခုက ဒီအရိုးကို သုတေသနလုပ်ကြည့်တဲ့အခါ နှစ်ပေါင်း သောင်းနှစ်ထောင်လောက် သက်တမ်းရှိပြီလို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။

၅. ကယ်လီဖိုးနီးယားမှ စုံတွဲတစ်ခုကတော့ ၂၀၁၃ ခုနှစ်မှာ ရတနာသိုက်ကို တူးဖော်မိခဲ့ပါတယ်။ သူတို့ရဲ့ မြေကြီးထဲမှာ ရှေးဟောင်းသေတ္တာတစ်ခုကို တွေ့တာနဲ့ ဖွင့်ကြည့်ခဲ့တဲ့အခါ ၁၈၉၀ ပြည့်နှစ်က ထုတ်ထားတဲ့ ရွှေဒင်္ဂါးတွေကို တွေ့ခဲ့တာပါ။ ဒီသေတ္တာကိုတွေ့ခဲ့တဲ့နေရာကို ထပ်ရှာဖွေကြည့်တဲ့အခါတော့ နောက်ထပ် သေတ္တာခုနစ်လုံးကို ရရှိခဲ့ပါတော့တယ်။ စုစုပေါင်း ရွှေဒင်္ဂါး ၁၄၂၇ ပြားကို တွေ့ခဲ့တာကြောင့် လက်ရှိရွှေဈေးနဲ့ တွက်ရင် ဒေါ်လာ ၂၇၉၈၀ ခန့် တန်ဖိုးရှိသော်လည်း ရှေးဟောင်းလက်ရာတွေ ဖြစ်တာကြောင့် ဒေါ်လာ ဆယ်သန်းခန့် တန်ကြေးပေါက်သွားခဲ့တယ်။