ကိုယ့်အပေါ်တကယ်ချစ်တဲ့သူတွေလုပ်လေ့ရှိတဲ့ အပြုအမူများ
၁။ သင့်ဆီက အကြံဥာဏ်တောင်းမယ်
Unicode
ကမ္ဘာလောကကြီးမှာ လူတစ်ဦးနဲ့တစ်ဦးကြား ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးကို ပုံသဏ္ဍာန်အမျိုးမျိုး ၊ အဓိပ္ပါယ်အမျိုး ဖော်ဆောင်ဖွင့်ဆိုပြီး ပြောဆိုခံစားနေကြပါတယ် ။ အာဒံနဲ့ဧဝ ကပဲစစ ဗြဟ္မာကြီးလေးဦးကပဲစစ ဘယ်လို ဒဏ္ဍာရီမျိုးမှာဆို လူတွေဟာ တစ်ယောက်ကိုတစ်ယောက်ချစ်ကြရင် တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ပြီး ဘဝတစ်လျှောက်ရဲ့ အသက်ရှင်ချိန်တွေကို အတူတူ ဖြတ်သန်းကြပါတယ် ။ အခုလို တိုးတက်ပြီးပြောင်းလဲမှုမြန်ဆန်လွန်းလှတဲ့ ခေတ်ကြီးထဲမှာ အတုယောင်တွေ ဟန်ဆောင်မှုတွေကြောင့် ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကိုယ်တကယ်ချစ်ခင်မြတ်နိုးတဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာကျနော်တို့မသိနိုင်တော့ပါဘူး ။ မက်ဆေ့ချ်လေး ပုံမှန်ပို့ပေးနေရုံ ၊ မနက်အိပ်ရာကပုံမှန်နိုးပေးရုံနဲ့ အဲ့ဒီလူဟာ ကိုယ့်အပေါ်တကယ်ချစ်ပြီး ကြင်နာတဲ့သူ မေတ္တာရှိတဲ့သူဆိုတာ ကိုတိုင်းတာလို့မရပါဘူး။ တကယ်တော့ချစ်ခြင်းမေတ္တာကို ဘယ်ပေတံနဲ့ တိုင်းတာလို့မရသလို ဘယ်ကြွယ်ဝမှုနဲ့မှလည်း အဆုံးသတ်လို့မရပါဘူး။ ကိုယ်တိုင်ရော ကိုယ့်ကိုတကယ်ချစ်တယ်လို့ ထင်တားတဲ့သူတွေရဲ့ သစ္စာမဲ့မှုကို ခံရဖူးလား ။ အခုကျနော်တို့ဖော်ပြပေးသွားမယ့် အကြောင်းရာလေးကတော့ လူတစ်ယောက် ကိုယ့်အပေါ်တကယ်ချစ်မချစ်ကို အကြမ်းဖျင်းတိုင်းတာလို့ရတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ် ။
၁။ သင့်ဆီက အကြံဉာဏ်တောင်းမယ်
သင့်ရဲ့ဘေးနားမှာ ရှိနေတဲ့သူက သင့်အပေါ် နစ်မျော ပျော်ဝင်ပြီး ချစ်နေတာလားဆိုပြီး သိသာစေတဲ့ အချက်တစ်ချက်ရှိပါတယ် ။အဲ့ဒါကတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဆုံးဖြတ်တဲ့အချိန်တွေကစပြီး တခြားကိစ္စတွေအဆုံး သင့်ဆီကနေ အကြံဉာဏ်တောင်းပြီး သင့်ရဲ့ အမြင်ကို လိုချင်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ် ။ အဲ့ဒါကို တချို့လူတွေကတော့ ဒီလောက်ဟာလေးတောင် ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်ဘူးလားရယ်လို့ အထင်မြင်လွဲမှားတတ်ပါတယ် ။တကယ်တော့ အဲ့ဒီလိုအထင်မမှားသင့်ပါဘူး ။ သူရဲ့ ကိုယ့်အပေါ်မှာ အလေးနက်ထားမှုကိုဖော်ပြနေတဲ့ အကျင့်တစ်ခုဆိုတာ နားလည်ထားသင့်ပါတယ် ။
၂။ အလိုလိုက်အကြိုက်ဆောင်ပေးခြင်း
ဒိတ်လုပ်ဖို့ တစ်ကြိမ်လောက် စဉ်းစားရမှုတွေဟာ မိန်းကလေးတွေ အပင်ပန်းဆုံးအလုပ်တစ်ခုဖြစ်ပါတယ် ။ ဘယ်သွားမယ် ဘာလုပ်မယ် ဘာစားမယ်ဆိုတဲ့ အခြေခံကျတဲ့ အချက်တွေကို တွေးပြီး ဒိတ်လုပ်တတ်ကြတဲ့ မိန်းကလေးတွေဆိုရင်တော့ ပိုလို့တောင်ဆိုးပါ့ဦးမယ် ။ တကယ်လို့သာ သင့်ရဲ့ဘေးမှာရှိနေတဲ့ သူဟာ သင်နဲ့ ဒိတ်လုပ်ဖို့ တိုင်ပင်နေချိန်မှာ သင်သွားချင် သင်လုပ်ချင်တဲ့အရာတွေကို မှတ်စုတစ်ခုလို မှတ်သားထားပြီး သင့်ကို ပျော်ရွှင်စေတဲ့သူတစ်ယောက်ဆိုရင်လည်း သင့်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ချစ်တဲ့သူတစ်ယောက်ဖြစ်ပါတယ် ။
၃။ တစ်ခုခုမှားယွင်းနေတာကို သတိပြုမိတတ်တဲ့သူ
တကယ်လို့များ ကိုယ့်ဘေးနားမှာရှိနေတဲ့သူတစ်ယောက်ဟာ ကိုယ့်မျက်နှာကို အရိပ်တကြည့်ကြည့် ကြည့်နေတတ်ပြီး ဘာအဆင်မပြေဖြစ်နေလောက်တယ်ဆိုတာကို အမြဲတမ်းသတိထားမိသူတစ်ယောက် ဖြစ်နေပြီဆိုပါစို့ ။ ဒါဟာ သင့်ရဲ့ လွတ်လပ်ခွင့်ကို ချုပ်ခြယ်တာမျိုးမဟုတ်ပါဘူး ။သင့်ရဲ့ပြဿနာတစ်ခုကို သူသိချင်ပြီး သူဖြေရှင်းလို့ရမယ့်နည်းလမ်းကနေ ဖြေရှင်းပေးပြီး ကိုယ့်ကို စိတ်ကျေနပ်မှုအပြည့်အဝပေးချင်တတ်တဲ့လူမျိုးပါ။
၄။ အနီးကပ်ဆုံးနေရမှာ ရှိပေးနေချင်တဲ့သူ
သင်နဲ့ လူချင်းချင်းနီးကပ်နေအောင်လုပ်ဖို့ဆိုတာကတော့ သူ့အတွက် လွယ်ကူပြီး ဖန်တီးယူစရာမလိုတဲ့ အခွင့်ရေးတစ်ခုပါ ။ ဒါပေမယ့်လည်း ညစာ စားပွဲမှာ သင့်ဘေးချင်းကပ်ထိုင်တာမျိုး ၊ ပွဲလမ်းသဘင်တွေမှာသင့်ဘေးမှာ နီးနီးကပ်ကပ်ရပ်နေတာ ၊ ကားပေါ်မှာသင့်ရဲ့ အနီးဆုံးနေရာမှာပဲ ရှိနေတတ်ရင်တော့ ဒါက သင့်ကို ချစ်တဲ့စိတ်တွေဟာ ပါးစပ်ကနေ ဖွင့်ဟပြောနိုင်တာထက်ချစ်နေတယ်ဆိုတာကို သက်သေပြနေတာပဲ ဖြစ်ပါတယ် ။
၅။ အကွာဝေးတစ်ခုကိုဖန်တီးပေးချင်တဲ့သူ
တကယ်ဒီလို အကွာဝေးတစ်ခုကို ဖန်တီးပေးချင်တဲ့သူတစ်ယောက် ဟာ သင့်နံဘေးကချစ်သူဖြစ်နေပြီ ဆိုကြပါစို့ ။ သူ့စိတ်ထဲမှာ သူမဟုတ်တဲ့ သူစိမ်းယောက်ျားလေးတွေနဲ့ သင့်ကို စိတ်ထဲကနေသတ်မှာထားတဲ့အကွာအဝေးတစ်ခုမှာပဲ ရှိစေချင်နေခဲ့ရင် ။ အကွာဝေးဆိုတာက စိတ်ပိုင်းဆိုင် အကွာအဝေးနဲ့ ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးနှစ်ခုလုံးကိုဆိုလိုတာပဲ ဖြစ်ပါတယ် ။တခြားသူတစ်ယောက်ယောက်နဲ့ သူသတ်မှတ်ထားတဲ့ အကွာဝေးကိုကျော်လွန်လာပြီး နီးစပ်လာပြီဆိုရင်တော့ သူကသင့်ကို အဲ့ဒီအကွာဝေးကနေ ဆွဲခေါ်လာပါလိမ့်မယ် ။ အဲ့ဒီအချက်ကြောင့်ပဲ ကမ္ဘာပေါ်ကချစ်သူစုံတွဲတွေတော်တော်များများဟာ လမ်းခွဲခဲ့ကြပါတယ် ။ တကယ်တော့ တစ်ယောက်က ချစ်တာကို ချုပ်ချယ်တယ်အမြင်နဲ့ လမ်းခွဲကြတာဖြစ်ပါတယ် ။