ကိုရီးယားဆယ္လီေတြ ကိုယ္တိုင္ ထုတ္လုပ္ေရာင္းခ်တဲ့ အမိုက္စား Fashion Brand မ်ား

ကမၻာေက်ာ္ နာမည္ ေက်ာ္ၾကားသူေတြဟာ သူတို႔ဘဝေနာင္ေရးအတြက္ စီးပြားေရးတစ္ခုခုကို ကိုယ္ ပိုင္အမွတ္တံဆိပ္ေတြနဲ႔ ထုတ္လုပ္ေရာင္းခ်ၾကေလ့ရိွပါတယ္။ ေဂ်လိုတို႔ ဆယ္လီနာတို႔ရဲ႕ ေရေမႊးထုတ္ၿပီးေရာင္းသလိုမ်ိဳး တျခားေသာ နာမည္ေက်ာ္ေတြကလည္း သူတို႔နည္းသူတို႔ဟန္နဲ႔ ကိုယ္ပိုင္အမွတ္တံဆိပ္ေတြနဲ႔ မတူညီတဲ့ ကုန္ပစၥည္းေတြကို ထုတ္ေရာင္းၾကပါတယ္။က်ေနာ္တို႔ျမန္မာႏိုင္ငံမွာဆိုရင္လည္း နီနီခင္ေဇာ္ ၊ စိုင္းစိုင္းခမ္းလိွဳင္ စတဲ့အႏုပညာရွင္ေတြကလည္း ကိုယ္ပိုင္အမွတ္တံဆိပ္ေတြကို တည္ေဆာက္ေနတာ အားလံုးလည္း သိၾကၿပီးသားျဖစ္မွာပါ ။ အခုက်ေနာ္တို႔ေဖာ္ျပေပးသြားမယ့္ အေၾကာင္းရာေလးကေတာ့ ကိုယ္ပိုင္အမွတ္တံဆိပ္နဲ႔ အသံုးေဆာင္ပစၥည္းေတြ ထုတ္လုပ္ေရာင္းခ်ေနတဲ့ ကိုရီးယား Idol ေတြပဲျဖစ္ပါတယ္။ ဘယ္သူေတြ ဒီစာရင္းမွာပါဝင္ေနလဲ ဆိုတာကိုေတာ့ ေအာက္မွာ ဆက္လက္ ဖတ္႐ႈေပးသြားၾကပါဦး ခင္ဗ်ာ ။

BLANC & ECLARE



Girls’ Generation ဆိုတဲ့ ကိုရီးယား Kpop အဆိုေတာ္အဖြဲ႕ကေတာ့ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုစာေလာက္က အႀကီးအက်ယ္ကို ေအာင္ျမင္ခဲ့တဲ့ အဖြဲ႕တစ္ဖြဲ့႔ပါ။ အဲ့ဒီအဖြဲ႕ထဲက Jessica Jung ကိုေတာ့ အားလံုးသိၾကမယ္ထင္ပါတယ္။ သူက ေပါ့ေပါ့ပါးပါးနဲ႔ ဝတ္ဆင္လို႔ေကာင္းမယ့္ အဝတ္စားေတြကို BLANC & ECLARE အမွတ္တံဆိပ္နဲ႔ ထုတ္လုပ္ေရာင္းခ်ေနတာျဖစ္ပါတယ္။ သူကေတာ့ အဲ့ဒီအမွတ္တံဆိပ္တင္မဟုတ္ဘဲ အဲ့ဒီအမွတ္တံဆိပ္ရဲ႕ Creative Director ရာထူးကိုပါ ခံယူလုပ္ကိုင္ေနသူလည္း ျဖစ္ပါတယ္။

PEACEMINUSONE




ဒီ အမွတ္တံဆိပ္ကေတာ့ ျမန္မာႏိုင္ငံမွာ မသိသူမရိွေလာက္ေအာင္ နာမည္ေက်ာ္ၾကားတဲ့ G-Dragon ရဲ႕ အမွတ္တံဆိပ္ပါ။ သူကေတာ့ တစ္ေယာက္တည္း ဦေဆာင္လုပ္ကိုင္ေနတာမဟုတ္ဘဲ Stylist တစ္ေယာက္ျဖစ္တဲ့ Gee Eun နဲ႔အတူလုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။ သူတံဆိပ္ကေနထုတ္ထားတဲ့ Hoddie တစ္ထည္ရဲ႕ ေစ်းကေတာ့ အေမရိကန္ေဒၚလာ ၃၅၀ ေလာက္ရိွပါတယ္။ သူရဲ႕ အမွတ္တံဆိပ္ေတာ့ လူခ်မ္းသာေတြအတြက္ရည္ရြယ္ၿပီး ထုတ္သလားလို႔ေတာင္ ထင္မိစရာပါပဲ ။

SKULL HONG



ကိုရီးယား Rock ဂီတအဖြဲ႕ တစ္ခုက အဆိုေတာ္ျဖစ္ၿပီး သရုပ္ေဆာင္ပါလုပ္တဲHongki ကေတာ့ က်ေနာ္တို႔ျမန္မာပရိသတ္ေတြ သိပ္ၿပီးေတာ့ ရင္းနီးမယ္ မထင္ပါဘူး ။ အခု SKULL HONG အမွတ္တံဆိပ္ကေတာ့ ငါးႏွစ္သက္တမ္းရိွၿပီပဲ ျဖစ္ပါတယ္။ သူရဲ႕ အဝတ္စားေတြကေတာ့ အမ်ိဳးသား အမ်ိဳးသမီး ႏွစ္မ်ိဳးလံုးအတြက္ ဝတ္ဆင္ရအဆင္ေျပေအာင္ ထုတ္လုပ္ထားတာ ျဖစ္တယ္လို႔ဆိုပါတယ္။ လက္ေရးစာလံုးဒီဇိုင္းေလးေတြနဲ႔ အလွဆင္ထားတဲ့ သူ႔အမွတ္တံဆိပ္ကလည္း ကိုရီးယားမွာေတာ့ လူႀကိဳက္မ်ားတဲ့ Brand တစ္ခုျဖစ္ပါတယ္။

Sugar Please

ၿပီးခဲ့တဲ့ ေဖဖာ္ဝါရီလတုန္းက Apink’s အဖြဲ႕ Namjoo က သူရဲ႕ ေၾကာ္ျငာဗီဒီယိုေလးတစ္ခုကို မီဒီယာေတြကေန တရားဝင္ျပသၿပီး သူရဲ႕ ဖက္ရွင္အမွတ္တံဆိပ္တစ္ခုကို မိတ္ဆက္ေပးခဲ့ပါတယ္။ ခ်စ္သူမ်ားေန႔မွာ သူရဲ႕ အမွတ္တံဆိပ္ကိုေတာ့ စတင္ျဖန္ခ်ိေပးခဲပါတယ္။ အမိ်ဳးသမီးေတြအတြက္ အထူးရည္ရြယ္ပီး ထုတ္လုပ္ထားတဲ့ အမွတ္တံဆိပ္ျဖစ္ပါတယ္။

WE11 DONE

G- Dragon ရဲ႕ အစ္မႀကီးျဖစ္သူ Dami Kwon နဲ႔ Girl Generation အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Jessica Jung တို႔ေပါင္းၿပီး ထုတ္လုပ္ေနတဲ့ အမွတ္တံဆိပ္ပဲျဖစ္ပါတယ္။ ၂၀၁၆ ခုနွစ္ကတည္းက စတင္လုပ္ထုတ္လုပ္ျဖန္႔ခ်ိခဲ့တာျဖစ္တဲ့အတြက္ ဒီ WE11 DONE အမွတ္တံဆိပ္ကေတာ့ သံုးႏွစ္သက္တမ္းကို ေရာက္ရိွခဲ့ၿပီ ျဖစ္ပါတယ္။ သူတို႔ကေတာ့ Limited အေနနဲ႔သာ ထုတ္လုပ္ေရာင္းခ်ေနတာပဲ ျဖစ္ပါတယ္။

Unicode

ကမ္ဘာကျော် နာမည် ကျော်ကြားသူတွေဟာ သူတို့ဘဝနောင်ရေးအတွက် စီးပွားရေးတစ်ခုခုကို ကိုယ် ပိုင်အမှတ်တံဆိပ်တွေနဲ့ ထုတ်လုပ်ရောင်းချကြလေ့ရှိပါတယ်။ ဂျေလိုတို့ ဆယ်လီနာတို့ရဲ့ ရေမွှေးထုတ်ပြီးရောင်းသလိုမျိုး တခြားသော နာမည်ကျော်တွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေနဲ့ မတူညီတဲ့ ကုန်ပစ္စည်းတွေကို ထုတ်ရောင်းကြပါတယ်။ကျနော်တို့မြန်မာနိုင်ငံမှာဆိုရင်လည်း နီနီခင်ဇော် ၊ စိုင်းစိုင်းခမ်းလှိုင် စတဲ့အနုပညာရှင်တွေကလည်း ကိုယ်ပိုင်အမှတ်တံဆိပ်တွေကို တည်ဆောက်နေတာ အားလုံးလည်း သိကြပြီးသားဖြစ်မှာပါ ။ အခုကျနော်တို့ဖော်ပြပေးသွားမယ့် အကြောင်းရာလေးကတော့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အသုံးဆောင်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ ကိုရီးယား Idol တွေပဲဖြစ်ပါတယ်။ ဘယ်သူတွေ ဒီစာရင်းမှာပါဝင်နေလဲ ဆိုတာကိုတော့ အောက်မှာ ဆက်လက် ဖတ်ရှုပေးသွားကြပါဦး ခင်ဗျာ ။

BLANC & ECLARE
Girls’ Generation ဆိုတဲ့ ကိုရီးယား Kpop အဆိုတော်အဖွဲ့ကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာလောက်က အကြီးအကျယ်ကို အောင်မြင်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပါ။ အဲ့ဒီအဖွဲ့ထဲက Jessica Jung ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ သူက ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ဆင်လို့ကောင်းမယ့် အဝတ်စားတွေကို BLANC & ECLARE အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ သူကတော့ အဲ့ဒီအမှတ်တံဆိပ်တင်မဟုတ်ဘဲ အဲ့ဒီအမှတ်တံဆိပ်ရဲ့ Creative Director ရာထူးကိုပါ ခံယူလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

PEACEMINUSONE

ဒီ အမှတ်တံဆိပ်ကတော့ မြန်မာနိုင်ငံမှာ မသိသူမရှိလောက်အောင် နာမည်ကျော်ကြားတဲ့ G-Dragon ရဲ့ အမှတ်တံဆိပ်ပါ။ သူကတော့ တစ်ယောက်တည်း ဦဆောင်လုပ်ကိုင်နေတာမဟုတ်ဘဲ Stylist တစ်ယောက်ဖြစ်တဲ့ Gee Eun နဲ့အတူလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ သူတံဆိပ်ကနေထုတ်ထားတဲ့ Hoddie တစ်ထည်ရဲ့ ဈေးကတော့ အမေရိကန်ဒေါ်လာ ၃၅၀ လောက်ရှိပါတယ်။ သူရဲ့ အမှတ်တံဆိပ်တော့ လူချမ်းသာတွေအတွက်ရည်ရွယ်ပြီး ထုတ်သလားလို့တောင် ထင်မိစရာပါပဲ ။

SKULL HONG

ကိုရီးယား Rock ဂီတအဖွဲ့ တစ်ခုက အဆိုတော်ဖြစ်ပြီး သရုပ်ဆောင်ပါလုပ်တဲHongki ကတော့ ကျနော်တို့မြန်မာပရိသတ်တွေ သိပ်ပြီးတော့ ရင်းနီးမယ် မထင်ပါဘူး ။ အခု SKULL HONG အမှတ်တံဆိပ်ကတော့ ငါးနှစ်သက်တမ်းရှိပြီပဲ ဖြစ်ပါတယ်။ သူရဲ့ အဝတ်စားတွေကတော့ အမျိုးသား အမျိုးသမီး နှစ်မျိုးလုံးအတွက် ဝတ်ဆင်ရအဆင်ပြေအောင် ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရေးစာလုံးဒီဇိုင်းလေးတွေနဲ့ အလှဆင်ထားတဲ့ သူ့အမှတ်တံဆိပ်ကလည်း ကိုရီးယားမှာတော့ လူကြိုက်များတဲ့ Brand တစ်ခုဖြစ်ပါတယ်။

Sugar Please
ပြီးခဲ့တဲ့ ဖေဖာ်ဝါရီလတုန်းက Apink’s အဖွဲ့ Namjoo က သူရဲ့ ကြော်ငြာဗီဒီယိုလေးတစ်ခုကို မီဒီယာတွေကနေ တရားဝင်ပြသပြီး သူရဲ့ ဖက်ရှင်အမှတ်တံဆိပ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ ချစ်သူများနေ့မှာ သူရဲ့ အမှတ်တံဆိပ်ကိုတော့ စတင်ဖြန်ချိပေးခဲပါတယ်။ အမျိုးသမီးတွေအတွက် အထူးရည်ရွယ်ပီး ထုတ်လုပ်ထားတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။

WE11 DONE

G- Dragon ရဲ့ အစ်မကြီးဖြစ်သူ Dami Kwon နဲ့ Girl Generation အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jessica Jung တို့ပေါင်းပြီး ထုတ်လုပ်နေတဲ့ အမှတ်တံဆိပ်ပဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက စတင်လုပ်ထုတ်လုပ်ဖြန့်ချိခဲ့တာဖြစ်တဲ့အတွက် ဒီ WE11 DONE အမှတ်တံဆိပ်ကတော့ သုံးနှစ်သက်တမ်းကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ကတော့ Limited အနေနဲ့သာ ထုတ်လုပ်ရောင်းချနေတာပဲ ဖြစ်ပါတယ်။