ကိုရီးယားလူမျိုးတွေရဲ့ ထူးခြားထိ​ရောက်​တဲ့ အလှအပနည်းလ​မ်း ၇ ခု

0
59

တစ်​နှစ်​ထက်​တစ်​နှစ်​ ​တောင်​ကိုရီးယား ရဲ့ အလှအပ​ရေးရာမှာ အသား​ပေးပြီး တိုးတက်​လာပုံက အားလုံးရဲ့အသိပါ။ K-beauty ဆိုတဲ့ စကားလုံးအသစ်​​တောင်​ ထွက်​လာခဲ့ပြီး ကိုရီးယားအလှပြင်​နည်းလမ်း​တွေဆိုတာ တစ်​မျိုးတစ်​ဘာသာကို ထူးခြားမှုရှိရှိ၊ ထိ​ရောက်​တဲ့ အလှအပနည်းလမ်း​တွေပါပဲ။ ကိုရီးယားရဲ့ ထူးခြားထိ​ရောက်​တဲ့ အလှအပနည်းလ​မ်း ၇ ခု ကို တင်​ဆက်​​ပေးမှာပါ။

ဝိုင်​နီ

ဝိုင်​နီကို ဒီနှစ်​ထဲမှာ အလှကုန်​​တွေမှာ ခပ်​စိပ်​စိပ်​ထည့်​သုံးလာကြပြီး ကျန်းမာ​ရေး အကျိုးများ​စေတာ ​တွေ့ရတယ်​။ အန်​တီ​အောက်​စီးဒန့်​ ကြွယ်​ဝလွန်းတာ​ကြောင့်​ အိုမင်းရင့်​​ရော်​မှုကိုကာကွယ်​​ပေးတယ်​၊ ​ရေဓာတ်​ကိုဖြည့်​​ပေးတယ်​။ ခရင်​မ်​လိမ်း​ဆေး၊ မျက်​နာဖူံး၊ အလှဆီ​​တွေ နဲ့ နှုတ်​ခမ်းနီ​တောင့်​​တွေမှာပါ အသုံးပြုလာကြတယ်​။

ရွှံ့မျက်​နှာဖုံး

ချစ်​စရာ​ကောင်းသွား​စေပြီး ​တော်​​တော်​လည်းထိ​ရောက်​တဲ့ ရွှံမျက်​နှာဖုံးပါ​။ ​လေထုနဲ့ထိ​တွေ့တဲ့အခါ ​အောက်​စီဂျင်​ပူ​ဖောင်း​လေး​တွေထွက်​​ပေါ်လာပြီး ​သွေးလှည့်​ပတ်​မှုအားကို​ကောင်းသွား​စေတာ​ကြောင့်​ အသားအရည်​ကို စို​ပြေလန်းဆန်းပြီး ​ကြည်​ကြည်​​လေးဖြစ်​သွား​စေတယ်​။

အာလူး​လေးရဲ့အလှအာနိသင်

ဒီ​နေ့​ခေတ်​မှာ အာလူး​ကြော်​သိပ်​စားကြတယ်​။ ဆို​တော့ ဆီ​ကြော်​​တွေကို​မေ့လိုက်​ပါ​တော့။ အရည်​​ဖျော်​​သောက်​ပစ်​လိုက်​ပါ။ အာလူး​ရည်​​လေး​ပေါ့။ မျက်​ကွင်းညိုတာ သက်​သာ​စေတယ်​။ အစွန်းအထင်း၊ ​​အမည်းကွက်​​တွေကို သက်​သာ​စေတယ်​။ အသား​လေးဝင်းလက်​ကြည်​လင်​လာ​စေတယ်​။ ကိုရီးယား အလှကုန်​​တွေမှာ ​တော်​​တော်​ထည့်​သုံးလာပါပြီ။

မေးနှစ်​ထပ်​​ဖျောက်​မယ်

ထူးဆန်း​နေ​ပေမယ့်​ ဒါလည်းအ​တော်​လူကြိုက်​များကြပါတယ်​။ ​မေးနှစ်​ထပ်​​ဖျောက်​​ချင်​သူ​တွေအတွက်​​တော့ အသင့်​​တော်​ဆုံး ပါပဲ။ ​မေး​စေ့ကို ​ချော့​မွေ့ပြီး ကျစ်​လစ်​သွားတယ်​။ အ​တော်​ထိ​ရောက်​ပါတယ်​။

ဂေါ်ဖီပန်းပွင့်

ဂေါ်ဖီပန်းပွင့်​ ကို အာဟာရတန်​ဖိုး သိလျက်​သားနဲ့ မကြိုက်​သူ​တွေအတွက်​ စားစရာမလိုဘဲ ကျန်းမာ​ရေးအကျိုး​ကျေးဇူးဖြည့်​တင်းနို​င်​မယ့်​ အလှပြင်​နည်းလမ်းပါပဲ။ အခုချိန်​မှာ ကိုရီးယား ရဲ့အဝယ်​အလိုက်​ဆုံးအလှကုန်​​ထွေထဲ ​ဂေါ်ဖီပန်းပွင့်​က အ​တော်​​ခေတ်​စား​နေပါတယ်​​။ အသားအရည်​ကို အာဟာရပြည့်ပြည့် ​​အားဖြည့်​​ပေးတယ်​။ ဝက်​ခြံအဖုအပိန့်​ကို ​ပျောက်​ကင်း​စေတယ်​။ ​ကော်​လာဂျင်​ဓာတ်​​တွေကိုပါ ပိုထုတ်​လာနို်​င်​​စေတယ်​။

ဘုဇပတ်​ရည်

ဘုဇပတ်​အပင်​က​နေထုတ်​ယူရရှိတဲ့ အဆီအနှစ်​ အရည်​ဖြစ်​ပါတယ်​။ အသားအရည်​အတွက်​အရမ်း​ကောင်းတဲ့ အမို​င်​နိုအက်​ဆစ်​ ၁၇ မျိုး၊ သံဓာတ်​၊ ပရိုတိန်းဓာတ်​၊ အင်​ဇိုင်း​တွေနဲ့ အန်​တီ​အောက်​ဆီ့ဒန့်​၊ အပြင်​ ဗီတာမင်​ဓာတ်​​တွေပါ ပါဝင်​​နေပါတယ်​။ ​ရေကို အစားထိုးပြီး ကိုရီးယား အလှကုန်​ပစ္စည်း​တွေမှာ ထည့်​သွင်းအသုံးပြုလာကြပါတယ်​။

ဆံသားအားဖြည်​ဖို့ မယ်​​ယောနိစ်

ကိုရီးယားမှာ Mayo hair packs ဆိုပြီး ဆံပင်​သားသန်​စွန်းလှပ​စေတဲ့ ဆံပင်​​ပေါင်း​ဆေး​တွေ အ​တော်​များများထုတ်​ကြပယတယ်​။ မယ်​​ယောနိစ်​လို ထပ်​တူအာနိသင်​​တွေပါဝင်​​နေ​ပေမယ့်​ မယ်​​ယောနိစ်​လို​တော့ အနံ့မျိုးမရှိပါဘူး။ ဆံသား​တောက်​ပ​စေတယ်​၊ ဆံပင်​သန်​စွမ်း​စေတယ်​၊ သစ်​ခွနံ့​လေးသင်း​နေ​စေပါတယ်​။

Zaw (H2H)