ကို႐ိုနာမကူးစက္ မျပန႔္ပြားေအာင္ လိုက္နာသင့္တဲ့အဓိကအခ်က္ (၆) ခ်က္

ကမာၻနဲ႔အဝွမ္း ကူးစက္ျပန႔္ပြားေနတဲ့ ကပ္ေရာဂါႀကီး မကူးစက္ေအာင္ အဓိကလိုက္နာလုပ္ေဆာင္သင့္တဲ့အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

1. အိမ္မွာပဲေနပါ
ဒါကေတာ့ အၿမဲတမ္းၾကားေနရတဲ့အခ်က္ျဖစ္သလို social distancing ဟာ ေရာဂါကူးစက္မႈကိုထိန္းခ်ဳပ္ေရးအတြက္ တကယ္လည္း ထိေရာက္အေရးပါတဲ့ အခ်က္ျဖစ္ပါတယ္။ တတ္ႏိုင္သမွ်အိမ္ထဲမွာပဲေနပါ။ အျပင္ကို အေရးေပၚကိစၥေတြက လြဲလို႔လုံးဝမထြက္ပါနဲ႔။
2. မိမိကိုယ္ကို႐ိုးသားပါ
ကိုယ့္ပတ္ဝန္းက်င္မွာ ႏိုင္ငံျခားက ျပန္လာၿပီး ၁၄ ရက္ေစာင့္ၾကည့္မႈမခံယူပဲ ဘာမွမျဖစ္သလို သြားလာေနၾကတာကို သတိျပဳမိမွာပါ။ တကယ္ေတာ့ ကိုယ္က ေရာဂါကူးစက္ႏိုင္ေခ်ရွိတဲ့ ႏိုင္ငံေတြက ျပန္လာၿပီဆိုရင္ ကိုယ့္ကိုယ္ကိုယ္လိမ္ညာမေနပဲ ေဆး႐ုံမွာျဖစ္ေစ အိမ္မွာျဖစ္ေစ ၁၄ ရက္ quarantine လုပ္ျခင္းနဲ႔ ကိုယ့္အသက္ကိုေရာ ကိုယ့္မိသားစု၊ ကိုယ့္ပတ္ဝန္းက်င္က သူေတြရဲ႕အသက္ေတြကိုပါ ဂ႐ုစိုက္ကာကြယ္ေပးရပါမယ္။



3. အစိုးရရဲ႕တရားဝင္ထုတ္ျပန္ေၾကျငာခ်က္ေတြကို ေစာင့္ၾကည့္လိုက္နာပါ
တစ္ခုခုဆိုတာနဲ႔ တရားလြန္ေၾကာက္႐ြံ႕ၿပီး Panic Buying လုပ္တာေတြမျပဳလုပ္ပဲ အစိုးရ ဝန္ႀကီးဌာန page ေတြက ေရာဂါနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ေၾကျငာတာေတြကို ေသခ်ာေစာင့္ၾကည့္တာ လိုက္နာစရာရွိတာလိုက္နာၿပီး ကိုယ့္ကိုယ္ကိုယ္က်န္းမာေအာင္ေနပါ။
4. ေဆး႐ုံသြားဖို႔မေၾကာက္ပါနဲ႔
ကိုယ့္ကိုယ္ကိုယ္ သံသယလူနာျဖစ္ေနၿပီထင္ရင္ ေဆး႐ုံသြားဖို႔မေၾကာက္ပါနဲ႔။ ေစာေစာစီးစီး ေဆး႐ုံကိုသြားျပႏိုင္ေလ အသက္ခ်မ္းသာရာရဖို႔ နီးစပ္ေလပါပဲ။ ကို႐ိုနာကူးစက္ခံရတယ္ဆိုရင္ေတာင္မွ လူူငယ္ဆိုရင္ ကိုယ္ခံအားစနစ္က ေရာဂါပိုးကို တိုက္ထုတ္ႏိုင္ဖို႔အခြင့္အလမ္းမ်ားတဲ့အတြက္ တရားလြန္ေၾကာက္ေနမယ့္အစား ေဆးကုသမႈအျမန္ဆုံးခံယူသင့္ပါတယ္။
5. သတင္းမွားေတြ မျဖန႔္ေဝပါနဲ႔




ဒီအခ်ိန္ဟာ သူသူငွာငွာေၾကာက္ေနၾကတဲ့အခ်ိန္ျဖစ္တာေၾကာင့္ အဲဒီအေၾကာက္တရားကို မီးစာထိုးေပးသလိုျဖစ္ေစတဲ့ သတင္းအမွားေတြကို မျဖန႔္ေဝပါနဲ႔။ သတင္းတစ္ခုကိုေတြ႕ရင္ အဲဒီသတင္းဟာ ယုံၾကည္စိတ္ခ်ရတဲ့ သတင္းရင္းျမစ္(ဥပမာ- က်န္းမာေရးဝန္ႀကီးဌာန ႏွင့္ အျခား အစိုးရ page မ်ား) က ထုတ္ျပန္တာ ဟုတ္မဟုတ္ေသခ်ာဆန္းစစ္ၿပီးမွ ျပန္လည္မွ်ေဝသင့္ပါတယ္။
6. လက္ေဆးပါ
ဟုတ္ပါတယ္။ ဒါကေတာ့ အေရးအႀကီးဆုံး ေ႐ႊအခ်က္လို႔ဆိုရမွာပါ။ လက္ကို ဆပ္ျပာျမႇဳပ္မ်ားမ်ားထြက္ေအာင္ နည္းစနစ္မွန္ကန္စြာ ပြတ္တိုက္ေဆးေၾကာတာမ်ိဳး မၾကာခဏလုပ္သင့္ပါတယ္။ လက္ခဏခဏေဆး႐ုံတင္မကပဲ လက္နဲ႔ေတြ႕ထိတဲ့ဖုန္းလို အီလက္ထေရာနစ္ပစၥည္းေတြကိုလည္း အရက္ျပန္နဲ႔ ပြတ္တိုက္ေပးသင့္ပါတယ္။ ဒါ့အျပင္ တံခါးလက္ကိုင္ေတြ ေသာ့ခေလာက္ေတြ၊ ဓာတ္ေလွကားခလုတ္ေတြ၊စတာေတြကိုလည္း တစ္ရႈးနဲ႔ အုပ္ၿပီးကိုင္တာမ်ိဳးလုပ္သင့္ပါတယ္။

တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ပ်ံ႕ႏွံ႔ေနတဲ့ ကို႐ိုနာကပ္ေရာဂါဆိုးႀကီးကို အသိသတိနဲ႔ ယွဥ္ၿပီး အတူလက္တြဲေက်ာ္ျဖတ္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Unicode



ကမ္ဘာနဲ့အဝှမ်း ကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါကြီး မကူးစက်အောင် အဓိကလိုက်နာလုပ်ဆောင်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

1. အိမ်မှာပဲနေပါ
ဒါကတော့ အမြဲတမ်းကြားနေရတဲ့အချက်ဖြစ်သလို social distancing ဟာ ရောဂါကူးစက်မှုကိုထိန်းချုပ်ရေးအတွက် တကယ်လည်း ထိရောက်အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ တတ်နိုင်သမျှအိမ်ထဲမှာပဲနေပါ။ အပြင်ကို အရေးပေါ်ကိစ္စတွေက လွဲလို့လုံးဝမထွက်ပါနဲ့။
2. မိမိကိုယ်ကိုရိုးသားပါ
ကိုယ့်ပတ်ဝန်းကျင်မှာ နိုင်ငံခြားက ပြန်လာပြီး ၁၄ ရက်စောင့်ကြည့်မှုမခံယူပဲ ဘာမှမဖြစ်သလို သွားလာနေကြတာကို သတိပြုမိမှာပါ။ တကယ်တော့ ကိုယ်က ရောဂါကူးစက်နိုင်ချေရှိတဲ့ နိုင်ငံတွေက ပြန်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်လိမ်ညာမနေပဲ ဆေးရုံမှာဖြစ်စေ အိမ်မှာဖြစ်စေ ၁၄ ရက် quarantine လုပ်ခြင်းနဲ့ ကိုယ့်အသက်ကိုရော ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်က သူတွေရဲ့အသက်တွေကိုပါ ဂရုစိုက်ကာကွယ်ပေးရပါမယ်။
3. အစိုးရရဲ့တရားဝင်ထုတ်ပြန်ကြေငြာချက်တွေကို စောင့်ကြည့်လိုက်နာပါ
တစ်ခုခုဆိုတာနဲ့ တရားလွန်ကြောက်ရွံ့ပြီး Panic Buying လုပ်တာတွေမပြုလုပ်ပဲ အစိုးရ ဝန်ကြီးဌာန page တွေက ရောဂါနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေငြာတာတွေကို သေချာစောင့်ကြည့်တာ လိုက်နာစရာရှိတာလိုက်နာပြီး ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင်နေပါ။
4. ဆေးရုံသွားဖို့မကြောက်ပါနဲ့
ကိုယ့်ကိုယ်ကိုယ် သံသယလူနာဖြစ်နေပြီထင်ရင် ဆေးရုံသွားဖို့မကြောက်ပါနဲ့။ စောစောစီးစီး ဆေးရုံကိုသွားပြနိုင်လေ အသက်ချမ်းသာရာရဖို့ နီးစပ်လေပါပဲ။ ကိုရိုနာကူးစက်ခံရတယ်ဆိုရင်တောင်မှ လူူငယ်ဆိုရင် ကိုယ်ခံအားစနစ်က ရောဂါပိုးကို တိုက်ထုတ်နိုင်ဖို့အခွင့်အလမ်းများတဲ့အတွက် တရားလွန်ကြောက်နေမယ့်အစား ဆေးကုသမှုအမြန်ဆုံးခံယူသင့်ပါတယ်။
5. သတင်းမှားတွေ မဖြန့်ဝေပါနဲ့
ဒီအချိန်ဟာ သူသူငှာငှာကြောက်နေကြတဲ့အချိန်ဖြစ်တာကြောင့် အဲဒီအကြောက်တရားကို မီးစာထိုးပေးသလိုဖြစ်စေတဲ့ သတင်းအမှားတွေကို မဖြန့်ဝေပါနဲ့။ သတင်းတစ်ခုကိုတွေ့ရင် အဲဒီသတင်းဟာ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်(ဥပမာ- ကျန်းမာရေးဝန်ကြီးဌာန နှင့် အခြား အစိုးရ page များ) က ထုတ်ပြန်တာ ဟုတ်မဟုတ်သေချာဆန်းစစ်ပြီးမှ ပြန်လည်မျှဝေသင့်ပါတယ်။
6. လက်ဆေးပါ
ဟုတ်ပါတယ်။ ဒါကတော့ အရေးအကြီးဆုံး ရွှေအချက်လို့ဆိုရမှာပါ။ လက်ကို ဆပ်ပြာမြှုပ်များများထွက်အောင် နည်းစနစ်မှန်ကန်စွာ ပွတ်တိုက်ဆေးကြောတာမျိုး မကြာခဏလုပ်သင့်ပါတယ်။ လက်ခဏခဏဆေးရုံတင်မကပဲ လက်နဲ့တွေ့ထိတဲ့ဖုန်းလို အီလက်ထရောနစ်ပစ္စည်းတွေကိုလည်း အရက်ပြန်နဲ့ ပွတ်တိုက်ပေးသင့်ပါတယ်။ ဒါ့အပြင် တံခါးလက်ကိုင်တွေ သော့ခလောက်တွေ၊ ဓာတ်လှေကားခလုတ်တွေ၊စတာတွေကိုလည်း တစ်ရှုးနဲ့ အုပ်ပြီးကိုင်တာမျိုးလုပ်သင့်ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပျံ့နှံ့နေတဲ့ ကိုရိုနာကပ်ရောဂါဆိုးကြီးကို အသိသတိနဲ့ ယှဉ်ပြီး အတူလက်တွဲကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply