ကုတင်ပေါ်က အခန်းတွေ သရုပ်မဆောင်ချင်တော့ဘူးဆိုတဲ့ Russell

0
56

ယခုနောက်ပိုင်းမှာတော့ မြန်မာ့ရုပ်ရှင်လောကမှာ တက်သစ်စ သရုပ်ဆောင်တွေ နေရာရရှိလာတာကို တွေ့ရပါတယ်။ ဒီလိုနေရာရလာတဲ့ တက်သစ်စ လူငယ်သရုပ်ဆောင်တွေထဲမှာတော့ ပရိသတ်တွေ အားပေးမှု ရရှိလာတဲ့ Russell လည်း ပါပါတယ်။ အင်္ဂလိပ်လိုအပြောအဆိုကောင်းပြီး ပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင် Russell ကတော့ သူ့အနေနဲ့ လက်ရှိမှာတော့ ကုတင်ပေါ်က အခန်းတွေကို ထပ်ပြီးတော့ သရုပ်မဆောင်နိုင်တော့ဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။

Russell ကတော့ MC7 နဲ့ အင်တာဗျူးမှာတော့ “ကျွန်တော်သရုပ်ဆောင်ရမယ်ဆိုရင်တော့ ကုတင်ပေါ်က အခန်းတွေ သရုပ်မဆောင်ချင်တော့ဘူး။ ည ဇာတ်ကားတုန်းကလည်း အဲ့လိုပဲ မျက်နှာဖုံးများဆိုတဲ့ ကားထဲမှာလည်း အဲ့လိုမျိုးပဲ။ အခုပြီးခဲ့တဲ့ နှစ်ကလည်း ကုတင်ပေါ်က ကားတစ်ကားပဲ ကမ်းလှမ်းတယ်။ တော်ကြာ Russell က ကုတင်ပေါ်က မဆင်းတော့ဘူး ဖြစ်မှာဆိုးလို့ အဲ့ဒါကြောင့်မို့ တတိယ ကားကို လက်မခံလိုက်ဘူး။ ကုတင်ပေါ်က ဆင်းချင်ပြီပေါ့။ ကုတင်ပေါ်က မဟုတ်တဲ့ တခြားကာရိုက်တာ တခုခုကို သရုပ်ဆောင်ချင်ပါတယ်”

အကယ်ဒမီပေးပွဲမှာပါဝင်မယ့် Star Award ဆုနဲ့ ပတ်သက်ပြီး “အခုလိုမျိုး နိုင်ငံခြားမှာဆိုရင်လည်း အော်စကာပြီးလို့ရှိရင် တခြားဆုတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အခုလို ဆုတွေ ပေါ်လာတာ ဝမ်းသာပါတယ်။ ပြီးတော့ နိုင်ငံခြားမှာဆိုရင်လည်း ဆုတခုနဲ့ တခုက ရည်ရွယ်ချက်ခြင်း မတူပါဘူး။ ဒါကြောင့် ဒီလိုမျိုးဆုတွေကိုတော့ ကြိုဆိုပါတယ်။ ရုပ်ရှင်ဖက်မှာတင်မဟုတ်ဘူး။ Music ဖက်မှာလည်း ပေါ်လာဖို့ မျှော်လင့်ပါတယ်”

“ဒီနှစ်မှ ပေါ်လာတဲ့အတွက်လည်း နောက်တော့ မကျသေးဘူးလို့ ပြောလို့ရပါတယ်။ ဂုဏ်ယူပါတယ်။ Music ဖက်မှာလည်း Music Award ဆုတွေ ပေါ်စေချင်တယ်။ တဖက်သတ်မဟုတ်တဲ့ ဆုတွေ ဖြစ်စေချင်တယ်။ နိုင်ငံခြားမှာလည်း ဆုတွေ အများကြီးရှိတယ်လေ။ ဒါကြောင့် ဒီမှာလည်း အဲ့လိုမျိုးဆုတွေ ပေါ်လာစေချင်ပါတယ်” ဟုပြောကြားသွား ခဲ့ပါတယ်။