ကိုဏကြီးနဲ့သုသုကို အရမ်းအားကျနေပြီဆိုတဲ့ လူပျိုကြီးစိုင်းစိုင်း

0
55

အင်းလျားလိတ်မှာကျင်းပပြုလုပ်ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့အနုပညာရှင်တွေထဲမှာ တစ်နိုင်ငံလုံးက အယုတ်အလတ်အမြတ်မရွေးချစ်မြတ်နိုးကြတဲ့ စိုင်းစိုင်းလည်းပါဝင်ခဲ့ပါတယ်။ စိုင်းစိုင်းကတော့ ပွဲတက်ရောက်ရုံမျှမကပဲ သတို့သားအရံလည်းလုပ်ပေးခဲ့ပါသေးတယ်။ စိုင်းစိုင်းကမီဒီယာတွေနဲ့အင်တာဗျူးမှာ သတို့သားအရံလုပ်ရတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ ကိုဏကြီးနဲ့သုသုကိုအားကျနေရပြီဆိုတဲ့အကြောင်းတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

စိုင်းစိုင်းက သတို့သားအရံအဖြစ်အရွေးခံရတော့ ရင်ထိတ်သွားရတယ်ဆိုတဲ့အကြောင်းကို “ကျွန်တော်ကတော့ သတို့သားအရံလုပ်နေကြပါပဲ။ ကျွန်တော့်မိတ်ဆွေသူငယ်ချင်းတွေက ကျွန်တော့်ကိုလာလာခေါ်တယ်။ ဒီတစ်ခါကတော့ တကယ့်ကိုဒိန်းဂျားပဲ။ ကိုဏကြီးက အရံလေးတွဲလုပ်မယ်တဲ့ သုံးတွဲကကျတော့ အိမ်ထောင်ရှင်တွေတဲ့။ ဟာ ငါတစ်ယောက်တည်းတော့ အရှက်တော့ကွဲပါပြီဆိုပြီးတော့။ ဒါပေမယ့်လည်းကိုယ့်မိတ်ဆွေကိုယ့်သူငယ်ချင်းတွေဖြစ်တဲ့အတွက် ကျွန်တော်က သတို့သားဘက်နဲ့ရော သတို့သမီးဘက်နဲ့ရော အင်မတန်ရင်းနှီးတာဖြစ်တဲ့အတွက် ကျွန်တော်ဝမ်းသာအားရနဲ့ နှစ်သစ်မှာ မင်္ဂလာပွဲကို မင်္ဂလာရှိစွာနဲ့ လာပြီးကူညီတာပါ”လို့ ရင်ခုန်သံကိုဖွင့်ဟထားပါတယ်။

စိုင်းစိုင်းက မင်္ဂလာပွဲအစီအစဉ်မရှိသေးကြောင်းကို “ကျွန်တော့်မှာတော့ လောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး”လို့ဖြေထားပြီး ဒါရိုက်တာဏကြီးတို့ကိုအရမ်းအားကျနေပြီလို့လည်း “ဟာ အားကျတာပေါ့။အရမ်းလှပပြီးတော့ချစ်စရာကောင်းတဲ့မင်္ဂလာပွဲလေးကိုကျွန်တော်တက်လာတာ သူတို့ကိုအားလည်းအားကျတယ်။ သူတို့အတွက်လည်းကျွန်တော်ဝမ်းသာတယ်။ နောင်နှစ်ပေါင်းများစွာ ကုဋေကုဋာခိုင်မြဲပါစေလို့လည်း ကျွန်တော်ဆုမွန်ကောင်းတောင်းပါတယ်”လို့ ဖြေကြားထားပါတယ်။

စိုင်းစိုင်းက ပိုင်ဖြိုးသုမင်္ဂလာဆောင်မှာလည်းအမှတ်တရစကားပြောပေးခဲ့ပါသေးတယ်။ စိုင်းစိုင်းက ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့စုံတွဲလေးရဲ့လိုက်ဖက်နေမှုကို “ကျွန်တော့်ကိုသူတို့ရဲ့ဇာတ်လမ်းအကြောင်းစပြီးပြောပြတာက သတို့သမီးပါ။ ကိုစိုင်းတဲ့ သုသုဘဲကတဲ့ ဆိုပြီး ဓာတ်ပုံလေးထုတ်ပြတယ်။ ကျွန်တော်အဲဒီဓာတ်ပုံလေးကိုကြည့်လိုက်ရတဲ့အချိန်မှာခံစားလိုက်ရတာက အင်မတန်လိုက်ဖက်တာပဲ။အင်မတန်အတွဲညီတာပဲ။ ကျွန်တော်တို့ရုပ်ရှင်စကားနဲ့ပြောရင်အရမ်းကို chemistry ကိုက်ပါတယ်။ လူကြီးတွေပြောသလိုပြောရရင် နေနဲ့လရွှေနဲ့မြပါပဲ။ လူငယ်တွေပြောသလိုပြောရရင် နံပြားနဲ့ပဲပြုတ်လိုမျိုးအရမ်းကိုလိုက်ဖက်ညီတယ်လို့ကျွန်တော်ခံစားရပါတယ်”လို့ မင်္ဂလာအမှတ်တရဆုတောင်းစကားပြောသွားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စိုင်းစိုင်းကိုချစ်ကြလား။ လူပျိုကြီးစိုင်းစိုင်းကို သုသုတို့လိုမျိုးအမြန်ဘဝလက်တွဲဖော်ရစေချင်နေကြပြီလား။ ဒါမှမဟုတ် ထာဝရလူပျိုကြီးဖြစ်စေချင်ကြလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say