ကိုယ့်ကို အရူးအမူးအားပေးတဲ့ပရိသတ်တွေနဲ့လက်ထပ်ခဲ့တဲ့ ကမ္ဘာကျော်များ

ကိုယ်အားပေးတဲ့ နာမည်ကျော်တစ်ဦးဦးနဲ့ လက်ထပ်ခွင့်ရဖို့ဆိုတာက Fangirl တွေ Fanboy တွေရဲ့မမျှော်လင့်ရဲတဲ့ အိပ်မက်ကြီးပါ။ ဘဝမှာဘယ်တော့မှဖြစ်လာမယ်မထင်တဲ့မျှော်လင့်ချက်တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့် ကိုယ်အရူးအမူးအားပေးရတဲ့ crazy ဖြစ်ရတဲ့အနုပညာရှင်နဲ့လက်ထပ်ခွင့်ရခဲ့တဲ့ ကံကောင်းတဲ့သူတွေက ကမ္ဘာပေါ်မှာတကယ်ရှိခဲ့ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ကိုယ့်ကို အရူးအမူးအားပေးတဲ့ ပရိသတ်တွေနဲ့ပြန်လက်ထပ်ခဲ့ကြတဲ့ အနုပညာရှင်တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Nicolas Cage



Nicolas Cage ဟာဆိုရင် Alice Kim ဆိုတဲ့ ပရိသတ်ကောင်မလေးကို 2004 ခုနှစ် Alice အသက်19 နှစ်အရွယ်မှာတွေ့ခဲ့တာပါ။ ကောင်မလေးက Nicolas ကို အရူးအမူးစွဲလန်းတဲ့ ပရိသတ်ကောင်မလေးဖြစ်ပြီး သူတို့နှစ်ဦးဟာ တွေ့ပြီးသိပ်မကြာခင်မှာပဲချစ်သူတွေဖြစ်သွားပြီးလက်ထပ်လိုက်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ 11 နှစ်ကြာအောင်ပေါင်းသင်းနေထိုင်ခဲ့ကြပြီး Kal-El လို့ အမည်ရတဲ့ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ ဒါပေမယ့်အခုတော့ ကွာရှင်းခဲ့ကြပြီးပါပြီ။ ဘဝမှာ ကိုယ်ကြိုက်တဲ့ မင်းသားနဲ့လက်ထပ်ခွင့်ရတဲ့ Alice ကို အားကျတဲ့ ပရိသတ်ကောင်မလေးတွေအများကြီးရှိနေမှာသေချာပါတယ်။

Elvis Presley




Rock and Roll ဘုရင် Presley ဟာ သူ့ရဲ့ဖျော်ဖြေပွဲတစ်ခုမှာ သူ့ကို တမေ့တမောငေးနေတဲ့ အသက် 14 နှစ်အရွယ်ကောင်မလေးရဲ့ မျက်ဝန်းတွေကြောင့်ရင်ခုန်ခဲ့ရပြီး Priscilla လို့ခေါ်တဲ့ အဲဒီကောင်မလေးကို မိတ်ဆက်ဖို့အခွင့်အရေးပေးခဲ့ပါတယ်တဲ့။အဲဒီနောက်ပိုင်းမှာ သူတို့ဟာ သိပ်ချစ်တဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီး ကောင်မလေး အသက် 21 နှစ်အရွယ်မှာတော့ Las Vegas မှာ လက်ထပ်ခဲ့ကြပါတယ်။ Priscilla ကတော့ ချစ်သူဖြစ်ခဲ့တဲ့ကာလတစ်လျှောက်လုံးနဲ့ အခုလိုလက်ထပ်ခွင့်ရတာတွေအားလုံးဟာ အိပ်မက်ဆန်လွန်းပါတယ်လို့ မီဒီယာတွေနဲ့အင်တာဗျူးမှာရင်ဖွင့်ခဲ့ပါတယ်။

Tobey Maguire



ပရိသတ်တွေရင်ထဲက စပိုက်ဒါမန်း Tobey Maguire ဟာ သူ့ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ လက်ဝတ်ရတနာဒီဇိုင်နာ Jennifer Meyer ကို Seabiscuit ရုပ်ရှင်ရိုက်ရင်းနဲ့စတင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ Jennifer ဟာ သူသိပ်ချစ်တဲ့မင်းသားကို အလုပ်သဘောအရလည်းကူညီခွင့်ရပြီး Tobey ရဲ့အချစ်ကိုလည်းရခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ 2007 မှာလက်ထပ်ခဲ့ကြပြီး ကလေးနှစ်ယောက်ရခဲ့ပါတယ်။

Tom Cruise

Tom Cruise နဲ့ Katie Holmes စုံတွဲလေးကိုတော့ လူတိုင်းသိကြမှာပါ။ ဆွဲဆောင်မှုရှိတဲ့မင်းသမီး Katie Holmes ဟာ သူမရဲ့ဆယ်ကျော်သက်ကာလမှာ Tom Cruise ရဲ့ဓာတ်ပုံတွေကို အခန်းနံရံမှာကပ်ပြီး ရူးသွပ်စွဲလန်းခဲ့တာပါ။ သူမရဲ့ ဆယ်ကျော်သက်အိပ်မက်ဟာ 2005 ခုနှစ်မှာ Tom Cruise နဲ့အလုပ်အတူတူလုပ်ခွင့်ရလာတဲ့အချိန်မှာတော့ အမှန်တကယ်ဖြစ်လာခဲ့တယ်လို့ဆိုရမှာပါ။ သူတို့နှစ်ယောက်ဟာ Hollywood ရဲ့ Powercouple ဖြစ်ခဲ့ပြီးလူတိုင်းကချစ်ပြီးအားကျရတဲ့လိုက်ဖက်လွန်းတဲ့စုံတွဲလေးဖြစ်ခဲ့တယ်ဆိုရင်မမှားပါဘူး။ သူတို့နှစ်ဦးသားဟာ တစ်နှစ်လောက်ချစ်သူဖြစ်ပြီးနောက် 2006 မှာမြန်မြန်ဆန်ဆန်ပဲလက်ထပ်ခဲ့ကြပါတယ်။

Lionel Messi


Messi ကို ပရိသတ်ကောင်မလေးတစ်ယောက်က သူ့ရဲ့ ဘောလုံးပွဲတစ်ခုမှာလက်မှတ်ထိုးပေးဖို့ပြောခဲ့ပါတယ်။အဲဒီအချိန်ကစပြီး Messi က ကောင်မလေးကိုသတိထားမိသွားပြီး နောက်ပိုင်းမှာ လိုတာထက်ပိုတဲ့အခွင့်အရေးတွေပေးလာခဲ့ပြီးနောက် ကောင်မလေးရဲ့နှလုံးသားကိုလက်ခံပေးခဲ့ပြီးအချစ်တွေတုံ့ပြန်လာခဲ့ပါတယ်တဲ့။ ကောင်မလေးရဲ့ နာမည်ကတော့ Antonella Roccuzzo ပါ။ သူတို့နှစ်ဦးဟာ တစ်နှစ်ခန့်ချစ်သူတွေဖြစ်ခဲ့ကြပြီးနောက်မှာ လက်ထပ်ခဲ့ကြပါတယ်။

အခုပြောပြသွားတာတွေကတော့ ကိုယ့်ကိုအရူးအမူးအားပေးတဲ့အမာခံပရိသတ်တွေနဲ့လက်ထပ်ခဲ့ကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးမှာရော ငယ်ငယ်ကတည်းကအရူးအမူးအားပေးရတဲ့ အနုပညာရှင်တွေရှိလား။ သူတို့နဲ့လက်ထပ်ခွင့်ရမယ်ဆိုရင်ရော လက်ထပ်ချင်လား။ပြောခဲ့ကြပါဦး။

Unicode


Nicolas Cage


Elvis Presley


Tobey Maguire


Tom Cruise


Lionel Messi


Leave a Reply