ကုိၾကီးေတြကုိသာခ်စ္သူအျဖစ္ေရြးဖို႔အသင့္ေတာ္ဆံုးလို႔ေျပာလုိက္တဲ့ Jennifer Lopez

မမ Jennifer Lopez ကေတာ့ ေနာက္ျပီလို႔ေျပာရမလားပါပဲ။တစ္ကမၻာလံုးအတိုင္းအတာနဲ႔ပရိသတ္အခိုင္အမာရထားျပီး ေအာင္ျမင္မႈကုိအၾကာၾကီးထိိန္းသိမ္းထားနုိ္္င္တဲ့ Jennifer ဟာ ကမာၻ့ထိပ္တန္း အဆိုေတာ္တစ္ဦးျဖစ္သလို ပါရမီအျပည့္ပါလာတဲ့အနုပညာရွင္တစ္ဦးဆိုရင္လည္းမမွားပါဘူး။ အသက္ငါးဆယ္ရွိျပီျဖစ္တဲ့ Jennifer Lopez က သူ႕ဘဝတစ္ေလွ်ာက္လံုး ရည္းစားေတြထည္လဲတြဲခဲ့ဖူးတဲ့အေတြ႕အၾကံဳေတြအရ ဒိတ္လို႔အေကာင္းဆံုး၊ခ်စ္သူအျဖစ္အေရြးသင့္ဆံုးေယာက္်ားေလးေတြရဲ႕အသက္ကုိ ေျပာျပလိုက္ပါျပီ။

Jennife Lopez ရဲ႕ ကုိယ္ပုိင္သံုးသပ္ခ်က္အရ အသက္ (၃၃) နွစ္ေအာက္ေယာက္်ားေတြဟာ သံုးစားလို႔ကုိမရပါဘူးတဲ့၊ အသက္ (၃၃) နွစ္ေက်ာ္တဲ့ေယာက္်ားေလးေတြကသာခ်စ္သူအျဖစ္အေရြးသင့္ဆံုးလို႔ဆိုုပါတယ္။ အခုလက္ရွိဗန္းစကားအရဆိုရင္ေတာ့ ကုိၾကီးေတြလို႔ေျပာရမွာပါ။ အသက္နွစ္ဆယ္ကိုပါးပါးေလးေက်ာ္တဲ့ေယာက္်ားေလးေတြမဟုတ္ပဲ (၃၃) နွစ္ေက်ာ္ကုိၾကီးေတြပါ။ ကုိၾကီးေတြက ညီမေလးေတြကုိ အသည္းခြဲဖို႔စဥ္းစားမွာမဟုတ္ပဲ ညီမေလးေတြနဲ႔ ဘဝတစ္ခုုကုိသာသာယာယာတည္ေထာင္ဖုိ႔အျမဲေတြးေနမွာျဖစ္သလုိ သူတို႔ဘဝမွာအဖက္ဖက္က တည္ျငိမ္ေနတဲ့ေနရာတစ္ခုကုိေရာက္ေနျပီျဖစ္တာေၾကာင့္ ခ်စ္တဲ့သူကုိတာဝန္ယူျပီး လက္ထပ္ဖို႔လည္းအဆင္သင့္ျဖစ္ေနမွာပါတဲ့။



ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ားဟာ နွစ္ဆယ္ေက်ာ္အရြယ္ေတြမွာ ရႈပ္ေပြခဲ့ျပီးလို႔ အမွားေတြအမွန္ေတြကုိခြဲျခားသိခဲ့ျပီး သံုးဆယ္ေက်ာ္လာျပီဆိုရင္ေတာ့ တည္ျငိမ္ေအးခ်မ္းျပီး ကုိယ္ခ်စ္တဲ့ မိန္းကေလးနဲ႔ဘဝရဲ႕အနွစ္သာရကိုခံစားခ်င္တဲ့အရြယ္ကုိေရာက္ေနျပီလို႔လည္း Jennifer က swipe sessions video series မွာ ေျပာျပထားတာေတြ႕ရပါတယ္။ ဒါေပမယ့္ဒါဟာအမ်ားစုကုိသာေျပာတာျဖစ္ျပီးအသက္နွစ္ဆယ္ေက်ာ္ေယာက္်ားေလးေတြအကုန္လံုးကုိ မ်က္နွာလႊဲခဲပစ္လုပ္လုိက္ရမွာမဟုတ္ဘူးလို႔လည္းဆိုထားပါေသးတယ္။ အခ်ိဳ႕နွစ္ဆယ္ေက်ာ္ေတြဟာလည္း တည္ျငိမ္ေနတာမ်ိဳးေတြရွိတာေၾကာင့္အဓိကက စိတ္ထားပါပဲတဲ့။




ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Jennifer Lopez နဲ႔ အေတြးတူၾကလား။ Jennifer ေျပာသလုိ အသည္းမခြဲမယ့္ကုိၾကီးေတြကုိပဲေရြးတြဲၾကမွာလား။ဒါမွမဟုတ္ ဘယ္အရြယ္ပဲျဖစ္ျဖစ္ကုိယ္ခ်စ္္ဖို႔သာအဓိကလား။ေျပာခဲ့ပါဦး။

Unicode



မမ Jennifer Lopez ကတော့ နောက်ပြီလို့ပြောရမလားပါပဲ။တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပရိသတ်အခိုင်အမာရထားပြီး အောင်မြင်မှုကိုအကြာကြီးထိိန်းသိမ်းထားနို််င်တဲ့ Jennifer ဟာ ကမ္ဘာ့ထိပ်တန်း အဆိုတော်တစ်ဦးဖြစ်သလို ပါရမီအပြည့်ပါလာတဲ့အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ အသက်ငါးဆယ်ရှိပြီဖြစ်တဲ့ Jennifer Lopez က သူ့ဘဝတစ်လျှောက်လုံး ရည်းစားတွေထည်လဲတွဲခဲ့ဖူးတဲ့အတွေ့အကြုံတွေအရ ဒိတ်လို့အကောင်းဆုံး၊ချစ်သူအဖြစ်အရွေးသင့်ဆုံးယောက်ျားလေးတွေရဲ့အသက်ကို ပြောပြလိုက်ပါပြီ။

Jennife Lopez ရဲ့ ကိုယ်ပိုင်သုံးသပ်ချက်အရ အသက် (၃၃) နှစ်အောက်ယောက်ျားတွေဟာ သုံးစားလို့ကိုမရပါဘူးတဲ့၊ အသက် (၃၃) နှစ်ကျော်တဲ့ယောက်ျားလေးတွေကသာချစ်သူအဖြစ်အရွေးသင့်ဆုံးလို့ဆိုုပါတယ်။ အခုလက်ရှိဗန်းစကားအရဆိုရင်တော့ ကိုကြီးတွေလို့ပြောရမှာပါ။ အသက်နှစ်ဆယ်ကိုပါးပါးလေးကျော်တဲ့ယောက်ျားလေးတွေမဟုတ်ပဲ (၃၃) နှစ်ကျော်ကိုကြီးတွေပါ။ ကိုကြီးတွေက ညီမလေးတွေကို အသည်းခွဲဖို့စဉ်းစားမှာမဟုတ်ပဲ ညီမလေးတွေနဲ့ ဘဝတစ်ခုုကိုသာသာယာယာတည်ထောင်ဖို့အမြဲတွေးနေမှာဖြစ်သလို သူတို့ဘဝမှာအဖက်ဖက်က တည်ငြိမ်နေတဲ့နေရာတစ်ခုကိုရောက်နေပြီဖြစ်တာကြောင့် ချစ်တဲ့သူကိုတာဝန်ယူပြီး လက်ထပ်ဖို့လည်းအဆင်သင့်ဖြစ်နေမှာပါတဲ့။

ယောက်ျားလေးတော်တော်များများဟာ နှစ်ဆယ်ကျော်အရွယ်တွေမှာ ရှုပ်ပွေခဲ့ပြီးလို့ အမှားတွေအမှန်တွေကိုခွဲခြားသိခဲ့ပြီး သုံးဆယ်ကျော်လာပြီဆိုရင်တော့ တည်ငြိမ်အေးချမ်းပြီး ကိုယ်ချစ်တဲ့ မိန်းကလေးနဲ့ဘဝရဲ့အနှစ်သာရကိုခံစားချင်တဲ့အရွယ်ကိုရောက်နေပြီလို့လည်း Jennifer က swipe sessions video series မှာ ပြောပြထားတာတွေ့ရပါတယ်။ ဒါပေမယ့်ဒါဟာအများစုကိုသာပြောတာဖြစ်ပြီးအသက်နှစ်ဆယ်ကျော်ယောက်ျားလေးတွေအကုန်လုံးကို မျက်နှာလွှဲခဲပစ်လုပ်လိုက်ရမှာမဟုတ်ဘူးလို့လည်းဆိုထားပါသေးတယ်။ အချို့နှစ်ဆယ်ကျော်တွေဟာလည်း တည်ငြိမ်နေတာမျိုးတွေရှိတာကြောင့်အဓိကက စိတ်ထားပါပဲတဲ့။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Jennifer Lopez နဲ့ အတွေးတူကြလား။ Jennifer ပြောသလို အသည်းမခွဲမယ့်ကိုကြီးတွေကိုပဲရွေးတွဲကြမှာလား။ဒါမှမဟုတ် ဘယ်အရွယ်ပဲဖြစ်ဖြစ်ကိုယ်ချစ််ဖို့သာအဓိကလား။ပြောခဲ့ပါဦး။

Tags: