ကလေးရှိနေတာမဟုတ်ပါဘူးလို့ ဖြေရှင်းလိုက်တဲ့ ရွှေမှုံရတီ

0
70

သိပ်ချစ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံဟာ အခုဆိုရင် လက်ထပ်ပြီးသွားလို့ ဟန်းနီးမွန်းကို Europe တစ်ခွင်တစ်လက်မမှမကျန်အောင် တပျော်တပါးကြီးထွက်ခဲ့ကြပြီး ရန်ကုန်ကိုပြန်ရောက်နေပြီဖြစ်ပါတယ်။အချစ်တွေနဲ့ခြုံလွှမ်းထားတဲ့သူတို့နှစ်ယောက်ကို ရန်ကုန်ကပရိသတ်တွေကလည်း နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်။ ရွှေမှုံကတော့ ထိပ်တန်းမင်းသမီးလို့မပြောရဘူး ရန်ကုန်ပြန်ရောက်တာနဲ့ သတင်းတွေအကုန်လုံး သူကပဲအပိုင်စီးထားလိုက်တော့တာပါပဲ။ မကြာသေးမီက ရွှေမှုံနဲ့ရွှေထူးအတူတူပွဲတက်ခဲ့စဉ်က ရွှေမှုံရဲ့အင်္ကျီက အနည်းငယ်ပွယောင်းပြီး ဗိုက်နေရာမှာဖောင်းနေတာကို ပရိသတ်တွေက ရွှေရွှေဂျူနီယာလေးထွက်လာတော့မှာလားဆိုပြီး ကလေးရှိနေပြီဆိုတဲ့ကောလဟလတွေပျံ့နံှံ့လာတာကို ရွှေမှုံက MC နဲ့ Interview မှာ မဟုတ်ကြောင်းဖြေရှင်းထားပါတယ်။

ရွှေမှုံက ကလေးရနေပြီဆိုပြီး Troll ထားတာတွေကိုတွေ့တော့ရယ်ရကြောင်း “တွေ့တယ်။ အရင်က သူက အင်တာဗျူးတစ်ခုမှာပြောထားတာ ကလေးကိုကလေးမယူခိုင်းပါဘူးဗျာဆိုတာနဲ့ ပြန်ပြန်ပြီး Troll ထားကြတာတွေမြင်တော့ ရယ်ရတယ်”လို့ ပြောထားပြီး ကလေးရှိတာမဟုတ်ကြောင်းကို “အဲဒီအင်္ကျီကဖဲသားဆိုတော့ မီးအရောင်မှာပြောင်ပြီး ဗိုက်ပူသလိုဖြစ်နေတာ အဲဒါကိုဝိုင်း Troll ကြတော့ စိတ်ဓာတ်တောင်ကျသွားတယ်။ ငါအရမ်းဝနေပြီလားဆိုပြီး ဝိတ်ချတာ သုံးလေးငါးရက်ရှိပြီ ဘာမှမစားဘူး ရေပဲသောက်တယ်။ ဗိုက်ကြီးတဲ့ကိစ္စကတော့ ကိုယ်ကဟုတ်မှမဟုတ်တာ စိတ်ထဲကိုမရှိဘူး” လို့ ပြောပြထားပါတယ်။

ရွှေမှုံက ကလေးစိတ်ပျောက်မှကလေးယူချင်တာမို့ ကလေးယူဖို့ဝေးသေးတဲ့အကြောင်းလည်း “ကလေးကတော့လေ သူပြောသလိုပဲ အခုမှကလေးလိုနေရတာဆိုတော့ ဒီတစ်ယောက်ကိုပဲအရင်ဝအောင်ထိန်းဦးမယ်တဲ့။ သဲကလည်းအဲ့လိုပဲ အခုမှကလေးလိုနေရတာဆိုတော့လေ။ ကလေးစိတ်ပျောက်မှကလေးယူတာကောင်းပါတယ်။ မိခင်တစ်ယောက်ဖြစ်ရတာမလွယ်ဘူးလေ။ ကလေးတစ်ယောက်ယူရတာမလွယ်ဘူး။ နောက်မှပဲ လင်မယားနှစ်ယောက်ကလေးယူဖို့ကိစ္စကို တိုင်တိုင်ပင်ပင်လေးလုပ်သွားမှာပါ”လို့ ပြောထားပါတယ်။

ရွှေထူးက တကယ်တမ်းတော့ အရမ်းကိုကလေးလိုချင်နေတာဖြစ်ကြောင်း “သူကတော့ မင်္ဂလာဆောင်ပြီးကတည်းက ကလေးယူမယ်ပဲတောက်လျှောက်ပြောနေတာ။ သူကကလေးအရမ်းလိုချင်တယ်။သဲကတော့ ဒီလိုဒီလိုရှိတယ်၊အလုပ်ကိစ္စလေးတွေရှိတယ်လို့ပြောပြတော့ ပြန်လိမ်မာသွားပြန်ရော။ တအောင့်နေရင်ပြန်ထလာပြန်ရော ကလေးယူမယ်ကလေးယူမယ်နဲ့။ သဲကတော့ လင်မယားနှစ်ယောက်ထဲသိတဲ့ကိစ္စလေးပေါ့နော်။ သူ့ကိုအချိန်အတိုင်းအတာလေးတစ်ခုတော့ပြောထားတယ်။ အချိန်တစ်ခုကြာရင်ယူကြမယ်ပေါ့”လို့ ပြောပြထားပါတယ်။

ရွှေမှုံက အလုပ်တွေကိုဖိဖိစီးစီးပြန်လုပ်တော့မှာဖြစ်ပြီး အရင်က ပျက်ကွက်ခဲ့တာတွေရှိရင်လည်းတောင်းပန်တဲ့အကြောင်း “သဲ အလုပ်တွေကိုကောင်းကောင်းသေသေချာချာတစိုက်မတ်မတ်လေးလုပ်ဖို့ စဉ်းစားထားပါတယ်။ သဲကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားရတဲ့လူတွေကိုလည်းသဲတောင်းပန်တယ်လို့ပြောချင်ပါတယ်။ သဲရှေ့လျှောက်အလုပ်တွေကိုကြိုးကြိုးစားစားနဲ့ ပြန်လုပ်မှာပါ။ သဲကြောင့်နစ်နာသွားရတဲ့သူတွေလည်းရှိတယ်ဆိုတော့ သဲလေးလေးနက်နက်နဲ့တောင်းပန်ပါတယ်။ သဲ တစ်ခါပဲမှားမယ်နှစ်ခါမမှားဘူး။ မထင်မှတ်ထားတဲ့အမှားမျိုးကအစ မဖြစ်ရအောင်သဲဂရုစိုက်ပါမယ်”လို့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရွှေထူးနဲ့ရွှေမှုံကိုချစ်ကြလား။ ရွှေနှစ်ရွှေစုံတွဲရဲ့ ရွှေရွှေဂျူနီယာလေးကိုရောမြင်ချင်နေကြပြီလား။ သူတို့နှစ်ယောက်အတူတွဲပြီးရိုက်ထားတဲ့ရုပ်ရှင်တွေထပ်ထွက်လာရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say