ကျားကျားက ၁၀ စက္ကန့်တောင် အပျောက်မခံဘူးဆိုတဲ့ ရွှေမှုံရတီ

0
102

ရွှေမှုံရတီကတော့ မယူခင်လည်း ချစ်ပြ ယူပြီးတော့လည်း အကဲပိုကာ ခင်ပွန်းသည် ကိုရွှေထူးကို အမွှန်းတွေ တင်နေပါတယ်။ အင်တာဗျူးတွေ ဖြေတိုင်း ရွှေထူးရဲ့ ဂရုစိုက်ချစ်တတ်ပုံကို ရွေးဖြေသလို ရွှေထူးကလည်း ရွှေမှုံဟင်းချက်ကောင်းတယ်ဆိုပြီး အလေးပေး ပြောနေကြပါ။ ချစ်သူရဲ့ ပံ့ပိုးပေးမှုနဲ့ အဆိုတော်လိုင်းဘက်ကို ခဏတဖြုတ် ကူးလာခဲ့တဲ့ ရွှေမှုံက သီချင်းအသစ်တစ်ပုဒ်တောင် ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးမှ ရွှေထူးက ပိုပိုပြီး ဂရုစိုက်လာတဲ့ အကြောင်း ရွှေမှုံက ခုလို ဖြေကြားသွားပါတယ်။“သူကလေ သူ့မိန်းမကို မျက်စိရှေ့ကနေ ၁၀ စက္ကန့်တောင် အပျောက်မခံဘူး။ ကိုယ့်ယောက်ျား ပိုပိုပြီးတော့ ချစ်လာတော့ ဝမ်းသာတာပေါ့။ အရမ်းစိတ်ချမ်းသာတယ်။ ယောက်ျားက မျက်နှာ မညှိုးအောင်ထားလို့။ အရေးအကြောင်းတွေတောင် ထပ်ပေါ်တော့မယ် လူက တအားရယ်လွန်းအားကြီးလို့လေ။

သူကရည်းစားဘဝတုန်းက ကိုယ့်ကို မျက်နှာမညှိုးအောင် ထားတဲ့လူဆိုတော့ အိမ်ထောင်သည်ဖြစ်သွားမှ ပိုချစ်တယ်လို့ ခံစားရတယ်။ သူက အရမ်းလည်း ဂရုစိုက်တယ်။ ပြီးသွားရင် သူ့မိန်းမကို မျက်စိရှေ့ကနေ ၁၀ စက္ကန့်တောင် အပျောက်မခံဘူး။ ယူပြီးတော့မှ ကိုယ့်ယောက်ျား ပိုပိုပြီး ချစ်လာတော့ ဝမ်းသာတာပေါ့လေ။

ညီမက အသက်ကတော့ ငယ်သေးတယ်။ ဒါပေမဲ့ အကောင်းဆုံး အိမ်ထောင်မှု နိုင်နင်းတဲ့ မိန်းမတစ်ယောက် အိမ်ရှင်မတစ်ယောက် ဖြစ်အောင် ကြိုးစားတယ်။ အပျိုလိုတော့ မဟုတ်တော့ဘူးလေ။ နှစ်တွေ အများကြီး စည်းကမ်းလေးတော့ ရှိလာတာပေါ့။ ပြီးသွားရင် ကိုယ့်ရဲ့ ယောက်ျားပေါ်မှာ ရိုသေလေးစားမှု ရှိရမှာပေါ့။ အိမ်ထောင်သည် အမှတ်တရ ဆိုရင်တော့ သူဝလာတယ်။ ကိုယ်ချက်ကျွေးတဲ့ ဟင်းတွေကြောင့် ။ သူကြိုက်တာတွေပဲ ချက်ကျွေးတာ။ သူက အကုန်စားပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ဘဝမှာ ကိုယ်လုပ်ချင်တာ လုပ်နေရရင် စိတ်ချမ်းသာကြောင်း ရွှေမှုံက ခုလို ပြောပြသွားပါတယ်။“ဘဝမှာ ကိုယ်လုပ်ချင်တာကို လုပ်နေရဖို့ အရေးကြီးတယ်။ ဒါက သဲအတွက် စိတ်ချမ်းသာ စရာပဲ။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို မှားမှားမှန်မှန် ခံရဲတဲ့ သတ္တိရှိရမယ်ဆိုတော့ အဲ့လိုမျိုး ခံယူချက်ရှိတဲ့အတွက် သဲလုပ်တာကို သဲပျော်တယ်။ မှားရင်လည်း ခံမယ်။ မှန်ရင်တော့ အကောင်းဆုံးပဲ။ အကောင်းဆုံးဖြစ်အောင် ဘဝကို လျှောက်မယ်။ စန်းတက်တာတွေ ကျတာတွေ သဲမသိဘူး။ အဓိကက သဲအာရုံစူးစိုက်မှုနဲ့ အလုပ်ကြိုးစားမှုပေါ်မူတည်ပြီး စန်းတက်လာတာလို့ သဲကထင်တယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ရွှေမှုံရတီကတော့ သားသား ၊ မီးမီးတွေနဲ့ မိသားစု ဘဝလေး ဖြစ်ဖို့ နှစ်တွေ အများကြီး လိုသေးတယ် ဆိုပြီး ဖြေကြားသွားပါတယ်။