ကြန္ဖူးမင္းသားႀကီး ဂ်က္လီရဲ႕ လူသိနည္းတဲ့ အခ်က္မ်ား

႐ုပ္ရွင္႐ုံေတြ မရွိတဲ့ နယ္ဘက္ေဒသေတြမွာ ႀကီးျပင္းလာခဲ့ၾကတဲ့ လူေတြအတြက္ေတာ့ ဗီဒီယို႐ုံယဥ္ေက်းမႈဟာ တကယ့္ကို အမွတ္တရျဖစ္ေစတဲ့ ယဥ္ေက်းမႈႀကီးပါပဲ ။ အဲ့ဒီအခ်ိန္က တ႐ုပ္ကြန္ဖူးကားေတြကို ေကာင္းေကာင္းၾကည့္ဖူးသူ ဒါမွမဟုတ္VCD ေခတ္ဦးမွာ ေခြငွားဆိုင္ေတြကေန ဇာတ္ကားေတြ ငွားၾကည့္ခဲ့ရတဲ့ သူေတြအတြက္ေတာ့ တ႐ုတ္ကြန္ဖူးကားေတြဟာ မပါမျဖစ္ အမွတ္တရေတြထဲက တစ္ခုပဲ ျဖစ္ပါတယ္။ အဲ့ဒီလို ကေလးဘဝက ႐ူးသြပ္စြာၾကည့္ခဲ့ရတဲ့ တ႐ုတ္ကြန္ဖူူးကားေတြထဲမွာသ႐ုပ္ေဆာင္တဲ့ မင္းသားေတြထဲမွာ ဆိုရင္လည္း ဂ်က္လီက က်ေနာ္တို႔ရဲ႕ မွတ္ဉာဏ္ေတြ အမွတ္တရေတြထဲမွာ မပါမျဖစ္လူတစ္ေယာက္ ျဖစ္ခဲ့ၾကတယ္ဆိုရင္ အားလုံးလည္း သေဘာတူၾကလိမ့္မယ္ထင္ပါတယ္ ။ အခုက်ေနာ္တို႔ ရဲ႕ မိတ္ေဆြေတြကို ေဖာ္ျပေပးသြားမယ့္ အေၾကာင္းကေတာ့ ဂ်က္လီရဲ႕ ဘဝ တစ္စိတ္တစ္ပိုင္းအေၾကာင္းေလးပဲျဖစ္ပါတယ္။

ဂ်က္လီရဲ႕နာမည္အရင္းကေတာ့ လီဂ်န္လီျဖစ္ၿပီး ၁၉၆၃ ခုႏွစ္ ဧၿပီလ၂၆ ရက္ေန႔မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ ေမာင္ႏွမေမြးခ်င္း ၄ ေယာက္ရွိၿပီး မိသားစုထဲမွာ အေထြးဆုံးေပမယ့္ သူ၂ႏွစ္သားအ႐ြယ္မွာပဲ သူ႔ရဲ႕ ဖခင္က ကြယ္လြန္သြားတာပါ ။ ဖခင္ျဖစ္သူကြယ္လြန္သြားၿပီးတဲ့ေနာက္မွာေတာ့ ဂ်က္လီတို႔ တမိသားစုလုံးဟာ ဘဝကို ခက္ခက္ခဲခဲ ႀကိဳးစား႐ုန္းကန္ခဲ့ရပါတယ္။ ဂ်က္လီကေတာ့ ၈ ႏွစ္သားအ႐ြယ္ကတည္းက ဝူရႈးသိုင္းပညာမွာ ထူးခြၽန္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ႐ုပ္ရွင္႐ိုက္ကူးေရး စတင္လုပ္ကိုင္တဲ့အခ်ိန္မွာေတာ့ လီဂ်န္လီဆိုတဲ့ နာမည္ကို ျဖဳတ္ၿပီ ဂ်က္ေလယာဥ္လို႔ အရွိန္ဟုန္ေကာင္းေကာင္းနဲ႔ ေအာင္ျမင္ေအာင္ဆိုၿပီး ဂ်က္လီဆိုတဲ့ နာမည္ကိုခံယူခဲ့ပါတယ္။



ဝူရႈးနဲ႔ပတ္သက္ၿပီး ဆုတံဆိပ္ ၁၅ ခုရယူပိုင္ဆိုင္ခဲ့ဖူးသူျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စုရဲ႕ သမၼတတစ္ဦးျဖစ္တဲ့ ရစ္ခ်က္နစ္ကဆင္က သက္ေတာင္ေစာင့္လုပ္ေပးဖို႔ ကမ္းလွမ္းျခင္းကိုလည္းခံခဲ့ရသူတစ္ဦးျဖစ္ပါတယ္။ ၁၉၈၂ ႐ုပ္ရွင္ဇာတ္ကားနဲ႔ သ႐ုပ္ေဆာင္ေလာကကို စတင္ဝင္ေရာက္ခဲ့ၿပီး ျပည္တြင္းမွာတင္သာမက Hollywood ထိ ေအာင္ျမင္ခဲ့တဲ့သူျဖစ္တယ္ဆိုတာကိုလည္း အမ်ားသိၿပီးသားျဖစ္ပါတယ္။ ၂၀၀၇ ခုႏွစ္မွာက်င္းပျပဳလုပ္ခဲ့တဲ့ ေဟာင္ေကာင္႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲ မွာေတာ့ ဂ်က္လီဟာ အေကာင္းဆုံးအမ်ိဳးသားသ႐ုပ္ေဆာင္ဆုကို ရရွိခဲ့ပါတယ္။ Lethal Weapon 4၊ Romeo Must Die? Kiss of the Dragon၊ The One၊ Unleashed၊ Fearless စတဲ့႐ုပ္ရွင္ေတြဟာ သူရဲ႕ ေအာင္ျမင္တဲ့႐ုပ္ရွင္ကားေတြပဲ ျဖစ္ပါတယ္။ အိမ္ေထာင္ႏွစ္ဆက္က်ခဲ့သူျဖစ္ၿပီး သမီးေလးေယာက္ရဲ႕ ဖခင္တစ္ေယာက္လည္းျဖစ္ပါတယ္။ သူကေတာ့ အေမရိကန္ ၊ တ႐ုတ္ ၊ စကၤာပူစတဲ့ ႏိုင္ငံေတြမွာ ႏိုင္ငံသား အျဖစ္ခံယူထားသူတစ္ဦး ပါ။




Unicode

ရုပ်ရှင်ရုံတွေ မရှိတဲ့ နယ်ဘက်ဒေသတွေမှာ ကြီးပြင်းလာခဲ့ကြတဲ့ လူတွေအတွက်တော့ ဗီဒီယိုရုံယဉ်ကျေးမှုဟာ တကယ့်ကို အမှတ်တရဖြစ်စေတဲ့ ယဉ်ကျေးမှုကြီးပါပဲ ။ အဲ့ဒီအချိန်က တရုပ်ကွန်ဖူးကားတွေကို ကောင်းကောင်းကြည့်ဖူးသူ ဒါမှမဟုတ်VCD ခေတ်ဦးမှာ ခွေငှားဆိုင်တွေကနေ ဇာတ်ကားတွေ ငှားကြည့်ခဲ့ရတဲ့ သူတွေအတွက်တော့ တရုတ်ကွန်ဖူးကားတွေဟာ မပါမဖြစ် အမှတ်တရတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီလို ကလေးဘဝက ရူးသွပ်စွာကြည့်ခဲ့ရတဲ့ တရုတ်ကွန်ဖူူးကားတွေထဲမှာသရုပ်ဆောင်တဲ့ မင်းသားတွေထဲမှာ ဆိုရင်လည်း ဂျက်လီက ကျနော်တို့ရဲ့ မှတ်ဉာဏ်တွေ အမှတ်တရတွေထဲမှာ မပါမဖြစ်လူတစ်ယောက် ဖြစ်ခဲ့ကြတယ်ဆိုရင် အားလုံးလည်း သဘောတူကြလိမ့်မယ်ထင်ပါတယ် ။ အခုကျနော်တို့ ရဲ့ မိတ်ဆွေတွေကို ဖော်ပြပေးသွားမယ့် အကြောင်းကတော့ ဂျက်လီရဲ့ ဘဝ တစ်စိတ်တစ်ပိုင်းအကြောင်းလေးပဲဖြစ်ပါတယ်။



ဂျက်လီရဲ့နာမည်အရင်းကတော့ လီဂျန်လီဖြစ်ပြီး ၁၉၆၃ ခုနှစ် ဧပြီလ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မောင်နှမမွေးချင်း ၄ ယောက်ရှိပြီး မိသားစုထဲမှာ အထွေးဆုံးပေမယ့် သူ၂နှစ်သားအရွယ်မှာပဲ သူ့ရဲ့ ဖခင်က ကွယ်လွန်သွားတာပါ ။ ဖခင်ဖြစ်သူကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ ဂျက်လီတို့ တမိသားစုလုံးဟာ ဘဝကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ ဂျက်လီကတော့ ၈ နှစ်သားအရွယ်ကတည်းက ဝူရှုးသိုင်းပညာမှာ ထူးချွန်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရေး စတင်လုပ်ကိုင်တဲ့အချိန်မှာတော့ လီဂျန်လီဆိုတဲ့ နာမည်ကို ဖြုတ်ပြီ ဂျက်လေယာဉ်လို့ အရှိန်ဟုန်ကောင်းကောင်းနဲ့ အောင်မြင်အောင်ဆိုပြီး ဂျက်လီဆိုတဲ့ နာမည်ကိုခံယူခဲ့ပါတယ်။

ဝူရှုးနဲ့ပတ်သက်ပြီး ဆုတံဆိပ် ၁၅ ခုရယူပိုင်ဆိုင်ခဲ့ဖူးသူဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတစ်ဦးဖြစ်တဲ့ ရစ်ချက်နစ်ကဆင်က သက်တောင်စောင့်လုပ်ပေးဖို့ ကမ်းလှမ်းခြင်းကိုလည်းခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ ၁၉၈၂ ရုပ်ရှင်ဇာတ်ကားနဲ့ သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ခဲ့ပြီး ပြည်တွင်းမှာတင်သာမက Hollywood ထိ အောင်မြင်ခဲ့တဲ့သူဖြစ်တယ်ဆိုတာကိုလည်း အများသိပြီးသားဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲ မှာတော့ ဂျက်လီဟာ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ Lethal Weapon 4၊ Romeo Must Die? Kiss of the Dragon၊ The One၊ Unleashed၊ Fearless စတဲ့ရုပ်ရှင်တွေဟာ သူရဲ့ အောင်မြင်တဲ့ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။ အိမ်ထောင်နှစ်ဆက်ကျခဲ့သူဖြစ်ပြီး သမီးလေးယောက်ရဲ့ ဖခင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူကတော့ အမေရိကန် ၊ တရုတ် ၊ စင်္ကာပူစတဲ့ နိုင်ငံတွေမှာ နိုင်ငံသား အဖြစ်ခံယူထားသူတစ်ဦး ပါ။