သိမ်းငှက်ပါ။ သူ့ရဲ့တောင်ပံအရှည်ဟာ ၇ ပေအထက်ရှိပြီး သူ့ရဲ့အဓိက စားစရာကတော့ ငါးပါ။
၃။ Turkey Saga
၎။ စားကောင်းသောက်ဖွယ်
thymus gland ပါ။
၇။ ရွှေဘယ်မှာလဲ
၁၀။ အဲဒါငှက်ပျောသီးတွေ
Unicode
ကျွန်တော်တို့ အမှန်တရားကို ဖော်ထုတ်ရလောက်အောင် လွဲနေတဲ့ နာမည်များ
အသီးပုံစံဖြစ်နေတဲ့ အရွက်တစ်မျိုး သားပိုက်ကောင်ပုံစံဖြစ်နေတဲ့ ဝက်ဝံ ခူကောင်ပုံစံဖြစ်နေတဲ့ တီကောင် ခင်ဗျား ဘာတွေပြောနေတာလဲ။
နာမည်ပေးမှားတယ်ဆိုတာအတွက် misnomers ဆိုတဲ့ သီးသန့် term တစ်ခုရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဒီနေ့ရှာဖွေကြမယ့်ဟာပါ။
အံ့သြစရာတွေအတွက် အသင့်ပြင်ထားပါနော်။
၁။ ဘယ်ကဘယ်လို ကျွန်တော် Bald (ဂတုံး)ဖြစ်ရတာလဲ
bald eagle (သိမ်းငှက်ဂတုံး) ဟာ ဂတုံးမဟုတ်ပါဘူး။ သူ့ခေါင်းမှာ အမွေးဖြူတွေရှိပါတယ်။ မြောက်အမေရိက က တစ်ခုတည်းသော
သိမ်းငှက်ပါ။ သူ့ရဲ့တောင်ပံအရှည်ဟာ ရ ပေအထက်ရှိပြီး သူ့ရဲ့အဓိက စားစရာကတော့ ငါးပါ။
၂။ ကျွန်တော်က ခင်ဗျားအိမ်နောက်ဖေးကို တကယ်ကို မြန်မြန်တူးပေးနိုင်ပါတယ်
ပရေရီခွေးဆိုတာ ခွေးမဟုတ်ပါဘူး။ ဒါပေမဲ့ မြောက်အမေရိကမှာ တွေ့ရတဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုက်ဖြတ်တတ်တဲ့ သတ္တဝါတစ်မျိုးပါပဲ။ သူတို့ဟာ
အလုပ်ကြိုးစားကြပြီး မိသားစုကို ဦးစားပေးတတ်ကြပါတယ်။ သူတို့ဟာ မြေကျင်းတွေ ဥမင်အနက်ကြီးတွေတူးပြီး အုပ်စုဖွဲ့နေကြပါတယ်။
၃။ Turkey Saga
လွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်မြားစွာက တူရကီတွေဟာ အရှေ့အာဖရိက ကနေ ဥရောပကို ရွှေရောင်ငှက်တွေ တင်ပို့ပါတယ်။ ဥရောပသားတွေရဲ့ စိတ်ထဲမှာ
အိမ်စားကြက်တွေဟာ တူရကီကလာတာပါ။ ဒီတော့ တူရကီကြက် သို့ အတိုအားဖြင့် Turkey(ကြက်ဆင်) ဆိုပီး ခေါ်ကြပါတယ်။
ဥရောမရှာဖွေစွန့်စားသူတွေဟာ မြောက်အမေရိကကို ရှာဖွေတွေ့ရှိတဲ့အခါမှာတော့ သူတို့သိတဲ့ Turkey နဲ့ဆင်တူတဲ့ ငှက်တစ်ကောင်ကို တွေ့ခဲ့ပါတယ်။
ဒီတော့ အဲငှက်ကို အဲနာမည်ပေးလိုက်ကြပါတယ်။ အဲဒါပါပဲဗျာ။
၄။ စားကောင်းသောက်ဖွယ်
sweetbread(ပေါင်မုန့်ချို) ဆိုတာ ချိုလဲမချိုသလို ပေါင်မုန့်နဲ့လည်း ဘာမှမဆိုင်ပါဘူး။ အဲဒါဟာ စားစရာအတွက်အသုံးပြုတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့
thymus gland ပါ။
၅။ ဘယ်ဘာသာစကားနဲ့ဖြစ်ဖြစ် ရေပူချိုးတာဟာ ပြီးပြည့်စုံမှုတစ်ခုပါပဲ
တူရကီရေချိုးခြင်းရဲ့ မူလအစဟာ တူရကီကမဟုတ်ပါဘူး။ ရောမကစတာပါ။ သူတို့ကို thermae လို့ခေါ်စဉ်အချိန် Hellenic-Roman ခေတ်မှာ
ရေချိုးတာဟာ ခေတ်စားလာတာပါ။
၆။ ဒါလာတာနေတယ်ဆိုတာ ဘယ်သူမှ မမြင်ပါဘူး
သခွားသီးဆိုတာ ဟင်းသီးဟင်းရွက်မဟုတ်ပါဘူး။ သူဟာ အပင်ရဲ့ပန်းပွင့်အစိတ်အပိုင်းကနေ လာတာပါ။ သူ့မှာ အစေ့တွေရှိတဲ့အတွက် ရုက္ခဗေဒနည်းအရ
အသီးလို့ ပြောလို့ရပါတယ်။
၇။ ရွှေဘယ်မှာလဲ
Guinea pig (ရွှေဝက်) ဆိုတာ ရွှေကနေဖြစ်လာတာမဟုတ်သလို ဝက်လည်း မဟုတ်ပါဘူး။ သူက ကိုက်ဖြတ်တတ်တဲ့သတ္တဝါတစ်ကောင်ပါ။ လေ့လာမှုတွေအရ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက်က ရွှေဝက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် စတင်မွေးခဲ့တာပါ။
၈။ အိမ်မွေးပေါက်ဖတ်ကောင်
Silkworm (ပိုးချည်ထုတ်ပေးတဲ့အကောင်) လေးတွေဟာ တီကောင်မဟုတ်ပါဘူး။ ပေါက်ဖတ်အဖြစ် တော်တော်များများ သိကြတဲ့ လာဗာကောင်လေးပါ။ သူတို့ဟာ
ပိုးစာပင်လေးတွေကိုပဲ စားကြပါတယ်။ တခြားစိတ်ဝင်စားစရာအချက်လေးတွေကတော့ Silkworm တွေကို အနည်းဆုံး နှစ် ၅၀၀၀ လောက်ကတိုင်း တွေ့ခဲ့တာပါ။
အခုတော့ သူတို့ကို သဘာဝအတိုင်း မတွေ့ရတော့ပါဘူး။
၉။ ကျွန်တော့်ကို နဂါးလို့ ခေါ်ပါ
horned toad (ဦးချိုပါတဲ့ ဖား)ဆိုတာ ဖားတစ်ကောင်မဟုတ်ပါဘူး။ မြောက်အမေရိက ကနေ လာတဲ့ တောက်တဲ့တစ်မျိုးပါ။ အမျိုးကွဲပေါင်း ၁၃ မျိုးရှိပါတယ်။
သူတို့အများစုကတော့ နဂါးပေါက်လေးတွေနဲ့ တူပါတယ်။
၁၀။ အဲဒါငှက်ပျောသီးတွေ
ငှက်ပျောပင်ဟာ အပင်တစ်မျိုး မဟုတ်ပါဘူး။ ပင်စည်မှာ သစ်သားလို တစ်ရှူးမျိုး မပါဝင်တာကြောင့် သစ်ဥသစ်ဖုတစ်မျိုးပါ။
၁၁။ အခုဆို မေမေ့ချစ်သားလေးက ဘယ်သူလဲ
ကိုအာလာဝက်ဝံဆိုတာ ဝက်ဝံမဟုတ်ပါဘူး။ သြစတေးလျနယ်က သားပိုက်ကောင်မျိုးပါ။ ကိုအာလာမိခင်တွေဟာ သူတို့ကလေးတွေအသက် ၆ လသားမတိုင်ခင်ထိ သူတို့ရဲ့
အိတ်လေးတွေထဲမှာ သယ်ထားကြပါတယ်။
၁၂။ မြေပဲထောပတ်နဲ့ ဂျယ်လီဆန်းဒွစ်ဆိုတာ ဘယ်တော့မှ တူလာမှာ မဟုတ်ပါဘူး
မြေပဲ (peanut) ဆိုတာ အခွံမာသီးမဟုတ်ပါဘူး။ အဲဒါဟာ ပဲစေ့တွေလိုမျိုး မြေအောက်ထဲမှာ ကြီးထွားတဲ့ ပဲတောင့်ရှည်မျိုးပါ
၁၃။ တယောကြိုး (catgut) ဆိုတာ ကြောင်နဲ့ဘာမှကို မဆိုင်တာပါ
ကြိုးလုပ်ဖို့သုံးတဲ့ catgut ဟာ ကြောင်ကနေရတာမဟုတ်ပါဘူး။ အမှန်တော့ သိုးတို့ မြင်းတို့အူတွေကနေ ရတာပါ။ တယောတို့ ဂစ်တာတို့ စောင်းတို့အတွက် ဂီတလုပ်ငန်းတွေမှာ
ကျယ်ကျယ်ပြန့်ပြန့် သုံးပါတယ်။
၁၄။ ကျွန်တော့်နားတွေက ချစ်ဖို့ကောင်းနေတာ
jackrabbit ဆိုတာ အိမ်မွေးယုန်မဟုတ်ပါဘူး။ တောယုန်တစ်မျိုးပါ။ သူကအရွယ်ပိုကြီးပြီး နားရွက်အကြီးကြီးတွေရှိပါတယ်။
၁၅။ ဘာအလင်းရောင်မှ မလိုပါဘူး
ပိုးစုန်းကြူး (firefly) ဆိုတာ ယင်ကောင်လုံးဝမဟုတ်ပါဘူး။ အမှောင်ထဲမှာ လင်းနိုင်တဲ့ ပိုးကောင်တစ်မျိုးပါ။ သူတို့ရဲ့ အဖော်ကိုရှာဖို့ ကူညီပေးနိုင်တဲ့ ထူးခြားတဲ့
အလင်းရောင်ပုံစံတစ်ခုနဲ့ ပိုးစုန်းကြူးအမျိုးပေါင်း ၂၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။